By San Wadi Hnin, Shweproperty.com
Updated at 8 August 2022
ကိုယ်နေထိုင်တဲ့အိမ်ဝန်းထဲမှာ အဆိုးအညံ့တွေကိန်းအောင်းနေရင် လာဘ်လာဘလည်းမဝင်တော့ပဲ ဘာပဲလုပ်လုပ်အဆင်မပြေဖြစ်နေတတ်ပါတယ်။ဒါကြောင့်မို့လို့ ကံဆိုးနေတယ်။ကံညံ့နေတယ်လို့ခံစားရတဲ့အခါ အိမ်ထဲကို ကံကောင်းခြင်းတွေရောက်လာဖို့ ဒီလိုဖုန်းရွှေနည်းလမ်းလေးတွေလုပ်ကြည့်ပါ။ (၁) တံခါးလက်ကိုင်မှာ ခေါင်းလောင်း ဒါမှမဟုတ် အကြွေစေ့ချိတ်ဆွဲပါ ဖုန်းရွှေနည်းလမ်းအရ ရှေးဟောင်းတရုတ်အကြွေစေ့ ၃ စေ့ကို အနီရောင်ဖဲကြိုးလေးနဲ့ချည်ပြီး အိမ်ရှေ့တံခါးမကြီးရဲ့လက်ကိုင်မှာ ချည်ပေးထားမယ်ဆိုရင် အညံ့တွေပျောက်ပြီး ချမ်းသာကြွယ်ဝမှုတွေကို ဆောင်ယူလာပေးနိုင်တယ်လို့ဆိုထားပါတယ်။ ခေါင်းလောင်းလေးတွေချိတ်ဆွဲထားမယ်ဆိုရင်လည်း ကံဆိုးမှုတွေကိုဖယ်ရှားပေးတယ်လို့ဆိုပါတယ်။ (၂) အိမ်ပတ်ဝန်းကျင်ကို ပြောင်းလဲပါ အိမ်ပတ်ဝန်းကျင်အနေအထားကလည်း လူရဲ့စိတ်နဲ့ခန္ဓာကိုယ်ကို ထိခိုက်စေတယ်လို့ ဖုန်းရွှေပညာရှင်တွေပြောကြပါတယ်။အလုပ်အကိုင်မကောင်းရင် အလုပ်လုပ်နေတဲ့ပတ်ဝန်းကျင်ကို သန့်သန့်ရှင်းရှင်းနဲ့သပ်သပ်ရပ်ရပ်လေး ပြောင်းလဲနေရာချလိုက်ပါ။ ဒါမှမဟုတ် ကိုယ့်ရဲ့ဧည့်ခန်း ၊အိမ်ခန်းတစ်ခုလုံးကို အသစ်အဆန်းဖြစ်အောင်နေရာအပြောင်းအရွေ့လုပ်ပြီး အမှိုက်သရိုက်တွေကိုဖယ်ထုတ်ရှင်းလင်းပါ။ အဲ့ဒါဆိုရင် အိမ်ထဲကိုကံကောင်းမှုတွေဝင်ရောက်လာပါလိမ့်မယ်။ (၃) ပီချူးလေးတွေဆောင်ပါ ပီချူးလေးတွေကိုလက်ကောက်အဖြစ်တစ်မျိုး၊ဆွဲကြိုးအဖြစ်တစ်ဖုံ အဆောင်အဖြစ်ဝတ်ဆင်တာမျိုးဟာ ငွေကြေးလာဘ်လာဘလည်းရွှင်စေပြီး ကောင်းမွန်တဲ့စွမ်းအင်တွေအနီးတစ်ဝိုက်စီးဆင်းနေစေပါတယ် ။အိမ်ထဲက အညံ့တွေပြေပျောက်စေဖို့အတွက် အိမ်ရဲ့လာဘ်လာဘပေါများစေတဲ့နေရာလေးမှာ ပီချူးထားပေးနိုင်ပါတယ်။ (၄) ကောင်းမွန်တဲ့စွမ်းအင်ခံယူပါ နာမည်ကြီးတောင်တန်းတွေ၊ဘုရားကျောင်းတွေကိုသွားရောက်လည်ပတ်ပြီး အဲ့ဒီပတ်ဝန်းကျင်ကနေ ဖုန်းရွှေဓာတ်ငါးမျိုးကို ခံယူတာကလည်း ကိုယ့်ရဲ့အနီးပတ်ဝန်းကျင်မှာ ကောင်းမွန်တဲ့စွမ်းအင်တွေကူးပြောင်းရရှိလာစေပါတယ်။ဒါမှမဟုတ် အမြဲတမ်းကံကောင်းတတ်တဲ့သူငယ်ချင်း ၊ ဆွေမျိုးတွေဆီကို ခဏတဖြုတ်သွားလည်တာ၊သွားနေတာမျိုးလုပ်တာကလည်း ကံကောင်းမှုတွေကိုရရှိလာစေပါတယ်။ (၅) ဆားပုံပါ တကယ်လို့အိမ်အသစ်ကိုပြောင်းရွေ့တာဆိုရင် အိမ်ထဲက မကောင်းတဲ့အငွေ့အသက်တွေ၊ကံဆိုးနေတာတွေယူပစ်သလို ပျောက်သွားစေဖို့ အခန်းတိုင်းရဲ့ထောင့်မှာ ဆားအနည်းငယ်စီပုံထားပေးပါ။၄၈ နာရီပြည့်ရင်တော့ ဖယ်ပြီး ဝေးဝေးကိုလွှင့်ပစ်လိုက်ပါ။ဒါဆိုရင်မကောင်းတဲ့ဓာတ်တွေ အိမ်ထဲကလွှင့်စင်သွားပါလိမ့်မယ်။ ဒီနည်းလေးတွေကိုသုံးပြီး အိမ်ထဲက မကောင်းတဲ့အဆိုးတွေ၊ အညံ့တွေကိုဖယ်ရှားနိုင်ပြီး ကံကောင်းခြင်းတွေရောက်လာစေဖို့ ဒီနည်းလမ်းလေးတွေကိုသုံးကြည့်စေချင်ပါတယ်။ ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ ဗေဒင်ကိန်းခန်းနည်းအရ အိမ်အသစ်ကို သန့်ချင်ရင် ဒီလိုဆောင်ရွက်ပါ အေးချမ်းသာယာပျော်ရွှင်တဲ့အိမ်လေးဖြစ်ဖို့ ဒီလိုဖုန်းရွှေနည်းလေးတွေသုံးကြမယ် မသိသူကျော်သွား၊ သိသူဖော်စား အိမ်တန်ဖိုး ပိုမြင့်စေမယ့် လျို့ဝှက်ချက်များ အိမ်ကို လာဘ်လာဘပေါများပြီး ငွေရွှင်စေမယ့် ဖုန်းရွှေနည်းလမ်းများ Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties