By Duwun, Shweproperty.com
Updated at 15 July 2016
ဝင်ငွေနည်း အခြေခံလူတန်းစား ပြည်သူတွေကို ဦးစားပေးရောင်းချမယ့် ကျပ်သိန်း ၅၀ အောက် တန်ဖိုးနည်းအိမ်ရာအခန်း သုံးသိန်းကို တော်ဝင်ဆောက်လုပ်ရေးက အကောင်အထည်ဖော်သွားမယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်းထဲမှာ ဝင်ငွေနည်း အခြေခံလူတန်းစားတွေ လက်လှမ်းမီနိုင်တဲ့ အိမ်ရာဈေးနှုန်းနဲ့ အိမ်ရာတွေမရှိလို့ အရစ်ကျစနစ်နဲ့ ကျပ်သိန်း ၅၀ အောက် တန်ဖိုးနည်းအခန်းပေါင်း သုံးသိန်းကို အကောင်အထည်ဖော်ဖို့ စီစဉ်နေတာဖြစ်ပြီး မြေနေရာအတွက် အစိုးရရဲ့ အကူအညီ လိုအပ်တယ်လို့ တော်ဝင်မိသားစု ကုမ္ပဏီဥက္ကဋ္ဌ ဦးကိုကိုထွေးက ပြောပါတယ်။
“မိသားစုတစုကို တစ်ခန်းရောင်းရင် သူတို့အများကြီးဝယ်လို့မရတော့ဘူး။ အဲဒါဆိုရင် သူတို့လက်ထဲရောက်သွားမယ်။ ဒါလည်း လျှောက်လွှာတင် စရာမလိုဘူး အခု ဝယ်အခုရမယ်။ ဒါပေမဲ့ ဘဏ်ချေးငွေကို နိုင်ငံတော်က စီစဉ်ပေးရမှာ။ ဒါပေမဲ့ သူတို့ကို ၁၃ ကျပ်နှုန်းနဲ့ တွက်ရင် ၇ နှစ်လောက်ဆိုရင် ၄၅ သိန်းက သိန်း ၁၅၀ လောက်ဖြစ်သွားတော့ အဆင်မပြေဘူး”လို့ ဦးကိုကိုထွေးက ပြောပါတယ်။
တော်ဝင်ဆောက်လုပ်ရေးက အကောင်အထည်ဖော်မယ့် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းကို အရင်အစိုးရလက်ထက်မှာ စတင်ဖို့စီစဉ်ခဲ့ပေမဲ့ အစိုးရက ပါဝင်ပံ့ပိုးမှုမရှိခဲ့တာကြောင့် စီမံကိန်း ပျက်သွားခဲ့တာပါ။
Ref : Duwun
Photo Credit : realestate
Posted By : Moe Thae'
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties