အိမ်ဆိုတာလူတိုင်းအတွက်မရှိမဖြစ်အရာလိုပါပဲ ဘာကြောင့်လဲဆိုတော့  သင့်မိသားစုတွေချစ်ရသူတွေနဲ့ အတူတကွနေထိုင်ပြီး အနားယူအိပ်စက်ရတဲ့နေရာမို့ပါ။ အဲ့လိုနေရာဟာသင့်ကျန်းမာရေးအတွက် ဆိုးကျိုးတွေဖြစ်နေစေတယ်ဆိုရင်တော့ ယုံကြည်နိုင်ပါ့မလား။ ဟုတ်ပါတယ် သင့်အိမ်ထဲမှာသင့်ကျန်းမာရေးအတွက် ထိခိုက်စေနိုင်တဲ့အရာတွေရှိနေတာမို့ဘယ်လိုအရာတွေလဲဆိုတာ ဖတ်ကြည့်ပြီး ပြုပြင်ပြောင်းလဲလိုက်ပါ။
 
(၁) အသင့်စားသုံးလို့ရတဲ့အရာတွေအချိုတွေနဲ့ပြည့်နေတဲ့အစားအသောက်ဘီဒို
 
အချိုအရသာဟာစိတ်ကိုပျော်ရွှင်စေနိုင်တဲ့အရာဖြစ်တယ်လို့ အစားအသောက်ပညာရှင်တွေကပြောကြပါတယ်။ ဒေါသဖြစ်တဲ့အခါစိတ်မကြည်လင်တဲ့အခါအချိုစားပေးဖို့သင့်တော်တယ်လို့လဲ ပြောကြပါတယ်။ ဒါပေမယ့်လဲ တန်ဆေးလွန်ဘေးဆိုတဲ့အတိုင်းပါပဲ အလွန်တရာစားသောက်တဲ့အခါ ဆီးချိုသွေးချိုတွေအပြင် အဝလွန်လာမယ်။ အသင့်စားအစားအစာတွေက ကျန်းမာရေးအတွက်မသင့်တော့်ဘူးဆိုတာကတော့ထပ်ပြောဖို့ တောင်လိုမယ်မထင်ပါဘူး။ အဲ့ဒါကြောင့်သင့်ရဲ့အိမ်ကအစားအသောက်ဘီဒိုထဲက အရာတွေကိုပြန်စမ်းစစ်ပြီး ဒီလိုအရာတွေကိုဖယ်သင့်သလောက်ဖယ်ရှားလိုက်ပါ။
 
(၂) သင့်အိပ်ယာအနားကမီးအလင်းရောင်
 
သင့်အိပ်ယာနားကမီးအလင်းရောင်နဲ့ သင်ရဲ့အိပ်စက်ခြင်းကတိုက်ရိုက်စက်နွယ်နေတယ်ပါတယ်။ ုဒါ့အပြင်နော်ကထပ်လေ့လာတွေံရှိချက်ကတော့ အမှောင်ထဲမှာအိပ်စက်တဲ့ သူတွေဟာမီးအလင်းရောင်ထဲမှာအိပ်တဲ့သူတွေထက် ဝနိုင်ချေ(၂၁) ရာခိုင်နှုန်းနည်းပါးပါတယ်တဲ့။ အဲ့ဒါကြောင့် အိပ်စက်ရင်းနဲ့ဝိတ်ကျရအောင်လို့ မီးအလင်းရောကိုလျှော့ချပြီး သင့်ရဲ့ weight loss goal ကိုလုပ်ဆောင်လိုက်ပါ။
 
(၃) သင့်အိပ်ယာထဲကလျှပ်စစ်အသုံးအဆောင်ပစ္စည်းတွေ
 
ဒီအကြောင်းအရာကလဲ တော်တော်များများသိပြီးကြပေမယ့် လိုက်နာဖို့ခက်ခဲတဲ့အရာပါပဲ အိပ်ယာထဲမှာ ဒါမှမဟုတ် အနီးအနားမှာလျှပ်စစ်အသုံးအဆောင်ပစ္စည်းတွေထားရှိမယ်ဆိုရင် ကလေးငယ်တွေမှာကောင်းမွန်တဲ့အိပ်စက်အနားယူခြင်းကို အနှောင့်အယှက်ဖြစ်စေနိုင်ပြီး အဝလွန်ခြင်းကိုလဲ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်သင့်ရဲ့ဖုန်းတွေ iPad တွေကိုအိပ်ယာနဲ့အဝေးဆုံးမှာထားလိုက်ပါ။
 
(၄) သင်ရွေးချယ်ထားတဲ့ပန်းကန်ခွက်ယောက်တွေရဲ့အရွယ်အစားနဲ့အရောင်
 
နေ့စဉ်စားသုံးရမယ့်ပန်းကန်ကို လိုအပ်တာထပ်ကြီးမားတာကိုရွေးချယ်ထားမိမယ် ဆိုရင်တော့နေ့စဉ်နေ့တိုင်း ခန္တာကိုယ်အတွက်လိုအပ်တဲ့ပမာဏထက်ကျော်လွန်ပြီး စားသောက်မိနေပါလိမ့်မယ်။ အဲ့လိုစားသောက်မိတဲ့အခါ နေ့စဉ်ပိုလျှံနေတဲ့အစားအသာက်ကို ရရှိနေ့တဲ့သင့်ရဲ့အစာအိမ်အတွက် ဆိုးကျိုးတွေဖြစ်လာနိုင်ပါတယ်။ ဒါအပြင် အရောင်ရွေးချယ်တဲ့အခါမှာလဲ အဖြူရောင်ဒါမှမဟုတ် ဖန်ပန်းကန်လိုအကြည်လေးတွေက အသင့်တော်ဆုံးပါပဲ။
 

(၅) ရေခဲသတ္တာထဲမှာပျောက်ဆုံးနေတဲ့သစ်သီးတွေ
 
အသီးအနှံတော်တော်များများဟာလတ်လတ်ဆတ်ဆတ်စားသုံးရင် အသင့်တော်ဆုံးမို့ရေခဲသေတ္တာထဲမှာ ပုန်းအောင်းမနေ သင့်ပါဘူး။ သင်နဲ့လက်လှမ်းမှီပြီး မျက်စိအောက်မှာအသင့်ရှိနေမယ့်နေရာမျိုးမှာ ထားပေးမယ်ဆိုရင် မကြာခဏစားသုံးဖြစ်ပြီး ကျန်းမာရေးအတွက်လဲ ကောင်းမွန်စေမှာပါ။
 
(၆) မမျှတတဲ့အခန်းတွင်းအပူချိန်
 
အရမ်းအေးလွန်းတဲ့အခါပဲဖြစ်ဖြစ်အရမ်းပူနေတဲ့အခါပဲဖြစ်ဖြစ် သင့်ရဲ့နေထိုင်မှုကိုအနှောင့်အယှက် ဖြစ်စေပါတယ်။ Aircorn အပူချိန်ကိုအရမ်းအေးအောင်ထားတာမျိုး Heater ကိုအချိန်ပြည့်ဖွင့်ထားတာမျိုးကြောင့် ဝမ်းဗိုက်မှာအဆီစုတာတွေဖြစ်တတ်ပါတယ်တဲ့။
 
(၇) မနက်မိုးလင်းအချိန်အခါမှာအလင်းရောင်ကောင်းမွန်စွာမရရှိခြင်း
 
လေ့လာတွေ့ရှိချက်တွေအရတော့ မနက်မိုးလင်းချိန်မှာ မှိန်ပြပြအလင်းရောင်နဲ့နိုးထတဲ့သူတွေဟာ အာရုံစူးစိုက်နိုင်မှုအားနည်းတတ်ပါတယ်တဲ့။ အဲ့ဒါကြောင့်နံနက်ခင်းနိုးထချိန်မှာ လျှပ်စစ်အလင်းရောင်လဲမဟုတ်ဘဲ သဘာဝအလင်းရောင်ရရှိအောင်ပြုလုပ်ထားမယ်ဆိုရင်တော့ သင့်အတွက်ကောင်းကျိုးတွေရလာမှာပါ။
 
(၈) သင့်အိမ်ထဲကများပြားလှတဲ့ တီဗွီများ
 
တစ်ခုထက်ပိုတဲ့တီဗွီကိုသင့်အိမ်ထဲမှာထားရှိမယ်ဆိုရင် သင့်ရဲ့ကိုယ့်အလေးချိန်မြင့်တက်နိုင်ဖို့ အခွင်းအလန်းတွေ အများအပြားရှိသွားပါလိမ့်မယ်။ အကယ်လို့အိမ်ရဲ့မီးဖိုခန်းထဲမှာ တီဗွီတပ်ဆင်ထားမယ် ဒါမှမဟုတ် သင့်အိပ်ခန်းထဲမှာတပ်ဆင်ထားမယ်ဆိုရင် ဖြုတ်ချလိုက်ဖို့အကြံပေးပါရစေ။ သင်အရမ်းကြိုက်နှစ်သက်တဲ့ တီဗွီရှိုးနဲ့သတင်းတွေကလဲရင် တခြားအရာတွေမကြည့်ဖို့နဲ့ တီဗွီရှေ့မှာတစ်ချိန်လုံး အချိန်မဖြုန်းဖို့သင့်ကိုယ်တိုင်သတိပြုပါ။
 
လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ
  
အိမ်မှာရှိတဲ့အိမ်သုံး ပစ္စည်းတွေနဲ့ ခြင်တစ်ကောင်မှ မရှိတော့တဲ့အထိ သဘာဝအတိုင်း ခြင်တွေကို ဖယ်ရှားနိုင်မည့် နည်းလမ်းကောင်းများ
 
အိမ်တွေမှာ အသုံးများတဲ့ ဒယ်အိုးနီရဲ့ မာယာ အန္တရာယ်အကြောင်း
 
သင့်အိမ်မှာ ကြမ်းပိုးတွေ သောင်းကျန်းနေပြီလား
 
Credit By: Aunt May
Posted By : Sint Sint (ShweProperty.com)