By Eleven Media Group, Shweproperty.com
Updated at 30 July 2018
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနအသီးသီးမှ ဝန်ထမ်းများအတွက် လာမည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာ နှစ်တွင် ဝန်ထမ်းအိမ်ရာပေါင်း ၈၃၀ ကျော် ထပ်မံဆောက်လုပ်မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သိရသည်။
လာမည့်ဘဏ္ဍာနှစ်တွင် ဆက်လက်ဆောင်ရွက်မည့် ဝန်ထမ်းအိမ်ရာများအနက် ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာန၊ ဆေးရုံဝန်ထမ်းနှင့်ကုသရေးပိုင်းမှ ဝန်ထမ်းများအတွက် အိမ်ရာပေါင်း ၁၉၅ ခု၊ အိမ်ခန်းပေါင်း၂၂၅၄ ခန်း၊ ပြည်သူ့ကျန်းမာရေးဝန် ထမ်းများအတွက် အိမ်ရာပေါင်း ၄၆၀၊ အိမ်ခန်းပေါင်း၂၄၂၈ ခန်း၊ ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာနအတွက် အိမ်ရာပေါင်း ကိုးခု၊ အိမ်ခန်းပေါင်း ၂၁၂ ခန်း၊ ဆေးသုတေသနဦးစီးဌာနအတွက် အိမ်ရာပေါင်း သုံးခု၊ အိမ်ခန်းပေါင်း ၃၂ ခန်း၊ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနအတွက် အိမ်ရာပေါင်း ၄၄ ခု၊ အိမ်ခန်းပေါင်း ၅၂၈ ခန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနအတွက် အိမ်ရာပေါင်း ၁၂၃ ခု၊ အိမ်ခန်း ၅၂၃ ခန်း ဆောက်လုပ်မည်ဖြစ်ကြောင်း သိရသည်။
လာမည့်ဘဏ္ဍာနှစ်မှာ ဝန်ကြီးဌာနအောက်က ဦးစီးဌာနအသီးသီးအတွက် ဝန်ထမ်းအိမ်ရာပေါင်း ၈၃၄ ခု၊ အိမ်ခန်းပေါင်း ၆၀၀၀ နီးပါး အထိ ဆောက်လုပ်ဖို့ ပြင်ထားပါတယ်။ အရင် ကာလတိုဘဏ္ဍာနှစ်မှာ ဆေးသုတေသနဦးစီးဌာနက ဝန်ထမ်းတွေအတွက် မပါခဲ့ဘူး။ ဒါကြောင့် ထပ်ဆောက်မယ့် ဝန်ထမ်းအိမ်ရာတွေမှာ အရင်ကာလတို ဘ ဏ္ဍာနှစ်မှာ မပါခဲ့တဲ့ဦးစီးဌာနက ဝန်ထမ်းတွေအတွက် လည်းထည့်တွက် ပြင်ဆင်ခဲ့ပါတယ်” ဟုကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနရုံး မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
လက်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် ကျန်းမာရေးအသိပညာ မြှင့်တင်ရေးလုပ်ငန်း၊ ကျောင်းကျန်းမာရေး လုပ်ငန်း၊ ထုတ်ပြန်ထားသောလုပ်ငန်းလမ်းညွှန်များ၊ ညွှန်ကြားချက်များကို ခေတ်မီအောင် Update ပြုလုပ်ခြင်းနှင့် မလိုအပ်သည် များကို ပယ်ဖျက်ခြင်း၊ ကျန်းမာရေးဝန်ထမ်းများနှင့်လူနာများ၊ လူနာ၏မိသားစုဝင်များအကြား ဆက်ဆံရေးပိုမိုကောင်းမွန်လာစေရေး၊ ပြည်သူလူထုအခြေပြုကျန်းမာရေးစောင့်ရှောက်မှု ဆေးခန်းများကို ဖွင့်လှစ်၍ မကူးစက်သော ရောဂါနှိမ်နင်းရေးကို အားဖြည့်ဆောင်ရွက်ရေး၊ အခြေခံကျန်းမာရေးဝန်ထမ်းများ ဖြင့် ရွေ့လျားကျန်းမာရေးဆေးခန်းများဖွင့်လှစ်ရေး၊ တိုင်းဒေသကြီး/ပြည်နယ် သင်ကြားရေးအဖွဲ့များကို ပြန်လည်ဖွဲ့စည်း၍ တာဝန်ခံများ ထားရှိရေးတို့ဖြစ်ကြောင်းနှင့် ဝန်ကြီးဌာနအနေဖြင့် ၂၀၁၈ ခုနှစ်ကို သတင်းအချက်အလက်နှစ် (Year of Data and Information)၊ ဘဏ္ဍာနှစ်ရန်ပုံငွေများကိုအကျိုးရှိစွာခွဲဝေသုံးစွဲသည့်နှစ် (Year of Budget) နှင့် ဝန်ထမ်းအိမ်ရာဦးစားပေးဆောက်လုပ်သည့်နှစ် (Year of Staff Housing)ဟု သတ် မှတ်လုပ်ဆောင်နေကြောင်း သိရသည်။
ယခုဘဏ္ဍာနှစ်တွင် ဝန်ကြီးဌာနအနေဖြင့် ဆေးရုံ၊ ဆေးခန်းများ အသစ်ဆောက်လုပ်ခြင်းကို ခေတ္တဆိုင်းငံ့လျှော့ချထားပြီး ဆောက်လက်စ ဆေးရုံ၊ ဆေးခန်းများကိုမူ ရန်ပုံငွေ ဆက်လက်ခွဲဝေချထားဆောင်ရွက်လျက်ရှိကြောင်းနှင့်နိုင်ငံတော်မှ ခွဲဝေချထားပေးသည့် ကျန်ရှိသော ဆောက်လုပ်ရေးဆိုင်ရာရန်ပုံငွေများကို တစ်ပြည်လုံးရှိ ပြည်နယ်၊ တိုင်းဒေသကြီး အသီးသီးတွင် ဝန်ထမ်းအိမ်ရာများကို ဦးစားပေးအစီအစဉ်အလိုက် တည်ဆောက်နေကြောင်း သိရသည်။
Ref & Photo Credit : Eleven Media Group
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties