By စံတော်ချိန်, Shweproperty.com
Updated at 1 December 2014
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အရှေ့ပိုင်းခရိုင် မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံမြို့သစ်နှင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)သို့ ဖြတ်သန်းသွားလာမှု လွယ်ကူချောမွေ့စေရန် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ငမိုးရိပ်ချောင်းကူး (ရွှေပေါက်ကံတံတား) တည်ဆောက်ခြင်းလုပ်ငန်းများကို ရွှေပေါက်ကံ ၂၂ရပ်ကွက် မြို့ပတ်လမ်းဘက်မှ စတင်ကာဆောင်ရွတ်လျှက်ရှိသည်။
လုပ်ငန်းစတင်
အဆိုပါတံတားဆောက်လုပ်ရန်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန အင်ဂျင်နီယာအဖွဲ့သည် ၂၀၁၄ ခုနှစ် ဧပြီလမှစတင်ပြီး ကြာရှည်တည်တံ့ခိုင်မာသော တံတားဖြစ်ရေးအတွက် မြေသားအခြေအနေ ရေလမ်းကြောင်းအနေအထားများ သတ်မှတ်စံညွှန်းနှင့်အညီ ရွှေပေါက်ကံမြို့သစ်မှ ဒဂုံမြို့သစ်(အရှေ့ပိုင်း)အထိ လမ်းဆက်ကြောင်းများ တိုင်းထွာစစ်ဆေးပြီး ဆောက်လုပ်နေခြင်းဖြစ်သည်။
လူသွားလမ်း
ရွှေပေါက်ကံတံတားသည် အလျား ၂၄၂မီတာရှိပြီး (Steel Box Girder) မီတာ ၄၀.၃ ခန်းအကျယ် ဖြစ်သည်။ ယင်းတံတားအား ၁၅ ဒသမ ၂၄ မီတာ ၄ခန်းတည့်သွင်းလျှက် ၁၄ ဒသမ ၆ မီတာအကျယ် ယာဉ်သွားလမ်း ၄လမ်းနှင့် တံတားတစ်ဖက်တစ်ချက်စီတွင် ၁ဒသမ ၂မီတာအကျယ် လူသွားလမ်းအား လက်ရန်းသံတန်း တပ်ဆင်ထားမည်ဖြစ်သည်။
"သံကူကွန်ကရစ်လောင်း အုတ်မြစ်ချပြီး တံတားပေါ်ကို (Steel Box Girder) သံကူကွန်ကရစ် ကြမ်းခင်းဆောင်ရွက်မှာ ဖြစ်လို့ ယာဉ်အလေးချိန် တန်၆၀ တစ်စီးချင်း ဖြတ်သန်းမောင်းနှင်နိုင်မှာ ဖြစ်တယ်"ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပေါင်းစပ်မည်
ထိုရွှေပေါက်ကံတံတားကို ၂၀၁၅ခုနှစ်အတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်ပြီး ရွှေပေါက်ကံမြို့သစ်ဘက်ခြမ်းတွင် မြို့ပတ်လမ်းမှ ညောင်ရမ်းလမ်းအတိုင်း ဆက်သွယ်ကာ ပုဂံလမ်းမကြီးနှင့် ပေါင်းစပ်မည်ဖြစ်သည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)ဘက်ခြမ်းတွင် တိုးချဲ့(၁)ရပ်ကွက် ကျန်စစ်သားလမ်းမနှင့် ပေါင်းစပ်ကာလမ်းကြောဖွင့် လှစ်ကာ ရွှေပေါက်ကံမြို့သစ်မှ ပြည်သူများ၊ ကျောင်းသား ကျောင်းသူများနှင့် ဒဂုံမြို့သစ် (အရှေ့ပိုင်း)မှ ပြည်သူများ၊ ကျောင်းသား ကျောင်းသူများ အချိန်တိုအတွင်း ဖြတ်သန်းသွားလာနိုင်တော့မည် ဖြစ်သည်။
ထို့ကြောင့် ဆောက်လုပ်ရေးဝန်ကြီး ဆောက်လုပ်ရေးအင်ဂျင်နီယာအဖွဲ့ လုပ်ငန်းဆောင်ရွက်မှု အရှိန်မြှင့်လာသလို ပြည်သူများ၏ ဝမ်းသာပီတီစကားသံများ အပြိုင်ပေါ်ထွက်နေကြောင်း ၂၂ရပ်ကွက် ပြည်သူများထံမှ ကြားသိရသည်။
Ref : စံတော်ချိန်
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties