By Shwe Kyaw (ShweProperty.com), Shweproperty.com
Updated at 4 April 2018
လယ်ယာမြေ လုပ်ပိုင်ခွင့်ရှိသူ လိုက်နာရမည့် စည်းကမ်းချက်များ
ပုဒ်မ ၁၂ ။
(က) ဥပဒေတွင် ပြဌာန်းထားသည့်အတိုင်း လယ်ယာမြေကို လုပ်ကိုင်ရမည်။
(ခ) လယ်ယာမြေနှင့် စပ်လျဉ်း၍ ဝန်ကြီးဌာနက စည်းကြပ်သော မြေခွန်နှင့် အခြားအခွန်အခများကို ပေးဆောင်ရမည်။
(ဂ) လယ်ယာမြေလုပ်ပိုင်ခွင့်ကို ရောင်းချခြင်း၊ ပေါင်နှံခြင်း ၊ ငှားရမ်းခြင်း ၊ လဲလှယ်ခြင်းနှင့် ပေးကမ်းခြင်းတို့ကို ဆောင်ရွက်သည့် အခါ ဦးစီးဌာန က သတ်မှတ်သည့် တံဆိပ် ခေါင်းခွံနှင့် စာချုပ်စာတမ်းမှတ်ပုံတင်ခတို့ကို ပေးဆောင်၍ သက်ဆိုင်ရာ မြို့နယ်ဦးစီးဌာနရုံးတွင် မှတ်ပုံတင်ရမည်။
(ဃ) တည်ဆဲဥပဒေ နှင့်အညီ အမွေဆက်ခံခြင်းဖြင့် လယ်ယာမြေ လုပ်ယာမြေ လုပ်ပိုင်ခွင့်ကို ရရှိသည့်အခါ သတ်မှတ်ချက်နှင့်အညီ သက်ဆို င်ရာ မြို့နယ်ဦးစီးဌာနရုံးတွင် မှတ်ပုံတင်ရမည်။
(င) စိုက်ပျိုးထုတ်လုပ်မှု အရင်းအနှီးအတွက်သာ လယ်ယာမြေ လုပ်ပိုင်ခွင့်ကို ပေါင်နှံခွင့်ရပြီး အစိုးရဘဏ် သို့မဟုတ် အစိုးရက အသိ အမှ တ်ပြုသော ဘဏ်တွင်သာပေါင်နှံရမည်။
(စ) သက်ဆိုင်ရာ လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့က တရားဝင် ချထားခြင်းမရှိဘဲ ကျူးကျော်လုပ်ကိုင်ခြင်းမပြုရ။
(ဆ) လယ်ယာမြေကို ခွင့်ပြုအမိန့်မရရှိဘဲ အခြားနည်း သုံးစွဲ ခြင်းမပြုရ။
(ဇ) လယ်ယာမြေကို မှုလစိုက်ပျိုးလျက်ရှိသော စီးနှံအမျိုးအစားမှ အခြားသီးနှံအမျိုးအစားသို့ ခွင့်ပြုချက်မရှိဘဲ ပြောင်းလဲ စိုက်ပျိုးခြင်း မပြုရ။
(ဈ) ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ လယ်ယာမြေကို လှပ်ထားခြင်း မပြုရ။
(ည) လယ်ယာမြေ လုပ်ပိုင်ခွင့် မရမီကာလ အတွင်း သို့မဟုတ် လယ်ယာမြေ လုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွားမှု ဖြစ်ပေါ်နေသော ကာလအ တွင်း လယ်ယာမြေကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်း သို့မဟုတ် ပေးကမ်းခြင်း မပြုရ။
၁၃။ ဥပဒေ အာဏာတည်ပြီးသည့်နောက် လယ်ယာမြေလုပ်ပိုင်ခွင့် အငြင်းပွားမှု အရူပ်အရှင်းဖြစ်လာလျင် ဦးစီးဌာနတွင် မှတ်ပုံတ င်ထားြ ပီးမှသာ တရားဝင်ဖြေရှင်း ဆောင်ရွက်နိုင်ခွင့် ရှိသည်။
၁၄။ လယ်ယာမြေ လုပ်ပိုင်ခွင့်ရရှိသူသည် လယ်ယာမြေ လုပ်ပိုင်ခွင့် အားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ၊ နိုင်ငံတော်အစိုးရ၏ ခွင့်ပြုချက်မရရှိဘဲ မည်သည့်နိုင်ငံခြားသား သို့မဟုတ် နိုင်ငံခြားသား ပါဝင်သည့် အဖွဲ့အစည်းကိုမျှ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်း သို့မဟုတ် ပေးကမ်းခြင်းမပြုရ ဆိုတဲ့ စည်းကမ်းချက်တွေကို လယ်ယာမြေလုပ်ကိုင်ခွင့်ရှိသူတွေ လိုက်နာသင့်ပါတယ်။
Ref : Shwe Kyaw (ShweProperty.com) Photo Credit : Radiotunisienne Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties