By Myanmar Builders Guide, Shweproperty.com
Updated at 30 April 2018
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ အကောင်အထည်ဖော်နေသည့် မြရည်နန္ဒာတန်ဖိုးမျှတအိမ်ရာစီမံကိန်းနှင့် ပတ်သက်၍ ကန်ထရိုက်လုပ်ငန်းရှင်များက တာဝန်ယူတည်ဆောက်လျက်ရှိသည့် တိုက်ခန်းအလုံးရေ ၇ဝကျော် ခန့်ရင်းနှီးမြှုပ်နှံရန်ငွေကြေးအခက်အခဲ များဖြစ်ပေါ်နေခြင်း ကြောင့် လုပ်ငန်းများရပ်နားထားရဆဲဖြစ်ကာ တည်ဆောက်ပြီးစီးသွားသည့် တိုက်ခန်းများ အတွက်လျှောက်လွှာများကိုမေလအတွင်း ရောင်းချပေးသွားမည်ဖြစ်ကာ မဲစနစ်ဖြင့် နှစ်သုတ်ခွဲ၍ ချထားပေးမည်ဖြစ်ကြောင်း MCDC မှ သိရသည်။
မြရည်နန္ဒာတန်ဖိုးမျှတ အိမ်ရာစီမံကိန်းနှင့်ပတ်သက်၍ သတ်မှတ်ကာလကျော်လွန်သည်အထိ လုပ်ငန်းမပြီးပြတ်သေးသည့် ကုမ္ပဏီများအနက် မေလကုန်နှင့် သြဂုတ်လအတွင်း ပြီးစီးနိုင်မည့်တိုက်ခန်းများအတွက် မန္တလေး မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဘဏ်ချေးငွေရရှိနိုင်ရေးကို ကူညီပေးသွားမည်ဖြစ်ပြီး ယင်းတိုက်ခန်းများအတွက်လျှောက်လွှာများကို မေလအတွင်း ရောင်းချပေးမည်ဖြစ်ကာ မေလကုန်သြဂုတ်လအတွင်းမဲစနစ်ဖြင့် နှစ်သုတ်ခွဲ၍ချထားပေးမည်ဖြစ်သည်။
ထို့ပြင်မေလနှင့် သြဂုတ်လအတွင်းလုပ်ငန်းများ မပြီးပြတ်နိုင်သည့် တိုက်ခန်းများအတွက် လုပ်ငန်းဆက်လက်အကောင်အထည်ဖော်လုပ်ဆောင်ခွင့် ရရှိရန်နှင့် ဘဏ်ချေးငွေများရရှိရန်အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဖွဲ့စည်းပေးထားသည့် အိမ်ရာစီမံကိန်းဖော်ဆောင်ရေး လုပ်ငန်းကြီးကြပ်မှုအဖွဲ့နှင့် ကန်ထရိုက်လုပ်ငန်းရှင်များအကြား ညှိနှိုင်း ဆွေးနွေးလျက်ရှိကြောင်း သိရသည်။
သတ်မှတ်ရက်ကျော်လွန်သည်အထိ မပြီးပြတ်သေးသော ကုမ္ပဏီများအနက်မေလကုန်နှင့် သြဂုတ် လလယ်အတွင်းပြီးစီးမည့် တိုက်ခန်းများအတွက် ဘဏ်ချေးငွေရရှိရေးဆောင်ရွက်ပေးသွားမည်။
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်နှင့် အောင်သာယာရပ်ကွက်ရှိ အကွက်အမှတ်(မမ-၂၈)၊လုပ်ကွက်အမှတ်(၁)တွင် အကောင်အထည်ဖော်တည်ဆောက်လျက်ရှိသည့်မြရည်နန္ဒာ တန်ဖိုးမျှတအိမ်ရာ လေးခန်းတွဲ RC(ခြောက်ထပ်)အဆောက်အအုံများကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီနှင့် လုပ်ငန်းလုပ်ကိုင်ခွင့်ရ ဆောက်လုပ်ရေးကုမ္ပဏီများအကြားသဘောတူစာချုပ်ချုပ်ဆို၍ ၂ဝ၁၆ ခုနှစ်စက်တင်ဘာလခန့်မှ စတင်ကာလုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ လုပ်ငန်းများအကောင်အထည်ဖော်လုပ်ဆောင်ခဲ့ရာတွင် ဆောက်လုပ်ရေး ကုမ္ပဏီအချို့တွင် လက်ရှိသက်ဆိုင်ရာ မှ ဘဏ်ချေးငွေမရရှိခြင်းနှင့် ငွေကြေးကျပ်တည်းမှုပြဿနာများကြောင့် ဆောက်လုပ်ဆဲ တိုက်ခန်းအများအပြား ရပ်ဆိုင်းထားရသဖြင့် ဆုံးရှုံးနစ်နာမှုများ နှင့် ကြုံတွေ့နေရကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များမှ ပြောကြားကြောင်းသိရသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties