By Kumudra, Shweproperty.com
Updated at 23 January 2018
လယ်ယာမြေတွေကို ခွင့်ပြုထားတဲ့ ပုံစံမျိုး မဟုတ်ဘဲ လက်တစ်လုံးခြားအသုံးပြုပြီး လူနေထိုင်မှုတွေ၊ လုပ်ငန်းလုပ်ကိုင်တာတွေရှိနေပြီး ပုံစံကွဲလွဲနေတာတွေကို စိစစ်သင့်တယ်လို့ အကျိုးဆောင် တချို့က ပြောကြာပါတယ်။
မည်သည့်လယ်မြေ၊ ယာမြေတွေကိုမှ လူနေခွင့်၊ အိမ်ဆောက်ခွင့်မပြုထားပါဘူး။ ဥပဒေမှာ အတိအကျပြဋ္ဌာန်းထားပေမဲ့ ပြု လုပ်ေ နကြတာတွေ ရှိနေကြပါတယ်။ လယ် မြေတွေကို အခြားနည်းခွင့်ပြုထားတာက လယ်မစိုက်ဘဲ အခြားသီးနှံစိုက်ပျိုးထား တာကိုပဲ ခွင့်ပြုတာမျိုး ဖြစ်တယ်လို့ Myanmar Builders Guide က သိရပါတယ်။
ယာမြေကို အိမ်ဆောက်မယ်ဆိုရင် လူ နေမြေအဖြစ် ပြောင်းလဲဖို့ လိုအပ်ပါတယ်။ တချို့က လယ်မလုပ် ဘဲ လိုအပ်ချက်အရ ကျေးရွာ တိုးချဲ့ မြေအဖြစ် လျှောက်ထားတာတွေ ရှိပါ တယ်။ တချို့ ပုံစံ ၁၀၅၊ ပုံစံ ၁၀၇ တွေမှာ လယ်မြေတွေမှာ လူနေလို့ မရနိုင်ပါဘူး။
တချို့လူနေဖို့အတွက်နဲ့ အိမ်ဆောက်ခွင့်ရဖို့အတွက် လယ်ယာမြေတွေကို လျှောက်ထားပုံစံအမျိုးမျိုးရှိကြောင်း သိရပါတယ်။ ဥပဒေပိုင်းအရ လျှောက်ထားမယ်ဆို ရင် မြို့နယ်မြေစာရင်းဦးစီးဌာနမှာ ပုံစံ ၁၄ လျှောက်ထားရမှာ ဖြစ်ပါတယ်။ မြေစာရင်း ဖြစ်တဲ့ ပုံစံ ၁၀၅ ကို တောင်းယူရမှာ ဖြစ်ပါ တယ်။ ပုံစံ ၁၀၅ ကို လျှောက်ထားတဲ့အခါ မှာ အခြားနည်းလမ်း အသုံးပြုခွင့်လျှောက် ထားဖို့အ တွက်ဖြ စ်ကြောင်း ပါဝင်ရမှာ ဖြစ်ပါတယ်။
ခွင့်ပြုတဲ့ အများစုပုံစံမှာ အိမ်ရာဆောက်ခြင်း၊ ဆီဆိုင်ဖွင့်တာတွေ များလာ ကြောင်း သိရပြီး သတ်မှတ်ချက်တွေနဲ့ ကိုက်ညီမှ ခွင့်ြ ပုေ ကြာင်း ဥပဒေပညာရှင် တစ်ဦးက ပြောပါတယ်။
ဈေးကွက်ထဲရောက်နေတဲ့ လယ်မြေ တွေက လူနေလို့မရတာ သေချာပါတယ်။ အခြားနည်း အသုံးပြုခွင့်လျှောက်ထားတဲ့ အခါ လျှောက် ထားသူရဲ့ နိုင်ငံသားစိစစ်ရေး ကတ်ပြားမိတ္တူလိုအပ်ပါတယ်။ အကြောင်းပြချက်ခိုင်မာဖို့အတွက် ရပ်/ကျေးရွာ အုပ်ချုပ်ရေးမှူး၊ မြို့ နယ်မြေစာ ရင်းဦးစီးဌာနရဲ့ ထောက်ခံချက်တွေ လိုအပ်တယ်လို့ သိရ ပါတယ်။
တိုင်းဒေသကြီးအထိ တင်ရတာဖြစ်ပြီး တိုင်းဒေသကြီးအစိုးရကခွင့်ပြုချက်နဲ့ မြို့ နယ်မြေစာရင်းဌာနက ခွင့်ပြုချက်ရရမှာ ဖြစ်တယ်။ လယ်ယာမြေတွေမှာ ဗဟိုလယ်ယာ မြေစီမံခန့်ခွဲမှုကိုပါ တင်ပြရပါတယ်။ ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ၊ အပိုင် ၃၀ (က)ပါ ပါဝင်ဟု ဆိုထားပါတယ်။
ယာမြေမှာ အိမ်ဆောက်ခွင့်တင်လို့ ရတာဖြစ်ပြီး လယ်မြေကိုခွင့်ပြုတာမျိုး မရှိဘူးလို့လည်း သိရပါတယ်။
Ref & Photo Credit : Kumudra Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties