By Ra Wai, Shweproperty.com
Updated at 24 July 2020
ရန်ကုန်မိုးပျံအမြန်ကားလမ်း တည်ဆောက်ခွင့်ရကုမ္ပဏီကို စက်တင်ဘာလတွင် အပြီးသတ် ရွှေးချယ်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊ ဒုတိယညွန့်ကြားရေးမှူးချုပ်ဦးကြည်ဇော်မြင့်ကပြောသည်။
ရန်ကုန်မိုးပျံ အမြန်ကားလမ်းကို ယခုနှစ်ဇူလိုင်တွင် စတင် ဆောက်လုပ်မည်ဟု ပြောဆိုထားသော်လည်း COVID-19 ကြောင့် တင်ဒါရွေးချယ်ပွဲကိုပင် မလုပ်ဆောင်နိုင်သေးကြောင်း၊ ယခုတင်ဒါရွေးချယ်မူကို စက်တင်ဘာ ၁ ရက်တွင် အပြီးသတ်ဆောင်ရွက်မည်ဖြစ်ပြီး ကုမ္ပဏီများသည်လည်း အဆိုပါရက်မတိုင်ခင် စီမံကိန်းအဆိုပြုချက်တင်ပြရမည်ဖြစ်ကြောင်း သိရသည်။
"မကြာခင်တင်ဒါကိုအပြီးသတ်ရွေးချယ်သွားမယ်၊ ကိုဗစ်ကြောင့် ခဏရပ်ဆိုင်းထားတာပါ၊ တင်ဒါရွေးချယ်မယ့်ရက်မှာ လေကြောင်းလိုင်းတွေကမဖွင့်သေးဘူးဆိုရင် ရောက်တယ့်နေရာကနေအဆိုပြုလွှာကိုတင်ပြရမယ်"ဟု ဦးကြည်ဇော်မြင့်ကပြောသည်။
တင်ဒါလျှောက်ထားသည့် ကုမ္မဏီကိုးခုသည် နိုင်ငံခြားမှ ဖြစ်ပြီး ၎င်းတို့ကို ကြီးကြပ်ဆောင်ရွက်ပေးမည့်သူမှာ World Bank မှ တာဝန်ရှိပုဂ္ဂိုလ်များဖြစ်နေ သောကြောင့် တင်ဒါလာပြိုင်မည့် သူများနှင့် မြန်မာနိုင်ငံသို့ လာရောက်ရန် လေလိုင်းကြောင်းများမရှိသေး၍ ရွှေ့ဆိုင်းထားခြင်း ဖြစ်ကာရန်ကုန်မိုးပျံအမြန်ကားလမ်းတွင် အပိုင်းနှစ်ပိုင်းပါဝင်ပြီး အပိုင်း(၁)ကို ဦးစွာအကောင်အထည်ဖော်မည်ဖြစ်ကြောင်း သိရသည်။
စီမံကိန်းတစ်ခုလုံးသည် ၄၄ ဒသမ ၁ ကီလိုမီတာ (၂၇ မိုင်ကျော်) ရှိပြီး အရှေ့ဘက်ခြမ်း အပိုင်း(၁)သည် ၂၇ ဒသမ ၆ ကီလိုမီတာ (၁၇ မိုင်ကျော်) နှင့် အနောက်ခြမ်းအပိုင်း (၂) သည် ၁၆ ဒသမ ၅ ကီလိုမီတာ(၁၀ မိုင်ကျော်) ရှိသည်။အပိုင်း(၁)သည် အထက်ပုဇွန်တောင်လမ်းမှ ဝေဇယန္တာလမ်း၊ သုဓမ္မာလမ်း၊ ခရေပင်လမ်းတို့ကို ဖြတ်သန်း၍ အောက်မင်္ဂလာဒုံလမ်းဆုံအထိဖြစ်ကြောင်း သိရသည်။
Ref By: The Fifth Wave News
Posted By: Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties