By The Kumudra, Shweproperty.com
Updated at 30 July 2015
မြန်မာနိုင်ငံရဲ. အိမ်ခြံမြေဈေးကွက်က အကြောင်းအမျိုးမျိုးကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာနဲ. ဈေးကွက်အေးနေတာက ပြန်သွက်လာဖို.ဆို သည်နှစ်ရွေးကောက်ပွဲ အလွန်ကိုပဲ စောင့်ကြည့်ရမယ်လို. အိမ်ခြံမြေအကျိုးဆောင် တချို.ဆီက သိရတယ်။
မဏ္ဏိုင်အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းရဲ. အမ်ဒီ ဦးသန်းဦးက ‘အိမ်ခြံမြေဈေးကွက်အေးတာ၊ သွက်တာက အကြောင်းကြောင်းတွေ အများကြီးရှိပါတယ်။ ဘယ်အချိန် ပြန်သွက်မလဲဆို ၂၀၁၅ရွေးကောက်ပွဲ အလွန်ကျမှပဲ စောင့်ကြည့်ရမယ်၊ အကြမ်းဖျင်းခန်.မှန်းရင် ဒီတစ်ထစ်ပြီးရင် ဘာဖြစ်မလဲဆိုတာက အဲဒီတစ်ထစ်ရဲ. ရှေ.မှာ ချောက်ရှိရင် ချောက်ထဲကျမှာ၊ ဒါပေမဲ့ အနေအထားက ကောင်းတဲ့ အခြေအနေမျိုး ဖြစ်ရင်တော့ အပေါ်ရောက်သွားမှာပါ’ လို.ပြောပါတယ်။
မြန်မာနိုင်ငံရဲ. အိမ်ခြံမြေဈေးကွက်က မြန်မာနိုင်ငံရဲ. စီးပွားရေးအပေါ် မှီနေသလို စီးပွားရေးကလည်း မြန်မာနိုင်ငံရဲ. နိုင်ငံရေးအပေါ် မှီနေတယ်လို. သိရတယ်။
မြန်မာနိုင်ငံရဲ. အိမ်ခြံမြေဈေးကွက်က တစ်နိုင်ငံလုံး အနေအထားအရ အေးနေတယ်ဆိုပေမဲ့ နေရာကွက်ပြီး အရောင်းအဝယ်ဖြစ်နေတာမျိုး ရှိတယ်လို. ဦးသန်းဦးက ပြောပါတယ်။ စီမံကိန်းရှိတယ်ဆိုရင် ရှိတဲ့ နေရာမှာ ဈေးကွက်လှုပ်သွားတာမျိုးရှိတယ်။ အမေရိကန်ဒေါ်လာဈေးလှုပ်လှုပ်ခတ်ခတ်ဖြစ်တဲ့ အချိန်မှာ ရွှေဈေးပါလှုပ်ခဲ့တယ်။ အိမ်ခြံမြေဈေးကလည်း အထိုက်အလျောက်လှုပ်ခဲ့တာမျိုးရှိပါတယ်။
မြန်မာနိုင်ငံ အိမ်ခြံမြေအသင်း(ဗဟို)ရဲ. အထွေထွေ အတွင်းရေးမှူး ဒေါ်မို.မို.အောင်က ‘အရောင်းအဝယ်လုပ်သူ၊ စီးပွားရေးလုပ်တဲ့သူကတော့ တည်ငြိမ်မှပဲ ရင်းနှီးမြှုပ်နှံကြတာ၊ မတည်ငြိမ်သေးဘူး၊ လှုပ်လှုပ်ခတ်ခတ်ဖြစ်နေတယ်ဆိုရင် ရင်းနှီးမြှုပ်နှံဖို. စဉ်းစားမှာပဲ၊ ဒီအချိန်ကတော့ ကိုယ်ပိုင်နေတဲ့သူတွေ ဝယ်တာများတယ်၊ ဈေးကလဲ reasonable price ဖြစ်ပါတယ် လို. ပြောပါတယ်။
လက်ရှိမှာ အိမ်ခြံမြေဈေးကွက် အရောင်းအဝယ်အေးနေတာနဲ. ပတ်သက်ပြီး လေးလပိုင်း သင်္ကြန်ကာလခံခဲ့တာ၊ အခွန်ကိစ္စက အရောင်းအဝယ်လောကကို ထဲလဲဝင်ဝင်စွက်ဖက်လာတာ၊ မိုးတွင်းကာလ အရောင်းအဝယ်အေးတာ၊ ၂၀၁၅ရွေးကောက်ပွဲရလဒ်ကိုစောင့်ကြည့်နေကြတာစတဲ့ အကြောင်းရင်းတွေကြောင့် ဖြစ်တယ်လို. အိမ်ခြံမြေအကျိုးဆောင်တချို.ဆီက သိရတယ်။
Ref : The Kumudra
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties