By Sint Sint, Shweproperty.com
Updated at 30 December 2020
ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၃၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက နေပြည်တော် ရုံးအမှတ်(၁၅) ၌ ကျင်းပသည်။အစည်းအဝေးတွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက လယ်ယာမြေကို ခွင့်ပြုချက်မရမီ အခြားနည်းသုံးစွဲခွင့် ကြိုတင် ဆောင်ရွက်ခြင်း မရှိစေရေးနှင့် ခွင့်ပြုချက်မရရှိမီ အခြားနည်းသုံးစွဲခြင်း ကိစ္စရပ်များ လုံးဝ ရပ်တန့်သွားအောင် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ယနေ့ ပြည်သူလူထုအကြား ရေပန်းစားနေသည့် လူမှုကွန်ယက် မီဒီယာလောကတွင် လယ်ယာမြေများကို အိမ်ရာခြံမြေ အဖြစ် အကွက်ရိုက် ရောင်းချမှု ကြော်ငြာများဖြင့် ဆောင်ရွက်နေသည်များကို တွေ့မြင်နေ ရပါကြောင်း၊ ယခုကဲ့သို့ လယ်ယာမြေများကို ခွင့်ပြုချက်မရှိပဲ စိုက်ပျိုးမြေလှပ်ထားခြင်း၊ အဆောက်အဦများ ခွင့်ပြုချက်မဲ့ ဆောက်လုပ်ခြင်းတို့ကို ဆောင်ရွက်ပါက လယ်ယာမြေ ဥပဒေအရ အရေးယူခြင်းခံရမည်ကို ပြည်သူလူထုအကြား သိရှိနားလည်စေရန်နှင့် ရောင်းမှား ဝယ်မှား မဖြစ်စေရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရန်လိုကြောင်း ပြောကြားသည်။ အစည်းအဝေးသို့ အဖွဲ့ဒုတိယဥက္ကဌ ဒုတိယဝန်ကြီး ဦးလှကျော်နှင့် ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ဝင်များ စုံညီစွာတက်ရောက်ကြပြီး အစည်းအဝေးတွင် အတွင်းရေးမှူး လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦးက ဆွေးနွေးဆုံးဖြတ်ရမည့် လုပ်ငန်းများအား ဖတ်ကြားတင်ပြရာ အစည်းအဝေး တက်ရောက် လာကြသူများက အကြောင်းအရာတစ်ခုချင်းအလိုက် ဆွေးနွေး ဆောင်ရွက်ကြသည်။ ယနေ့ကျင်းပသည့် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၃၅)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် နိုင်ငံတော်၏ စီမံကိန်း လုပ်ငန်းများဆောင်ရွက်ရန် သိမ်းယူခဲ့သည့် လယ်ယာ မြေများအတွက်ဘဏ္ဍာနှစ်အလိုက် လျော်ကြေး၊ နစ်နာကြေး ပေးချေရမည့်ကိစ္စ၊ ရန်ကုန်တိုင်း ဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ လှည်းကူး မြို့နယ် အတွင်း စက်မှု ဥယျာဉ် မြို့တော် စီမံကိန်းဆောင်ရွက်ရန်ကိစ္စနှင့် စပ်လျဉ်း၍ တင်ပြလာခြင်းကိစ္စ၊ ဌာနဆိုင်ရာ၊ သာသနာရေး ဆိုင်ရာနှင့် ဆက်သွယ်ရေး တာဝါတိုင် တည်ဆောက်ရေးတို့အတွက် အခြားနည်းသုံးစွဲခွင့် လျှောက်ထားလာမှု ကိစ္စရပ်များ၊ သက်ဆိုင်ရာ လယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့များမှ ပြန်လည် စိစစ်တင်ပြလာသော ကိစ္စရပ်များ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းကို လယ်ယာမြေအဖြစ် သတ်မှတ် ပေးရန် လျှောက်ထားလာသည့် ကိစ္စရပ်များအား ဆွေးနွေး ဆောင်ရွက်ကြသည်။ ၎င်းအပြင် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်များအရ ခွင့်ပြုချက်မရရှိမီ ကြိုတင် အသုံးပြုထားသည့်အတွက် လယ်ယာမြေ ဥပဒေ ပုဒ်မ ၁၉ ပါ ပြဋ္ဌာန်းချက်နှင့်အညီ ဒဏ်ကြေးငွေ ပေးဆောင်ရန် အဆိုပြုတင်ပြလာသော လုပ်ငန်း ကိစ္စရပ်များ၊ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ အခြားနည်း အသုံးပြုခွင့် လုပ်ငန်း စာတွဲများ နှင့် ပတ်သက်သည့် ကိစ္စရပ်များ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့မှ ထောက်ခံချက်များဖြင့် ပြီးပြည့်စုံစွာ တင်ပြလာသည့် လယ်ယာမြေ ဥပဒေပုဒ်မ ၃၀(က)အရ လယ်ယာမြေ အခြားနည်း သုံးစွဲခွင့်လုပ်ငန်း စာတွဲများနှင့် ပတ်သက်၍ လည်းကောင်း၊ လယ်ယာမြေ ဥပဒေ ပုဒ်မ ၃၄ နှင့် လယ်ယာမြေ နည်းဥပဒေ ၃၅၊ ၃၆ တို့အရ ယခင်အစိုးရကာလ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှုဗဟိုအဖွဲ့မှ ခွင့်ပြုထားသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းကို လယ်ယာမြေအဖြစ် သတ်မှတ် ပေးရန် လျှောက်ထားလာသည့် လုပ်ငန်းစာတွဲများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့များမှ လယ်ယာမြေ အခြားနည်း သုံးစွဲ ခွင့်ပြုပါရန် စိစစ်တင်ပြလာသည့် လုပ်ငန်းစာတွဲများကို တည်ဆဲ ၂၀၁၂ ခုနှစ်၊ လယ်ယာမြေ ဥပဒေပါ ပြဋ္ဌာန်းချက်များ၊ ညွှန်ကြားချက်များနှင့် ကိုက်ညီမှန်ကန်မှု ရှိ/မရှိ စိစစ်ပြီး ခွင့်ပြုခြင်းနှင့် အတည်ပြုခြင်းဆိုင်ရာများကို ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။ နောက်ဆုံးရ သတင်းများ ကိုရီးယား မြန်မာ စက်မှုဇုန်ရဲ့ စီးပွားရေးကဘယ်လောက်ထိသွားမလဲ ကိုရီးယား မြန်မာစက်မှုဇုန်စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံလိုသူများ ဇန်နဝါရီ ၂ဝမှစတင်ကာ မြေကွက်များလျှောက်ထားနိုင် လေးထောင့်ကန်ကျေးရွာတွင် အကောင်အထည်ဖော်မည့် YANGON AMATA SMART AND ECO CITY ရန်ကုန်ရဲ့အကြီးမားဆုံးသော စီမံကိန်းကြီး ၃ ခု အကြောင်း Credit : moi-gov Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties