By Myanmar Builders Guide, Shweproperty.com
Updated at 11 July 2019
ရန်ကုန်မြို့ရှိ အိမ်ထောင်စုအားလုံး၏ ၅၈ ရာခိုင်းနှုန်းသည် တစ်လလျှင် ကျပ်နှစ်သိန်းအောက်သာ ဝင်ငွေရရှိသောကြောင့် လူတန်းစေ့အိမ်ရာပိုင်ဆိုင်နိုင်ရေး ရည်မှန်းချက်ကို ပြည့်မီအောင် ဖြည့်ဆည်းပေးနိုင်ခြင်းမရှိသေးကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၏ ဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါ်မီမီတင်က ဇူလိုင်လ ၆ ရက်တွင် ပြုလုပ်သည့် မြို့ပြနှင့် အိမ်ရာကဏ္ဍနှင့် ပတ်သက်သည့် ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။
မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ Urban Research & Development Institute(URDI)က ကောက်ယူခဲ့သည့် အိမ်ရာကဏ္ဍနှင့် ပတ်သက်သော စစ်တမ်းအရ ရန်ကုန်မြို့တွင် နေထိုင်သည့် အိမ်ထောင်စု အများစု၏ ဝင်ငွေမှာ ဌာနမှ ရောင်းချပေးနေသည့်အိမ်ရာများ ဝယ်ယူရန် လက်လှမ်းမီခြင်းမရှိသေးကြောင်း သိရသည်။
"အိမ်ရာကဏ္ဍတွေဟာ အရမ်းအခြေခံကျတဲ့ လူတန်းစားတွေ လက်လှမ်းမမီဘူး။ ဘယ်လောက်ပဲ Housing Policy တွေက ဝင်ငွေနည်းပြည်သူတွေကို ဦးတည်တယ်ပဲပြောပြော တကယ့်လက်ရှိကတော့ ရည်ရွယ်ထားတဲ့အတိုင်း မရောက်သေးဘူးလို့ ပြောလို့ရတယ်"ဟု ယင်းက ပြောသည်။
လက်ရှိတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တည်ဆောက်ရောင်းချပေးနေသည့် အိမ်ရာများမှာ တစ်လဝင်ငွေကျပ် သုံးသိန်းမှ ငါးသိန်းအတွင်း ရရှိသည့် အိမ်ထောင်စုများသာ ဝယ်ယူနိုင်သည့်အနေအထားရှိကြောင်း၊ ထို့ကြောင့် တစ်လလျှင် ကျပ် နှစ်သိန်းအောက်သာ ဝင်ငွေရှိသည့် ၅၈ ရာခိုင်နှုန်းသော အိမ်ရာပိုင်ဆိုင်နိုင်ရေးအတွက် ဌာနမှပိုမိုဆောင်ရွက်နေပြီး လက်ရှိတွင်လည်း တိုင်းဒေသကြီးအစိုးရမှ မြေနေရာပေးအပ်ကာ တည်ဆောက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties