By Chan Myae, Shweproperty.com
Updated at 23 May 2022
ကိုယ့်ရဲ့ မိသားစု အသိုက်အမြုံအိမ်လေးအမြဲသန့်ရှင်းသပ်ရပ်နေအောင်လုပ်ဖို့က ခက်လှပါတယ်..ရုတ်တရက် အိမ်ကို ဧည့်သည်၊မိတ်ဆွေ လာဖို့ရှိတဲ့အခါ အမြင်တင့်တယ်စေဖို့ နေ့စဥ်ဂရုစိုက်မှ အဆင်ပြေပါလိမ့်မယ်..အဲဒီအခါ အချိန်ရော ငွေရော သက်သာစေမယ့် နည်းလမ်း လေးတွေပြောပြပေးသွားပါမယ်.. ပြတင်းပေါက်မှန်များ အိမ်ကဖန်တွေ၊မှန်တွေကို ပြောင်လက်သွားအောင်လုပ်ဖို့က နည်းနည်းတော့လက်ဝင်ပါတယ်..ရေစိုအဝတ်နဲ့တိုက်လိုက် ဖုန်ပြန်ကပ်လိုက်နဲ့ အချိန်တွေကုန်ပါတယ်..ရှာလကာရည်တစ်ဝက် ရေတစ်ဝက်ရောထည့်ပြီး ဘူးကို သေချာလှုပ်ပါ..ပြီးရင် ပြတင်းပေါက်မျက်နှာပြင်လိုနေရာတွေကို ဖြန်းပြီး သတင်းစာနဲ့ပွတ်တိုက်တဲ့အခါ ချက်ချင်းလင်းလက်သွားတဲ့ ပုံစံသစ်ကို ရရှိပါလိမ့်မယ်.. ရေပိုက်ခေါင်းများ Stainless steel မျက်နှာပြင်ဆိုပေမယ့်အချိန်ကြာလာရင် ညစ်ထေးလာတက်ပါတယ်..သံပရာပါမှာပါတဲ့ ဆစ်ထရစ်အက်စစ်က အဲ့ဒီချေးညော်တွေကို ပျက်ပြယ်သွားစေနိုင်ပါတယ်..သံပရာီးထက်ဝက်ခြမ်းထားတဲ့အပေါ်ဆားဖြူးပြီး ချေးတက်နေတဲ့နေရာတွေကို ပွတ်တိုက်လိုက်ပါ..အံသြဖွယ်ရာရလဒ်ကို တွေ့မြင်ရပါလိမ့်မယ်.. ရေယက်တံ အိမ်မွေးတိရစ္ဆာန်နဲ့ကလေးတွေရှိလို့ကတော့ တစ်အိမ်လုံးကပ်တွယ်နေတဲ့အမွှေးအမျှင်တွေကြောင့် စိတ်ညစ်နေရမယ်ဆိုတာ နားလည်ပါတယ်..ကော်ဇောခင်း၊ပရိဘောဂ၊အိပ်ယာပေါ်တွေက အမွှေးတွေကို ရေယက်တံနဲ့ပွတ်တိုက်ဆွဲယူပြီး ဧည့်သည်ကို အားနာနေစရာမလိုအောင် ဖန်တီးလိုက်ပါ.. မုန့်ဖုတ်ဆော်ဒါ အိမ်မှာဆိုဖာခုံတွေ ရှိလို့ အစွန်းအထင်းတွေ ကွက်သွားခဲ့ရင် စိတ်မပူပါနဲ့..မုန့်ဖုတ်ဆော်ဒါတစ်ထုပ်ဝယ်ပါ..ပေကျံနေတဲ့နေရာကို brush နဲ့ပွတ်ပါ..ခဏနေရင်မုန့်ဖုတ်ဆော်ဒါလေးဖြူးထားလိုက်ပါ..မိနစ် ၂၀ လောက်ထားပြီး ဆော်ဒါမှုန့်လေးတွေ ဖယ်လိုက်တာနဲ့ မတူတဲ့အသွင်သစ်တစ်ခုရပါလိမ့်မယ်.. အိမ်နံရံများ နံရံတွေပေါ်က လက်ရာတွေကလည်း ကိုယ့်အိမ်ကို ရုပ်ဖျက်နေမှန်းသတိမထားတက်ကြပါဘူး..ပေကျံနေတဲ့အိမ်နံရံနား ဘယ်သူကပ်ချင်မလဲ..ပေါင်မုန့်ဖြူဖြူတစ်လုံးဝယ်ပြီးနံရံတွေ၊ဘောင်တွေပေါ်ကအစွန်းအထင်းတွေကိုပွတ်တိုက်လိုက်လို့ရပါတယ်.. ရေခဲသေတ္တာ စီရရီ မထည့်ထားတဲ့ ပစ္စည်းတွေကို သေချာရှင်းလိုက်တဲ့အခါ ရေခဲသေတ္တာထဲ နေရာအရင်လောက်ယူစရာမလိုတာ ကြုံဖူးတယ်မလား..ဒါဆို အပြင်ထုတ်လို့ရတဲ့ တန်းတွေကို ထုတ်ပြီး ဆေးကြောပါ..အတွင်းနံရံတွေကို ဂရုတစိုက် ရေစိုဝတ်နဲ့ ပွတ်တိုက်ပြီး သူ့အကန့်နဲ့သူ category ပြန်ခွဲထားလိုက်ပါ. ရေထွက်ပေါက်များ အိမ်ပတ်လည်လိုက်ကြည့်လိုက်ပါ..ရေထွက်ပေါက်တွေမနည်းမနော ရှိနေတာ တွေ့ရပါလိမ့်မယ်..ဘေစင်၊အိမ်သာ၊ရေချိုးခန်းစတဲ့နေရာတွေက ရေထွက်ပေါက်တွေဟာ ဘက်တီးရီးယား ပိုးမွှားတွေပေါက်ဖွားလေ့ရှိပါတယ်.. ကျန်းမားရေးကို ထိခိုက်နိုင်တာမို့ အဲ့လိုနေရာတွေကို ပုံမှန်သန့်ရှင်းရေးလုပ်ဖို့ မမေ့ပါနဲ့နော်.. ဒီလောက်ဆို အရေးကြီးပြီး လူသတိထားမိမယ့်နေရာတွေလောက်တော့ အသာလေးရှင်းနိုင်မယ်ထင်ပါတယ် လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ အိမ်တွင်းမှာ အသက်ရှူပြဿနာတွေ ကင်းဝေးစေဖို့ ဂက်စ်မီးဖိုသုံးရင် ဘာအန္တရာယ်တွေရှိနိုင်သလဲ အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ အိမ်မှာ မှန်ထားသင့်ဆုံးနေရာ ဘယ်နေရာဖြစ်မလဲ Credit By : Sein Win (Tile World) Posted By : Chan Myae (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties