By Ra Wai, Shweproperty.com
Updated at 11 August 2020
Yangon Metropolitan Development အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်မှ အဓိကတာဝန်ယူတည်ဆောက်နေသည့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၇၃) ရပ်ကွက်၊ မြနန္ဒာလမ်းပေါ်ရှိ နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာ စီမံကိန်း ပထမအဆင့် တည်ဆောက်ရေးလုပ်ငန်း အားလုံး ပြီးစီးပြီဖြစ်ကြောင်း YMD Public Co.,Ltd က ထုတ်ပြန်ထားသည်။
နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာစီမံကိန်း ပထမအဆင့်တွင် (၈) ခန်းတွဲ (၅) ထပ်တိုက် (၈) လုံး ပါဝင်ပြီး စီမံကိန်း ဒုတိယအဆင့်အနေဖြင့် တည်ဆောက်သည့် (၈)ခန်းတွဲ (၅) ထပ်တိုက် (၆)လုံးကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ နောက်ဆုံးထားတည်ဆောက်ပြီးစီးရန် မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ယင်းစီမံကိန်းအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တည်ဆောက် ခဲ့ခြင်းဖြစ်ပြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးက အနီးကပ်စီမံကြီးကြပ်ခဲ့သည်ဟု ယင်းကုမ္ပဏီက ဆိုသည်။
အဆိုပါ နိုင်ငံ့ဝန်ထမ်းအငှား အိမ်ရာ စီမံကိန်းတွင် (၈)ခန်းတွဲ (၅) ထပ် တိုက် (၁၄)လုံး၊ လူနေအိမ်ခန်း (၄၄၈) ခန်းနှင့် Shop House (၂၈) ခန်း စုစုပေါင်း (၄၇၆) ခန်း ပါဝင်ပြီး စီမံကိန်း ပြီးစီးပါက ရန်ကုန်တိုင်းဒေသကြီး အတွင်း တာဝန် ထမ်းဆောင်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းများကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ငှားရမ်း နေရာချထားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Credit By : The Fifth Wave News
Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties