By Wut Yee Htun, Shweproperty.com
Updated at 6 December 2019
Shwe Property ၏ ပထမဦးဆုံးအကြိမ် Luxury Condo အရောင်းပြပွဲကြီးကို ဒီဇင်ဘာလ (၇)ရက်နေ့နဲ့ (၈)ရက်နေ့တွေမှာ ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းမှာရှိတဲ့ Melia Hotel မှာ ကျင်းပသွားမယ်လို့ Shwe Property ကနေ သတင်းထုတ်ပြန်ထားပါတယ်။
အဆင့်မြင့်ကွန်ဒိုဝယ်ယူနေထိုင်ချင်တဲ့သူတွေအတွက်နဲ့ ရင်းနှီးမြှုပ်နှံမယ့်သူတွေအတွက်ရည်ရွယ်ပါတယ်။ ရန်ကုန်မြို့ရဲ့ မြို့နယ်စုံမှာ တည်ဆောက်ထားတဲ့ အဆင့်မြင့်ကွန်ဒိုတွေ သီးသန့် စုစည်းပြီး Shwe Property ကနေ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။
“ဒီပွဲကတော့ ကျွန်တော်တို့ Shwe Property ကနေ ပထမဦးဆုံးအကြိမ်ပြုလုပ်တဲ့ အဆင့်မြင့်အိမ်ရာတွေချည်း သီးသန့်စုစည်းပြီး ပြသရောင်းချမယ့် ပွဲဖြစ်ပါတယ်။ Luxury Market ကို ပြန်လည်နိုးထစေချင်တဲ့ ဆန္ဒ လည်း ပါသလို၊ ရန်ကုန်မြို့မှာ (၇၀)ရာခိုင်နှုန်းအထက်နဲ့ (၂၀၂၀) ၊ (၂၀၂၁) ခုနှစ်မှာ ပြီးစီးမယ့် ပရောဂျက်တွေများစွာ ရှိတယ်ဆိုတာလည်း တွေ့ရတယ်။ နောက်တစ််ခုကတော့ (၇၀)ရာခိုင်နှုန်း အထက် တည်ဆောက်မှုပြီးစီးတဲ့ အိမ်ရာပရောဂျက်တွေကို ဝယ်ယူတဲ့သူတွေ များလာတဲ့အတွက်ကြောင့် ကျွန်တော်တို့ အနေနဲ့ ဒါမျိုးအိမ်ရာတွေကို စုစည်းပြီး ပြပွဲကျင်းပရခြင်း ဖြစ်ပါတယ်။” လို့ ShweProperty.com တည််ထောင်သူနှင့် ဒါရိုက်တာ ဦးကောင်းသူဝင်းက ဆိုပါတယ်။
အိမ်ရာတွေကတော့ ပြည်လမ်းပေါ်က 7th Mile Condo, သာကေတမြို့နယ်မှ Emerald Bay Condo , လှိုင်မြို့နယ်မှ Grand Myakanthar Condo, ရန်ကင်းမြို့နယ်မှ Kanbae Towers Condo, မြောက်ဒဂုံမြို့နယ်မှ Pinlon Village Residence , လှိုင်မြို့နယ် Golden Parami Luxury Condo, ရန်ကုန်- အင်းစိန်လမ်းမပေါ်မှ The Century Luxury Condominium , ဗဟန်းမြို့နယ်မှ The Vista Condo နဲ့ တောင်ဥက္ကလာပမြို့နယ်မှာ ခမ်းခမ်းနားနား တည်ဆောက်ထားတဲ့ Inno City အိမ်ရာစီမံကိန်းတို့ကို ပြပွဲရက်အတွင်းမှာ အထူးအစီအ စဉ် များနှင့် ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။
အဆိုပါအိမ်ရာအရောင်းပြပွဲတွင် အိမ်ရာချေးငွေအစီအစဉ်နဲ့လည်း ဝယ်ယူနိုင်မှာဖြစ်တဲ့အတွက် မိမိကြိုက်နှစ်သက်ရာ ဘဏ်နဲ့ချိတ်ဆက်ပြီး (၅)နှစ်မှ (၂၅)နှစ်ထိ နှစ်ရှည်အရစ်ကျနဲ့ ဝယ်ယူနိုင်ဦးမှာပါ။
“ နေထိုင်မယ့်သူတွေအတွက်ရော ရင်းနှီးမြှုပ်နှံမယ့်သူတွေ အတွက်ပါ ရည်ရွယ်ပါတယ်။ မကြာခင်မှာ ဆောက်လုပ်ပြီးစီးမယ့် ပရောဂျက်တွေ ဖြစ်နေတာကြောင့် ဈေးကွက်မှာပြန်ရောင်းဖို့ပဲ ဖြစ်ဖြစ်၊ အငှားပြန်လည်လုပ်ဆောင်ဖို့ပဲ ဖြစ်ဖြစ် အငှားအာမခံပြန်လည်ရရှိနိုင်တဲ့ ပရောဂျက်တွေ ပါဝင်ပါတယ်” လို့ ဦးကောင်းသူဝင်းက ပြောပါတယ်။
ပြပွဲရဲ့ ထူးခြားချက်အနေနဲ့ကတော့ အဆင့်မြင့်ကွန်ဒိုကို (၁)စတုရန်းပေ ဈေးနှုန်း (၁)သိန်း (၃)သောင်းမှ စတင်ခြင်း၊ အများအားဖြင့် အသင့်နေထိုင်ရုံ BCC ကျပြီးအခန်းတွေပါဝင်တာမို့ ချက်ချင်းရွှေ့ပြောင်းနေထိုင်နိုင် ခြင်း၊ အနည်းဆုံး (၇၀)ရာခိုင်နှုန်း ဆောက်လုပ်ပြီးစီးသည့် အခန်းတွေ ဖြစ်လို့ ကြိုတင်ဝယ်ယူထားချင်လို့ ဖြစ်ဖြစ် ရင်းနှီးမြှုပ်နှံဖို့အတွက် ဖြစ်ဖြစ် အဆင်ပြေဆုံးနဲ့ အသက်သာဆုံးဝယ်ယူနိုင်အောင် စီစဉ်ပေးထားပါတယ်။ ဒါတွေအပြင် Developer တိုက်ရိုက် အတိုးမဲ့အရစ်ကျစနစ်လည်း ပါဝင်ပါတယ်။
နိုင်ငံတကာအဆင့်မီ ကွန်ဒိုအင်္ဂါရပ်နဲ့ကိုက်ညီတဲ့ ဝန်ဆောင်မှုများပါဝင်တဲ့တွက် Luxury Lifestyle ကို အပြည့်ရရှိနိုင်မယ့် ပရောဂျက်တွေကို စိတ်ပါဝင်စားတဲ့သူတွေအတွက် အကောင်းဆုံး ပရိုမိုးရှင်းအစီအစဉ်တွေနဲ့ ရောင်းချပေးသွားမယ်လို့ သိရပါတယ်။
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties