By ဝိုင်းနဒ္ဒီ(ShweProperty.com), Shweproperty.com
Updated at 10 September 2019
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်လအတွင်း ကုန်ထုတ်စက်ရုံတွေ ရွှေ့ပြောင်းတည်ဆောက်ဖို့ လာရောက်စုံစမ်းတဲ့ ကုန်ထုတ်လုပ်ငန်း လုပ်ကိုင်သူတွေ တော်တော်များများရှိကြောင်း၊ ဒါဟာ စီးပွားရေးတိုးတက်ဖို့နဲ့ အိမ်နီးချင်းနိုင်ငံ တွေဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်၊ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတို့နဲ့ ဆက်လက်ယှဉ်ပြိုင်ဖို့ အင်မတန်အရေးကြီး တဲ့ အခွင့်အရေးကောင်းတစ်ခုဖြစ်တယ်လို့ NYDC ရဲ့ CEO ဦးသိမ်းဝေ၏ အပတ်စဉ်စာစဉ်မှာဖော်ပြထားပါတယ်။
“ဒီနေရာမှာ ကြုံတွေ့နေရတဲ့ အဓိကပြဿနာက ဒီထုတ်ကုန်စက်ရုံတွေရဲ့ အစောတလျင် ရွှေ့ပြောင်းလုပ်ကိုင်လိုမှုပါ။ ဒါကြောင့်မို့လို့ “ကျွန်တော်တို့အနေနဲ့ ဒီကုန်ထုတ်စက်ရုံတွေကိုလည်း နေရာချထားပေးနိုင်ပြီး အခွင့်အရေးကောင်း လက်လွတ်မခံရအောင် စက်မှုဇုန်ပထမအသုတ်ကို နိုင်ငံတကာစံနှုန်းတွေ၊ စည်းမျဉ်းတွေနဲ့အညီ အမြန်ဆုံးအကောင်အထည်ဖော်နိုင်ဖို့ အစီအစဉ်တစ်ခုရေးဆွဲနိုင်ဖို့ ပြင်ဆင်နေပါတယ်။” လို့ ဦးသိမ်းဝေက ဆိုပါတယ်။
ရန်ကုန်မြို့သစ်ကို အကောင်းဆုံးအကောင်အထည်ဖော်ဖို့ တာဝန်ယူထားတဲ့ NYDC ရဲ့ ပြောင်းလဲမှုတစ်ခုအနေနဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က NYDC ကို ဒါရိုက်တာဘုတ်အဖွဲ့ဝင်သစ်တွေနဲ့ ပြင်ဆင်ဖွဲ့စည်းလိုက်ပါတယ်။
ဝန်ကြီးဒေါ်နီလာကျော်အစား ဥက္ကဌအဖြစ် ပြောင်းလဲတာဝန်ယူမယ့် ရန်ကုန်ဒုမြို့တော်ဝန် ဦးစိုးလွင်နဲ့ ဝန်ကြီးဦးဟံထွန်းနေရာမှာ ဒါရိုက်တာအဖြစ် ပြောင်းလဲတာဝန်ယူမယ့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူးဒေါ်လှိုင်မော်ဦးတို့ ဖြစ်ပါတယ်။
“ကျွန်တော့်အနေနဲ့ NYDC ကိုယ်စား ဝန်ကြီးဒေါ်နီလာကျော်နဲ့ ဝန်ကြီးဦးဟံထွန်းတို့ကို ဒါရိုက်တာအဖြစ် တာဝန်ယူခဲ့တဲ့အချိန်မှာ စီမံကိန်းတိုးတက်ရေးအတွက် အဘက်ဘက်က အားထုတ်မှုတွေ၊ ဆွေးနွေးအကြံပေးမှုတွေအတွက်လည်း အထူးကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ ဒါရိုက်တာဘုတ်အဖွဲ့ဝင်အသစ်တွေရဲ့ အတွေ့အကြုံနဲ့ ကျွမ်းကျင်မှုတွေက ရန်ကုန်မြို့သစ်ပထမအဆင့်ဖွံဖြိုးရေးမှာ အများကြီးအထောက်အကူဖြစ်မယ်လို့လည်း ယုံကြည်ပါတယ်။” လို့ ဆိုပါတယ်။
Written By : ဝိုင်းနဒ္ဒီ (ShweProperty.com)
Photo Credit : Thaibizmyanmar
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties