By Myanmar Times, Shweproperty.com
Updated at 18 November 2015
အထပ် ၃၄ ထပ်အမြင့်ရှိသည့် ဆောက်လုပ်ဆဲ Diamond Inya Palace အထပ်မြင့် ကွန်ဒို နိုဝင်ဘာ ၁၇ ရက်တွင် မီးလောင်မှု ဖြစ်ပွားခဲ့သဖြင့် အဆိုပါအဆောက်အအုံ၏ ဆောက်လုပ်ရေးလုပ်ငန်းများကို ခေတ္တရပ်နားထားပြီး စစ်ဆေးမှုများပြုလုပ်ကာတည် ဆောက်မှုပိုင်းကို ပြန်လည်ညွှန်ကြားမည်ဖြစ်ကြာင်းရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ) လက်ထောက်ညွှန်ကြားရေးမှူးဖြစ်သူ ဦးနေဝင်းက ပြောသည်။
"အခုလိုမျိုး မီးလောင်ရင် သက်ဆိုင်ရာ ဌာနတွေက စစ်ဆေးမှုတွေ ပြုလုပ်ပြီးမှ၊ သူတို့ရဲ့ ခွင့်ပြုချက်ပြန်ရမှ ဆောက်လုပ်မှုပိုင်းကို ပြန်စလို့ရတယ်။ အခုမီးလောင်မှုက အထပ်မြင့်မှာ ဖြစ်တာဆိုတော့ အထပ်မြင့် စိစစ်ရေးကော်မတီကနေ စစ်ဆေးသွား မှာပါ။ လောလောဆယ်တော့ ဆောက်လုပ်ရေး လုပ်ငန်းကို ခဏရပ်နားရမှာပါ။ ပြီးမှ ဆက်လက် ဆောက်ခွင့်တွေကို စစ်ဆေးမှု ရလဒ်ပေါ်မှာ ဆုံးဖြတ်သွားမှာပါ" ဟု ၎င်းက မြန်မာတိုင်း(မ် ကို ပြောသည်။
ယင်းမီးလောင်မှုသည် နိုဝင်ဘာ ၁၇ ရက် နံနက် ၂ နာရီခွဲ အချိန်တွင် ဖြစ်ပွားခဲ့ပြီး မနက် ၆ နာရီ မိနစ် ၅၀ တွင် မီးကို ငြှိမ်းသတ် နိုင်ခဲ့ကာ အဆောက်အအုံ၏ ၂၁ ထပ်နှင့် ၂၂ ထပ်တို့တွင် မီးလောင်ခဲ့ခြင်းဖြစ်သည်။ မီးသတ်ဌာန၏ သတင်းထုတ်ပြန် ချက် အရ ဆလိုက်မီးပြုတ်ကျရာမှ မီးပွားများက တစ်ဆင့် ဆောက်လက်စ သစ်သားများ နှင့် အထပ်သားများကို မီးကူးစပ်ခဲ့သည့် အတွက် မီးလောင်ချိန် ကြာမြင့်ခဲ့ခြင်း ဖြစ်သည်။
"ငါးထပ်သား အထပ် ၇၀၀ နဲ့ သစ် ၁၀ တန် လောက် လောင်သွားတယ်။ လောလောဆယ် တော့ ဆောက်လုပ်ရေးတာဝန်ခံ အင်ဂျင် နီယာကို အရေး ယူထားပါတယ်။ ဆလိုက်မီးပြုတ်ကျရာကနေ မီးပွားတွေထွက်ပြီး ကူးစက် လောင်တာလို့တော့ လက်တလော စစ်ဆေး ချက်အရ တွေ့ထားပါတယ်" ဟု မရမ်းကုန်းမြို့နယ် မီးသတ်ဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယင်းကဲ့သို့ အထပ်မြင့်များတွင် မီးလောင်မှု ဖြစ်ပွားခြင်းသည် အဆောက်အအုံ တစ်ခု၏ မီးလိုင်းသွယ်တန်းမှု ဆိုင်ရာ (M&E) အားနည်း ချက်များကြောင့် ဖြစ်နိုင်ပြီး အဆိုပါ အဆောက်အအုံတစ်ခု၏ ဘေးကင်းလုံခြုံရေး အတွက် အရေးကြီးသည့် အပိုင်းတစ်ခုဖြစ်ကြောင်း မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းတာဝန်ရှိသူတစ်ဦးက ပြောသည်။ "ဆောက်လက်စ အဆောက်အအုံတွေမှာ လည်း မီးဘေးက အရေးကြီးပါတယ်။ ဒါတွေက လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးတွေ ထဲမှာ ပါပြီးသား၊ မဖြစ်မနေလိုက်နာရမယ့် အချက်တွေပါ။ အခုလို မတော်တဆ ဖြစ်သွား တယ်ဆိုရင် ဒီလျှပ်စစ်ပိုင်းကို သေချာ ဂရုစိုက် သွားဖို့တော့လိုပါတယ်။ သက်ဆိုင်ရာဌာန တွေကလည်း ဒါကို သေချာစိစစ် သွားမယ်လို့ ထင်ပါတယ်" ဟု ၎င်းကပြောသည်။ ယခုကဲ့သို့ ကွန်ဒိုအထပ်မြင့်တွင် မီးလောင် ခဲ့ခြင်းမှာ အလုပ်သမားအချို့၏ စစ်ဆေးမှု အားနည်းခဲ့ခြင်းကြောင့်ဖြစ်ပြီး အထပ်မြင့် ဖြစ်သည့်အတွက် မီးငြှိမ်းသက်ရန် ခက်ခဲ ခဲ့ပြီး မီးလောင်ကျွမ်းမှု အချိန်ကြာမြင့် ခဲ့ခြင်းဖြစ်သည်ဟု Mandalay Golden Win ကုမ္ပဏီက တာဝန်ရှိသူတစ်ဦးက ပြောသည်။
"မီးလောင်မှုက အရမ်းမများပေမယ့် အထပ်မြင့်မှာဖြစ်တော့ လေတိုက်တာက လည်းများတယ်။ ပြီးတော့ အလုပ်သမား တွေ မရှိတော့တဲ့အချိန်မှာ ဖြစ်တာမို့လို့ မီးသတ်ဖို့ကလည်း လွယ်လွယ်ကူကူ မဖြစ်တာကြောင့် မီးလောင်ချိန်က နည်းနည်း ကြာသွားတာပါ။ ဘာမှကြီးမားတဲ့ ထိခိုက် ဆုံးရှုံးမှုတွေမရှိပါဘူး။ ပြီးတော့ ဆောက်လက်စဖြစ်တဲ့အတွက် လောင်စရာကလည်း သစ်သားတွေ၊ သံချောင်းတွေလောက်ပဲ ရှိပါတယ်" ဟု ၎င်းကပြောသည်။
ယင်းကွန်ဒိုမီနီယံကို Mandalay Golden Win ကုမ္ပဏီက တည်ဆောက်ခြင်းဖြစ်ပြီး ဆောက်လုပ်မှုပိုင်းကို ၂၀၁၂ ခုတွင် စတင် ခဲ့ရာ ၂၀၁၆ ခုနှစ်တွင်ပြီးစီးမည်ဟု ကုမ္ပဏီက ကွန်ဒိုမိတ်ဆက်အခမ်းအနားတွင် သတင်း ထုတ်ပြန်ခဲ့သည်။ လက်ရှိ တွင်မူ တည်ဆောက်ပြီးစီးမှုပိုင်း မှာ အထပ် ၂၂ ထပ်သာ ရှိသေးပြီး ဆက်လက်တည်ဆောက်သွားနိုင်ရန်ကုမ္ပဏီက ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါ Diamond Inya Palace ကွန်ဒို တည်ဆောက်ပြီးစီးပါက ရန်ကုန်မြို့တွင် အမြင့်ဆုံး အဆောက်အအုံတစ်ခု ဖြစ်လာမည်ဖြစ်ကာ အခန်းများကိုလည်း ကြိုတင် ရောင်းချထားသည်။
Ref : Myanmar Times
Photo Credit : 7daydaily
Posted By : Htet Mhuu
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties