By Myanmar Builders Guide, Shweproperty.com
Updated at 17 October 2019
#Unicode
ရန်ကုန်မြို့ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် အမှတ် (၄၈)ရပ်ကွက် ဗိုလ်မှူးဗထူးလမ်းနှင့် ဘုရင့်နောင်လမ်းထောင့် ဗိုလ်မှူးဗထူးတန်ဖိုးမျှအိမ်ယာစီမံကိန်း ၁ နှင့်ကပ်လျက်တွင်တည်ဆောက်နေသောတန်ဖိုးမျှအိမ်ယာစီမံကိန်း၂ မှာတတိယမြောက်အလွှာထိပြီးစီနေပြီဖြစ်ပြီး အိမ်ရာဝယ်ယူရန်လောက်ထားသူများအနေဖြင့် ကျသင့်ငွေ များအမြန်ဆုံး လာရောက်ပေးသွင်းရန်အသိပေးကြေငြာထားသည်။
အဆိုပါတိုက်ခန်းများကို ၂၀၁၈ခုနှစ်ဒီဇင်ဘာလတွင်ပြီးစီးမည်ဟုကြေညာထားခဲ့သော်လည်း တိုက်ခန်းမဲနှိုက်ရာတွင် မဲပေါက်သူများက ၅၀% ကသာ ပထမအရစ်ပေးသွင်းနိုင်ခဲ့ပြီးကျန်၅၀%မှာပေးသွင်းနိုင်ခြင်းမရှိခဲ့ခြင်းကြောင့် သတ်မှတ်ချိန်တွင် ပြီးစီးခဲ့ခြင်းမရှိပေ။
ကျန်ငွေမပေးသွင်းနိုင်သောဝယ်သူများကိုဝယ်ယူခွင့်ဖျက်သိမ်းပြီး အခြားဝယ်ယူမည့်သူများအားနိုင်ငံပိုင် သတင်းစာများတွင်လွတ်လပ်စွာဝယ်ယူနိုင်ကြောင်းကြေညာရောင်းချခဲ့သည်။
ဗိုလ်မှူးဗထူးတန်ဖိုးမျှတစီမံကိန်းမှာ၂၀၁၈ခုနှစ်ဒီဇင်ဘာလတွင်ပြီးဆုံးရမည်ဖြစ်သော်လည်း တန်ဖိုးမျှတအိမ်ယာစီမံကိန်းရှိU-600တိုက်ခန်းများကို ၂၀၁၉ခုနှစ်နိုဝင်ဘာလကုန်တွင်ဝယ်သူ
လက်ထဲအပ်နှံနိုင်မည်ဖြစ်ပြီးU-900တိုက်ခန်းများကို၂၀၂၀ခုနှစ်ဇူလိုင်လကုန်တွင်အပ်နှံနိုင်မည်ဟုရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ထုတ်ပြန်ထားသည်။
U-600အမျိူးအစားတွင် Type-A ၆၁၄စတုရန်းပေ (၂၄၀)ခန်းရှိပြီး တစ်ခန်းလျှင်-ကျပ်၂၈၅သိန်း Type-B ၅၆၅စတုရန်းပေ(၁၆)ခန်းရှိပြီး တစ်ခန်းလျှင်-၂၆၇သိန်း U-900အမျိူးအစားတွင်Type-A ၉၂၇စတုရန်းပေ (၅၇၀)ခန်းရှိပြီး တစ်ခန်းလျှင်-ကျပ်၃၇၇သိန်း Type-B ၈၇၇စတုရန်းပေ(၃၈)ခန်းရှိပြီး တစ်ခန်းလျှင်-၃၅၉သိန်းတို့ဖြစ်သည်။
U-600တိုက်ခန်းဝယ်ယူခွင့်ရရှိသူများအနေနဲ့ ပဉ္စမအရစ်အထိကျသင့်ငွေပေးသွင်းပါရန် နှင့် U-900 တိုက်ခန်းဝယ်ယူခွင့်ရရှိသူများအနေနဲ့ဒုတိယအရစ်အထိကျသင့်ငွေများလာသွင်းပေးရန် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှ ထုတ်ပြန်ထားသည်။
#Zawgyi
ရန္ကုန္ျမိဳ႕ ဒဂုံျမိဳ႕သစ္ (ေျမာက္ပိုင္း) ျမိဳ႔နယ္ အမွတ္ (၄၈)ရပ္ကြက္ ဗိုလ္မွဴးဗထူးလမ္းနွင့္ ဘုရင့္ေနာင္လမ္းေထာင့္ ဗိုလ္မွဴးဗထူးတန္ဖိုးမ်ွအိမ္ယာစီမံကိန္း ၁ နွင့္ကပ္လ်က္တြင္တည္ေဆာက္ေနေသာတန္ဖိုးမ်ွအိမ္ယာစီမံကိန္း၂ မွာတတိယေျမာက္အလႊာထိျပီးစီေနျပီျဖစ္ျပီး အိမ္ရာဝယ္ယူရန္ေလာက္ထားသူမ်ားအေနျဖင့္ က်သင့္ေငြ မ်ားအျမန္ဆုံး လာေရာက္ေပးသြင္းရန္အသိေပးေၾကျငာထားသည္။
အဆိုပါတိုက္ခန္းမ်ားကုိ ၂၀၁၈ခုနွစ္ဒီဇင္ဘာလတြင္ျပီးစီးမည္ဟုေျကညာထားခဲ႕ေသာ္လည္း တိုက္ခန္းမဲႏႈိက္ရာတြင္ မဲေပါက္သူမ်ားက ၅၀% ကသာ ပထမအရစ္ေပးသြင္းနိုင္ခဲ႔ျပီးက်န္၅၀%မွာေပးသြင္းနိုင္ျခင္းမရွိခဲ့ျခင္းေၾကာင့္ သတ္မွတ္ခ်ိန္တြင္ ျပီးစီးခဲ့ျခင္းမရွိေပ။
က်န္ေငြမေပးသြင္းနိုင္ေသာဝယ္သူမ်ားကိုဝယ္ယူခြင့္ဖ်က္သိမ္းျပီး အျခားဝယ္ယူမည့္သူမ်ားအားနိုင္ငံပိုင္ သတင္းစာမ်ားတြင္လြတ္လပ္စြာဝယ္ယူနိုင္ေျကာင္းေျကညာေရာင္းခ်ခဲ႕သည္။
ဗိုလ္မွဴးဗထူးတန္ဖိုးမ်ွတစီမံကိန္းမွာ၂၀၁၈ခုနွစ္ဒီဇင္ဘာလတြင္ျပီးဆုံးရမည္ျဖစ္ေသာ္လည္း တန္ဖိုးမ်ွတအိမ္ယာစီမံကိန္းရွိU-600တိုက္ခန္းမ်ားကို ၂၀၁၉ခုနွစ္နိုဝင္ဘာလကုန္တြင္ဝယ္သူ
လက္ထဲအပ္နွံနိုင္မည္ျဖစ္ျပီးU-900တိုက္ခန္းမ်ားကို၂၀၂၀ခုနွစ္ဇူလိုင္လကုန္တြင္အပ္နွံနိုင္မည္ဟုရန္ကုန္ျမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီမွ ထုတ္ျပန္ထားသည္။
U-600အမ်ိဴးအစားတြင္ Type-A ၆၁၄စတုရန္းေပ (၂၄၀)ခန္းရွိျပီး တစ္ခန္းလ်ွင္-က်ပ္၂၈၅သိန္း Type-B ၅၆၅စတုရန္းေပ(၁၆)ခန္းရွိျပီး တစ္ခန္းလ်ွင္-၂၆၇သိန္း U-900အမ်ိဴးအစားတြင္Type-A ၉၂၇စတုရန္းေပ (၅၇၀)ခန္းရွိျပီး တစ္ခန္းလ်ွင္-က်ပ္၃၇၇သိန္း Type-B ၈၇၇စတုရန္းေပ(၃၈)ခန္းရွိျပီး တစ္ခန္းလ်ွင္-၃၅၉သိန္းတုိ႕ျဖစ္သည္။
U-600တိုက္ခန္းဝယ္ယူခြင့္ရရွိသူမ်ားအေနနဲ႕ ပဥၥမအရစ္အထိက်သင့္ေငြေပးသြင္းပါရန္ နွင့္ U-900 တိုက္ခန္းဝယ္ယူခြင့္႐ရွိသူမ်ားအေနနဲ႕ဒုတိယအရစ္အထိက်သင့္ေငြမ်ားလာသြင္းေပးရန္ ရန္ကုန္ျမိဳ႕ေတာ္စည္ပင္ သာယာေရးေကာ္မတီမွ ထုတ္ျပန္ထားသည္။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties