By 7daydaily, Shweproperty.com
Updated at 21 May 2015
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း ပြည်နယ်နှင့်တိုင်းဒေသရှိကျေးရွာ ပေါင်း နှစ်ထောင်ကျော်လျှပ်စစ်မီး ရရှိရန် ဆောင်ရွက်မည်ဟုသတင်း ရရှိသည်။ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနက ပြည်နယ် နှင့်တိုင်းရှိ မြို့နယ်ပေါင်း ၂၈၃မြို့ နယ်မှ ကျေးရွာ ၂၃၀ ကို အစိုးရ ခွင့်ပြုဘဏ္ဍာငွေမှ ငွေကျပ်သန်း ပေါင်း သုံးသောင်းကျော်ဖြင့် မီး လင်းရေးလုပ်ငန်းများ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် အကောင်အထည် ဖော်ဆောင်ရွက်ရန် စီစဉ်ထား ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ညွှန်ကြား ရေးမှူး ဦးခန့်ဇော်ကပြောသည်။ အဆိုပါကျေးလက်မီးလင်း ရေးလုပ်ငန်းဆောင်ရွက်ရန် သက် ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသ ကြီးအလိုက် ဘဏ္ဍာငွေများ ခွဲေ၀ ပေးမည်ဖြစ်ပြီး သက်ဆိုင်ရာပြည် နယ်နှင့် တိုင်းဒေသကြီးမှ ကျေး လက်မီးရရှိရေး လုပ်ငန်းများကို အကောင်အထည် ဖော်ဆောင် ရွက်မည်ဟုဆိုသည်။ ‘‘ကျေးလက်မီးလင်းရေးက အစိုးရရဲ့ဦးစားပေးလုပ်ငန်းစဉ်ခုနစ်ရပ်မှာ တစ်ခုအပါအဝင်ဖြစ်ပြီး တော့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ လျှပ်စစ်မီးရရှိရေးအတွက် ကျေး လက်ဒေသ မီးလင်းရေးကိုကာလ တို၊ ကာလရှည်စီမံချက်ရေးဆွဲပြီး တော့ ဆောင်ရွက်သွားဖို့ ရှိပါ တယ်။ ၂၀၃၀ မှာကျေးရွာအားလုံး မီးရရှိရေးအတွက် အမျိုးသား လျှပ်စစ်ဓာတ်အား ရရှိရေးစီမံ ချက်ကို ဆက်စပ်ဝန်ကြီးဌာနတွေ နဲ့ ပူးပေါင်းရေးဆွဲပြီးတော့ ပြန် ပြည့်ဖြိုးစွမ်းအင်သုံး မဟာဓာတ် အားလိုင်းပြင်ပ လျှပ်စစ်ဓာတ် အားရရှိရေးကိုလည်း ဆောင်ရွက် သွားဖို့ စီစဉ်ထားပါတယ်’’ဟု ဦး ခန့်ဇော်ကပြောသည်။ ကျေးလက်ဒေသ မီးလင်း အတွက် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် ခွင့်ပြုရန်ပုံငွေကျပ်သန်း ပေါင်း လေးသောင်းကျော်ဖြင့် မြို့နယ် ၂၆၆ မြို့နယ်ရှိ ကျေးရွာ ၁,၉၄၁ ရွာကို ဆောင်ရွက်ပေး ခဲ့ပြီး နိုင်ငံတော်ထောက်ပံ့ငွေကျပ် သန်း ၁,၆၀၀ ကျော်ဖြင့် ကျေးရွာ ငါးရွာ လျှပ်စစ်မီးရရှိရန် ဆောင်ရွက်ခဲ့သည်။လက်ရှိမြန်မာတစ်နိုင်ငံလုံးတွင် ကျေးရွာပေါင်း ၆၃,၈၉၉ ရွာ ရှိသည့်အနက် ၂၄,၉၂၃ ရွာသာ လျှပ်စစ်မီးရရှိပြီး ၃၉,၉၉၄ရွာမှာ လျှပ်စစ်မီး မရရှိသေးကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီး ဌာန လုပ်ငန်းဆောင်ရွက်ချက်အစီခံချက်မှသိရသည်။
Ref : 7daydaily
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties