By BETV Myanmar, Shweproperty.com
Updated at 1 February 2019
ပြင်သစ်ဗိသုကာကုမ္ပဏီ Archetype Architect Group က စီမံကိန်းအတွက် Master Plan ကို ဆောင်ရွက်ပေးထားတဲ့ ရေတံခွန်တောင် စီးတီးဂေါက်ကွင်းအိမ်ယာစီမံကိန်းကို စတင်နေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါစီမံကိန်းကို အကောင်အထည်ဖော်နေသည့် ဖွံ့ဖြိုးသစ်ကုမ္ပဏီက အိမ်များအား အများပြည်သူသို့ စတင်ရောင်းချခြင်းနှင့် စီမံကိန်းစတင်ပြီဖြစ်ကြောင်း ဇန်နဝါရီလ ၂၉ ရက်က သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ရေတံခွန်တောင်အနီးရှိ ယင်းစီမံကိန်းသည် မြေဧက ၅၀၀ ကျော်တွင် မြို့တစ်ခုအနေဖြင့် နိုင်ငံတကာအဆင့်မီလူနေအိမ်များ၊ အင်တာနေရှင်နယ်ကျောင်း၊ ကုတင် ၃၀၀ ဆန့် ဆေးရုံ၊ ကြယ်သုံးပွင့်နှင့် ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်များ၊ ဂေါက်ကွင်း၊ ကစားကွင်းများနှင့် ဈေးဝယ်စင်တာများ ပါဝင်မည်ဖြစ်သည်။
"ဒီနေရာက လေထုညစ်ညမ်းမှု မရှိသလို၊ သဘာဝပတ်ဝန်းကျင်ကို သဘာဝအတိုင်းခံစားနိုင်ဖိုပ သဘာ၀ တောအုတ်ထဲမှာ မြို့င်ယတခုပုံစံတည်ဆောက်ထားတာပါ။ ဒါအပြင် စီမံကိန်းရည်မှန်းချက်များမှာ ပါတဲ့ ဒေသခံပြည်သူများ၏ အလုပ်အကိုင်အခွင့်လမ်းနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်မှုများကလည်း ကောင်းမွန် လာမှာဖြစ်ပါတယ်" ဟု ဖွံ့ဖြိုးသစ်ကုမ္ပဏီ၏ Deputy CEO ဦးသက်လွင်ရွှေက ဆိုသည်။
ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်တည်ဆောက်ရေးတွင် ပါဝင်စီမံခန့်ခွဲခဲ့သည့် ထိုင်ဝမ်မှ MAA ကုမ္ပဏီက ယင်းစီမံကိန်းကို စီမံခန့်ခွဲမည်ဖြစ်ပြီး တရုတ်နိုင်ငံမှ CSCEC ကုမ္ပဏီက အိမ်ရာများကို ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
Ref & Photo Credit : BETV Myanmar
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties