By Myanmar Builders Guide, Shweproperty.com
Updated at 29 August 2019
ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်စက်မှုဝန်ကြီးက ချင်ပြည်နယ်၏မြို့တော် ဟားခါးမြို့သစ် စီမံကိန်း၌ မြေကွက် ပေါင်း ၇၁၇ ကွက် ဖော်ထုတ်ထားပြီး သင့်တင့်သည့်ဈေးနှုန်းဖြင့် ပြည်နယ်အစိုးရမှ ရောင်းချပေးသွားမည်ဖြစ်ကြောင်း ပြောထားသည်။
ဩဂုတ် ၂၀ ရက်က အဆိုပါ စီမံကိန်းပြုလုပ်မည့် နယ်မြေအတွင်း၌ ကျူးကျော်နေထိုင်ခဲ့သူများကို ဖယ်ရှားရှင်းလင်းခဲ့ပြီး နောက် မြို့နယ်စည်ပင်သာယာရေးပိုင်မြေ ၆၇၆ ဧက၌ အကွက် ပေါင်း ၇၁၇ ကွက် ဖော်ထုတ် ထားသည်။
ဟားခါးမြို့သစ် စီမံကိန်းတွင် မြေကွက်အမျိုးအစားများမှာ ပေ ၁၀ဝ ပတ်လည်မြေကွက် ၂၂ ကွက်ရှိပြီး တစ်ကွက်လျှင် ကျပ်သိန်း ၅၀၊ ပေ ၈၀ ပေ ၉၀ မြေကွက် ၇၅ ကွက်ရှိပြီး တစ်ကွက်လျှင် ငွေကျပ် ၃၅ သိန်း၊ ပေ ၆၀ ပေ ၈၀ မြေကွက်ပေါင်း ၄၄၅ကွက်ဖော်ထုတ်ထားပြီး တစ်ကွက်လျှင် ငွေကျပ် ၂၅ သိန်းနှင့် ပေ ၄၀ ပေ ၆၀ မြေ ကွက် ၁၇၅ ကွက် ဖော်ထုတ်ထားပြီး တစ်ကွက်လျှင် ငွေကျပ် ၁၀ သိန်းဖြင့် ရောင်းချရန် စီစဉ်ထားပြီး လျှောက် လွှာခေါ်ပြီးမြေကွက်ရောင်းချသွားမှာဖြစ်ကြောင်း၊ လက်ရှိတွင် အိမ်မြေနေရာလျှောက်လွှာတင်ထားသူ ၂၀ဝ၀ ကျော်ရှိသည်ဟု သိရသည်။
မြို့အင်္ဂါရပ်နှင့်ညီစေရန် အဆိုပါစီမံကိန်းရှိ မြို့ကွက်များတွင် ကျောက်ခင်းလမ်း၊ ကွန်ကရစ်လမ်း၊ကတ္တရာ လမ်းတို့ကိုဖောက်လုပ်ပေးပြီး လျှပ်စစ်မီးနှင့်ရေ ရရှိအောင်လည်း ဆောင်ရွက်မှာဖြစ်ကြောင်း၊မြေရောင်းရငွေကို လမ်းများဖောက်လုပ်ရာတွင် အသုံးပြုမှာဖြစ်ပြီး ယင်းအတွက် ငွေကျပ်သိန်းပေါင်းနှစ်သောင်းခန့် ကုန်ကျမည်ဖြစ်ကြောင်း ခန့်မှန်းထားသည်။ စီမံကိန်းဧရိယာအတွင်းရှိ မြေကွက်များအတွက် ဈေးနှုန်းသတ်မှတ်ခြင်း၊ မြေနေရာချထားခြင်း ကိစ္စများကို မြေကွက်စိစစ်ရေး အဖွဲ့များဖွဲ့စည်းဆောင်ရွက်သွားမည်ကြောင်းသိရပြီး မြေကွက်လျှောက်လွှာများကို ဩဂုတ် ၂၁ ရက်မှ ၃၁ ရက် အတွင်း လက်ခံသွားမည်ဖြစ်ကြောင်းသိရသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties