By Sint Sint, Shweproperty.com
Updated at 25 November 2020
Unicode
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်နှင့် ဒေါပုံမြို့နယ်တို့ကို ချိတ်ဆက်ထားသည့် ဒေါပုံတံတားဟောင်းကို ရန်ကုန်မြို့၏ ပထမဆုံးသောအပန်းဖြေပန်းခြံတံတားအဖြစ် ပြုပြင်ဆောင်ရွက်လျက်ရှိသည်။
လက်ရှိတွင် ကိုဗစ်ရောဂါဂယက်နှင့် ကန့်သတ်ချက်များဖြစ်ပေါ်နေသည့်အတွက် ဒေါပုံတံတားဟောင်း ပြင်ဆင်ဆောင်ရွက်မှု ပြီးစီးမည့်အခြေအနေကို မခန့်မှန်းနိုင်သေးကြောင်း ဒေါပုံမြို့နယ်မဲ ဆန္ဒနယ်အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်က ပြောသည်။
“အစိုးရသစ်လက်ထက်မှာ ဖွင့်လှစ်နိုင်အောင်လုပ်နေကြပါတယ်။ တံတားက ဒေါပုံနဲ့ မင်္ဂလာတောင်ညွန့်ကို ချိတ်ဆက်ထားတဲ့ ဆောက်ပြီးသား တံတားဟောင်းပေါ့။ မြေနေရာက ဒေါပုံဘက်မှာရှိတော့ လုပ်စရာတွေက များတယ်။
ကလေးတွေ ဘတ်စ ကက်ဘောကစားဖို့ ကွင်းလည်းပါတယ်။ တံတားသစ်လမ်းမကြီးဘက်က ကားတွေ ဒီနေရာကိုလာရင်အဆင်ပြေအောင် ကားဝင်ကားထွက်ပတ်လမ်းပါတယ်။ လမ်းမအပေါ်ကိုလည်း ပြန်တက်လို့ရအောင်ပါ။ဘယ်တော့လောက် ဖွင့်ဖြစ်မလဲဆိုရင် အစိုးရအသစ်ဖွဲ့ ပြီး တက်လာတာနဲ့ဖွင့်နိုင်မှာပါ” ဟု ၎င်းက ပြောသည်။
ဒေါပုံမြို့နယ်ဘက်ခြမ်းရှိ တံတားခြေဆင်းတွင် မြေနေရာအပိုရှိသည့်အတွက် လူကြီးများ ကျန်းမာရေးလေ့ကျင့်ရန်နေရာ၊ ကား၊ စက်ဘီးရပ်နားမည့်နေရာများလုပ်ဆောင်မည်ဖြစ်ပြီး အပန်းဖြေနေရာသို့ လာမည့်ကားများ အဝင်အထွက်ပြုလုပ်နိုင်မည့် မော်တော်ယာဉ်ပတ်လမ်းများအဖြစ် ကွန်ကရစ်ခင်းကျင်းခြင်းလုပ်ငန်းများလည်း ဆောင်ရွက်လျက်ရှိသည်။
ယခု ပြင်ဆင်တည်ဆောက်နေသော လူထုအပန်းဖြေနေရာသည် ၁၉၆၄ ခုနှစ်က ကိုလံဘိုစီမံကိန်းအရ ကနေဒါနိုင်ငံက ဆောက်လုပ်ခဲ့သည့် ယခင်သာကေတတံတားဖြစ်သည်။ လက်ရှိ NLD အစိုးရလက်ထက်တွင် ဂျပန်နိုင်ငံ ပြည်သူများလှူဒါန်းသည့် ဂျပန်-မြန်မာချစ်ကြည်ရေး ဒေါပုံတံတားအသစ်ကြီး တည်ဆောက်ခဲ့ပြီး သွားလာနေကြခြင်းကြောင့် ရှိနေဆဲ တံတားအဟောင်းကိုမဖျက်ဘဲ ရန်ကုန်မြို့၏ ပထမဆုံးသော လူထုအပန်းဖြေတံတားပန်းခြံအဖြစ် ပုံဖော်ဆောင်ရွက်နေခြင်းဖြစ်သည်။
နောက်ဆုံးရ သတင်းများ
လှည်းကူးမြို့နယ်ရှိ ကိုရီးယား-မြန်မာစက်မှုဇုန်၊ မြန်မာ-စင်ကာပူ စက်မှုဥယျာဉ်နှင့် ဒဂုံမြို့သစ်တွင် SMART AND ECO CITY PROJECT စီမံကိန်းများကို စတင်အကောင်အထည်ဖော်တော့မည်
COVID-19ကာလ အဆုတ်လေးတွေ ကျန်းမာစေဖို့ အိမ်မှာနေရင်း လိုက်နာသင့်တဲ့ အချက်များ
ရန်ကုန်မိုးပျံအမြန်လမ်းနှင့် ရန်ကုန်မြို့တော်အပြင်ပတ်လမ်းစီမံကိန်း ဦးဆောင်ကော်မတီ၏ စတုတ္ထအကြိမ် အစည်းအဝေးကျင်းပ
Zawgyi
ရန္ကုန္တိုင္းေဒသႀကီး၊ မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္ႏွင့္ ေဒါပုံၿမိဳ႕နယ္တို႔ကို ခ်ိတ္ဆက္ထားသည့္ ေဒါပုံတံတားေဟာင္းကို ရန္ကုန္ၿမိဳ႕၏ ပထမဆုံးေသာအပန္းေျဖပန္းၿခံတံတားအျဖစ္ ျပဳျပင္ေဆာင္႐ြက္လ်က္ရွိသည္။
လက္ရွိတြင္ ကိုဗစ္ေရာဂါဂယက္ႏွင့္ ကန႔္သတ္ခ်က္မ်ားျဖစ္ေပၚေနသည့္အတြက္ ေဒါပုံတံတားေဟာင္း ျပင္ဆင္ေဆာင္႐ြက္မႈ ၿပီးစီးမည့္အေျခအေနကို မခန႔္မွန္းႏိုင္ေသးေၾကာင္း ေဒါပုံၿမိဳ႕နယ္မဲ ဆႏၵနယ္အမွတ္ ၂ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးသန႔္ဇင္က ေျပာသည္။
“အစိုးရသစ္လက္ထက္မွာ ဖြင့္လွစ္ႏိုင္ေအာင္လုပ္ေနၾကပါတယ္။ တံတားက ေဒါပုံနဲ႔ မဂၤလာေတာင္ၫြန႔္ကို ခ်ိတ္ဆက္ထားတဲ့ ေဆာက္ၿပီးသား တံတားေဟာင္းေပါ့။ ေျမေနရာက ေဒါပုံဘက္မွာရွိေတာ့ လုပ္စရာေတြက မ်ားတယ္။
ကေလးေတြ ဘတ္စ ကက္ေဘာကစားဖို႔ ကြင္းလည္းပါတယ္။ တံတားသစ္လမ္းမႀကီးဘက္က ကားေတြ ဒီေနရာကိုလာရင္အဆင္ေျပေအာင္ ကားဝင္ကားထြက္ပတ္လမ္းပါတယ္။ လမ္းမအေပၚကိုလည္း ျပန္တက္လို႔ရေအာင္ပါ။ဘယ္ေတာ့ေလာက္ ဖြင့္ျဖစ္မလဲဆိုရင္ အစိုးရအသစ္ဖြဲ႕ ၿပီး တက္လာတာနဲ႔ဖြင့္ႏိုင္မွာပါ” ဟု ၎က ေျပာသည္။
ေဒါပုံၿမိဳ႕နယ္ဘက္ျခမ္းရွိ တံတားေျခဆင္းတြင္ ေျမေနရာအပိုရွိသည့္အတြက္ လူႀကီးမ်ား က်န္းမာေရးေလ့က်င့္ရန္ေနရာ၊ ကား၊ စက္ဘီးရပ္နားမည့္ေနရာမ်ားလုပ္ေဆာင္မည္ျဖစ္ၿပီး အပန္းေျဖေနရာသို႔ လာမည့္ကားမ်ား အဝင္အထြက္ျပဳလုပ္ႏိုင္မည့္ ေမာ္ေတာ္ယာဥ္ပတ္လမ္းမ်ားအျဖစ္ ကြန္ကရစ္ခင္းက်င္းျခင္းလုပ္ငန္းမ်ားလည္း ေဆာင္႐ြက္လ်က္ရွိသည္။
ယခု ျပင္ဆင္တည္ေဆာက္ေနေသာ လူထုအပန္းေျဖေနရာသည္ ၁၉၆၄ ခုႏွစ္က ကိုလံဘိုစီမံကိန္းအရ ကေနဒါႏိုင္ငံက ေဆာက္လုပ္ခဲ့သည့္ ယခင္သာေကတတံတားျဖစ္သည္။ လက္ရွိ NLD အစိုးရလက္ထက္တြင္ ဂ်ပန္ႏိုင္ငံ ျပည္သူမ်ားလႉဒါန္းသည့္ ဂ်ပန္-ျမန္မာခ်စ္ၾကည္ေရး ေဒါပုံတံတားအသစ္ႀကီး တည္ေဆာက္ခဲ့ၿပီး သြားလာေနၾကျခင္းေၾကာင့္ ရွိေနဆဲ တံတားအေဟာင္းကိုမဖ်က္ဘဲ ရန္ကုန္ၿမိဳ႕၏ ပထမဆုံးေသာ လူထုအပန္းေျဖတံတားပန္းၿခံအျဖစ္ ပုံေဖာ္ေဆာင္႐ြက္ေနျခင္းျဖစ္သည္။
ေနာက္ဆုံးရ သတင္းမ်ား
လွည္းကူးၿမိဳ႕နယ္ရွိ ကိုရီးယား-ျမန္မာစက္မႈဇုန္၊ ျမန္မာ-စင္ကာပူ စက္မႈဥယ်ာဥ္ႏွင့္ ဒဂုံၿမိဳ႕သစ္တြင္ SMART AND ECO CITY PROJECT စီမံကိန္းမ်ားကို စတင္အေကာင္အထည္ေဖာ္ေတာ့မည္
COVID-19ကာလ အဆုတ္ေလးေတြ က်န္းမာေစဖို႔ အိမ္မွာေနရင္း လိုက္နာသင့္တဲ့ အခ်က္မ်ား
ရန္ကုန္မိုးပ်ံအျမန္လမ္းႏွင့္ ရန္ကုန္ၿမိဳ႕ေတာ္အျပင္ပတ္လမ္းစီမံကိန္း ဦးေဆာင္ေကာ္မတီ၏ စတုတၳအႀကိမ္ အစည္းအေဝးက်င္းပ
Credit : News Watch
Posted By : Sint Sint (ShweProperty.com)
Property Sales Event
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties