By Pyae Phyo Myint Mo, Shweproperty.com
Updated at 5 October 2015
Photo Credit : V Media
အခုနောက်ပိုင်း အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးကွက်ကတော့ တန်ဖိုးနည်း အရှုပ်အရှင်းကင်း မြေကွက်လေးတွေ ဖြစ်ပြီး အိမ်မပါတဲ့ မြေကွက်တွေကိုလည်း လူစိတ်ဝင်စားမှု ရှိနေပါတယ်။ မြေကွက်သီးသန့် ဈေးကွက်တွေကိုတော့ ခေါ်ဈေးထက်ဈေးလျှော့တာနည်းပေမယ့် လူနေထိုင်ပြီး လုံးချင်းတိုက်တွေကိုတော့ ခေါ်ဈေးထက်ပိုဆစ်တာတွေ ရှိပါတယ်။
ဈေးကွက်ထဲမှာ အရောင်းအဝယ်ဖြစ်နေတဲ့ အမျိုးအစားတွေကတော့ သိန်း (၅၀၀) ဝန်းကျင် လုံးချင်းတိုက်တွေနဲ့ သိန်း (၂၀၀) အောက်မြေကွက် အလွတ်တွေပဲ ဖြစ်ပါတယ်။ ကန်ထရိုက်တိုက်ခန်းတွေ ဆိုရင်တော့ လုပ်ငန်းလုပ်ကိုင်လို့ရတဲ့ မြေညီထပ်တိုက်ခန်းတွေနဲ့ ဒါဘာခန်းတွေကို လူကြိုက်များပြီး အခန်းကျယ်တိုက်တွေထက် ဈေးနှုန်းသက်သာတဲ့ တိုက်ခန်းတွေကို လူစိတ်ဝင်စားမှု များတယ်လို့ သိရပါတယ်။
ကျပ်သိန်းတစ်ထောင်အထက် ဈေးကွက်တွေမှာတော့ အာရ်စီ နှစ်ထပ်တိုက်တွေနဲ့ အဆင့်မြင့် တိုက်ခန်းတွေသာ ခေါ်ဈေးရှိပြီး လက်ရှိမှာတော့ အဝယ်မရှိဘဲ နိုင်ငံခြားသား အငှားလောက်သာ ဈေးကွက်ရှိနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် ကန်ထရိုက်လောကမှာလည်း ဝယ်လက်ရှာတတ်တဲ့ ကန်ထရိုက်ကို အောက်ဈေးနဲ့ အရင်းအတိုင်း ပြန်ဆောက်ပေးတာတွေလည်း ရှိနေပါတယ်။ ကန်ထရိုက်အများစု ဈေးကွက်အမြတ်ကျန်ဖို့ထက် ရေရှည်ရပ်တည်နိုင်ဖို့ နာမည်ရှိဖို့ အကျိုးတူဆောက်လုပ်လာကြတာတွေလည်း ရှိပါတယ်။ အလုပ်သမားထိမ်းရတဲ့ နေရာမှာလဲ စီမံကိန်း လက်ခံနိုင်ဖို့အတွက် ဆောက်လုပ်ရေး လုပ်ငန်းမှာ လူအဆင်သင့် ရှိနေဖို့ အရင်းအတိုင်း လုပ်ကိုင်ရတဲ့ စီမံကိန်းတွေလဲ ရှိတယ်လို့ သိရပါတယ်။
Written By : Pyae Phyo Myint Mo
Posted By : Moe Thae'
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties