By Myanmar Builders Guide, Shweproperty.com
Updated at 9 December 2019
မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်ပေါင်း ၁၅ မြို့နယ်တွင် အခြေခံ ပညာဦးစီးဌာနလက်အောက်ရှိ ပညာ ရေးဝန်ထမ်းများအတွက် ဝန်ထမ်းအိမ်ရာအလုံး ၃၀ ကို ၂၀၁၉– ၂၀၂၀ ဘဏ္ဍာနှစ်၏ တိုင်းဒေသကြီး အစိုးရ ငွေလုံးငွေရင်း ရန်ပုံငွေကျပ် သန်း ၁၅၀ဝ ကျော်ဖြင့် ဆောင်ရွက်ပေး မည်ဖြစ်ကြောင်းမကွေးတိုင်းဒေသကြီး အခြေခံပညာဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးဝင်းရွှေထံမှ သိရ သည်။
၂၀၁၈ ခုနှစ် (ဧပြီလမှ စက်တင် ဘာလ) အထိ ဒုတိယဘတ်ဂျက် ကာလတွင် ပညာရေးဝန်ထမ်း အိမ် ရာ ငါးလုံးအား ငွေလုံး ငွေရင်းရန်ပုံငွေကျပ်၃၈ ဒသမ ၄၁၂ သန်းဖြင့် ဆောက်လုပ်ပေးခဲ့ကြောင်း သိရသည်။
"မကွေးတိုင်းအတွင်း ပညာရေး ဝန်ထမ်းအိမ်ရာ အလုံး ၃၀ ကို ၂၀၁၉–၂၀၂၀ ဘဏ္ဍာနှစ်အတွင်း တည်ဆောက်ပေးသွားမှာ ဖြစ်ပါ တယ်။
အခုလိုဆောက်လုပ်ပေးရတာ ကတော့ ပညာရေးဝန်ထမ်းတွေဖြစ် တဲ့ ဆရာ ဆရာမတွေဟာ မိမိတို့ တာဝန်ကျရာဒေသမှာ နေထိုင်စရာအခက်အခဲကြုံတွေ့နေရတာကို ဖြေရှင်းပေးတဲ့အနေနဲ့ ဆောင်ရွက်ပေးတာဖြစ်ပါတယ်။
အခုတည် ဆောက် ပေးမယ့် ဝန်ထမ်းအိမ်ရာအလုံး ၃၀အတွက် ငွေလုံးငွေရင်း ရန်ပုံငွေကျပ် သန်း ၁၅၄၆ ဒသမ ၂၉၀ နဲ့ အခုဘဏ္ဍာ နှစ်အတွင်းအပြီး တည်ဆောက်သွား မှာဖြစ်ပါတယ်" ဟု လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းရွှေက ပြောသည်။
ပညာရေးဝန်ထမ်းအိမ်ရာများ ကိုတောင်တွင်းကြီးမြို့တွင် တစ်လုံး၊ နတ်မောက်မြို့နယ်၌ တစ်လုံး၊ စလင်း မြို့နယ်တွင်တစ်လုံး၊ စေတုတ္တရာမြို့နယ် ၌ တစ်လုံး၊ငဖဲမြို့နယ်တွင် ငါးလုံး၊ အောင်လံမြို့နယ်၌ တစ်လုံး၊ မင်းတုန်း မြို့နယ်တွင် ငါးလုံး၊ မင်းလှမြို့နယ်၌ တစ်လုံး၊ ဆင်ပေါင်ဝဲမြို့နယ်တွင်တစ် လုံး၊ ပခုက္ကူမြို့နယ်တွင်သုံးလုံး၊ ရေစ ကြိုမြို့နယ်၌ တစ်လုံး၊ ပေါက်မြို့နယ် တွင် တစ်လုံး၊ ဆိပ်ဖြူမြို့နယ်၌ တစ်လုံး၊ ဂန့်ဂေါ မြို့နယ်တွင် လေးလုံး၊ ဆောမြို့ နယ်၌ နှစ်လုံး စုစုပေါင်းဝန်ထမ်းအိမ်ရာ အလုံး ၃၀ ဆောက်လုပ်မည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး အခြေခံပညာ ဦးစီးဌာနမှ သိရသည်။
"ငဖဲမြို့နယ်ဟာ မင်းဘူးခရိုင် အတွင်းရှိ ရခိုင်ရိုးမတောင်ခြေမြို့နယ် တစ်ခုဖြစ်ပါတယ်။ လမ်းပန်းဆက် သွယ်ရေးခက်ခဲတဲ့ ကျေးရွာလေးတွေ မှာတာဝန်ထမ်းဆောင်နေရတဲ့ ဆရာ ဆရာမတွေဟာ ကျေးရွာတွေမှာ နေ ထိုင်ရတာအခက်အခဲတွေ အများကြီး ရှိပါတယ်။
လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ကျေးရွာတွေမှာ ဝန်ထမ်း အိမ်ရာလေးတွေရှိသင့်ပါတယ်။ ဒါမှ လည်း အဆင်ပြေကြမှာဖြစ်ပါတယ်" ဟု ငဖဲမြို့နယ်ချောင်း ဖြူကျေးရွာနေ ဦးလှငွေက ပြောသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties