By Sint Sint, Shweproperty.com
Updated at 20 November 2020
Unicode
ငါးကန်မဆေးခင်သတိကြီးကြီးထားပါ။2016ခုနှစ်မှာကောက်ယူခဲ့တဲ့စစ်တမ်းတွေအရ တိုက်ခန်းနဲ့နေသူတွေနဲ့ တစ်ယောက်တည်းနေသူတွေ အများစုရဲ့အိမ်မှာငါးကန်လေးတွေရှိကြပါတယ်တဲ့။ ငါးကန်လေးထဲကရေမှော်စိမ်းစိမ်းလေးတွေ ကျောက်ခက်ပန်းဆွဲလေးတွေနဲ့ရောင်စုံ ငါးလေးေတွကူးခတ်နေတာကိုကြည့်ရတဲ့မြင်ကွင်းဟာစိတ်ကြည်လင်ချမ်းမြေ့စေတယ်လေ။
ဒါပေမယ့် လူတွေဟာလွန်ခဲ့တဲ့ရက်အနည်းငယ်အထိ ငါးကန်ကပေးတဲ့အသက် အန္တရာယ်ကိုသတိပြုမိခဲ့ကြဟန်မတူပါဘူး။ဒါကြောင့်လည်း Steventon,England မှာနေထိုင်တဲ့မိသားစုတစ်စုဟာ ငါးကန်ကြောင့် တစ်မိသားစုလုံးအသက်ဆုံးရှုံးရတော့မယ့် အဖြစ်ဆိုးကြီးကိုကြုံတွေ့ခဲ့ရတာပါပဲ။
Matthew တို့ မိသားစုဟာ အိမ်တွင်းမှာ ငါးကန်ကိုသန့်စင်ခဲ့ကြပါတယ်။အသက်နှစ်ဆယ့်ခုနစ်နှစ်ရှိပြီဖြစ်တဲ့ Matthew က ငါးကန်ထဲက ကျောက်တုံးတွေနဲ့ အခြားအရာတွေကိုတစ်ခုချင်းစီထုတ်ယူပြောင်းရွှေ့ရင်း သူကိုယ်တိုင်မသိလိုက်ပဲ သန္တာကျောက်တန်းရောင်ဆောင်နေတဲ့ရေနေ သတ္တဝါ တစ်မျိုးကိုလက်ကသွားပြီးပွတ်မိသွားခဲ့ပါတယ်။ အဲ့ဒီ့သတ္တဝါဟ သန္တာကျောက်တန်းတွေနဲ့ငါးတွေရဲ့အညစ်အကြေးတွေကနေသဘာဝအလျောက်မွေးဖွားဖြစ်ပေါ်လာတတ်တဲ့သတ္တဝါပါ။
သူ့ကိုသွားထိမိတဲ့အခါ Palytoxin ဆိုတဲ့အဆိပ်တစ်မျိုးလေထုထဲကို ထုတ်လွှတ်ပါတယ်။အဲ့ဒီ့အဆိပ်ဟာ ပရိုတင်းမပါတဲ့ ဓာတ်ပစ္စည်းတွေထဲမှာအဆိပ်အပြင်းဆုံးတစ်ခုဖြစ်ပါတယ်။ငါးကန်ကိုသန့်ရှင်းအပြီးမှာတော့ Matthew က တံခါးတွေပိတ်ပြီးအိပ်ရာဝင်ခဲ့ပါတယ်။ နောက်တစ်နေ့မှာMatthew နဲ့ အိမ်ကမိသားစုဝင်တွေအားလုံးဟာ နမိုးနီးယားနဲ့တူတဲ့ ရောဂါလက္ခဏာတွေနဲ့အတူနိုးထလာကြရတယ်လို့ဆိုပါတယ်။
“ကျွန်တော်တို့ခန္ဓာကိုယ်အပူချိန်မှန်အောင်ဘယ်လိုမှလုပ်လို့မရခဲ့ဘူး။အကုန်လုံးက ချောင်းတွေဆိုးပြီးအသက်ရှုဖို့တောင်ခက်ခဲနေခဲ့ကြတယ်။တုပ်ကွေးမိထားသလိုကြီးဖြစ်နေတာ” လို့ Matthew က ရှင်းပြခဲ့ပါတယ်။
ဒီဖြစ်ရပ်ဟာ ငါးကန်ရှင်းခဲ့တာနဲ့များပက်သက်မလားဆိုပြီး Matthew က သက်ဆိုင်ရာရဲဌာနကိုဖုန်းဆက်အကူအညီတောင်းခဲ့ရာမှာတော့ ရဲဌာနက အရေးပေါ်အသက်ကယ်ပေးသူတွေလွှတ်ပြီးMatthew နဲ့ မိသားစုဝင်တွေကိုနီးစပ်ရာဆေးရုံကိုပို့ဆောင်ပေးခဲ့ပါတယ်။
ဆေးစစ်ချက်တွေအရရေသတ္တဝါကထုတ်လွှတ်တဲ့ Palytoxin အဆိပ်ငွေ့ကြောင့်ဆိုတာသေချာသွားခဲ့ပါတယ်။ Matthew တို့မိသားစုဟာဆေး ရုံရောက်တာမြန်လု့ိအသက်ချမ်းသာရာရခဲ့ပေမယ့်နောက်တစ်ရက်သာအဲ့ဒီ့အဆိပ်ငွေ့ပျံ့နှံ့နေတဲ့အိမ်တွင်းမှာထပ်နေမိရင်တော့ အသက်ဆုံးရှုံးရနိုင်ချေရှိတယ်လို့ဆရာဝန်တွေကခန့်မှန်းထားကြပါတယ်။Matthew ကတော့ ဒီကြောက်မက်ဖွယ်အတွေ့အကြုံကြောင့်ထိတ်လန့်နေဆဲဖြ စ်ပြီးအခြားသူတွေလည်း အိမ်မှာငါးကန်တွေထားရှိခဲ့ရင် ငါးကန်ကိုသန့်ရှင်းတဲ့အခါသူ့လိုအဖြစ်မျိုးမကြုံတွေ့စေဖို့ဂရုစိုက်ကြစေလိုကြောင်း Media တွေကိုပြောကြားထားခဲ့ပါတယ်။
လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ
ချောင်းခြောက်ဝေဒနာ ကင်းဝေးစေဖို့ အိမ်တွင်းကုထုံး
မိမိအိမ်တွင်းလေထုသန့်စင်အောင် ဘယ်လိုလုပ်ရမလဲ
အိမ်တိုင်း စိုက်ထားသင့်တဲ့ မီးကွင်းဂမုန်းဆေးတော်ပင်
ကြောက်စရာကောင်းတဲ့ အိမ်တွင်းရန်သူများ
Zawgyi
ငါးကန္မေဆးခင္သတိႀကီးႀကီးထားပါ။2016ခုႏွစ္မွာေကာက္ယူခဲ့တဲ့စစ္တမ္းေတြအရ တိုက္ခန္းနဲ႔ေနသူေတြနဲ႔ တစ္ေယာက္တည္းေနသူေတြ အမ်ားစုရဲ႕အိမ္မွာငါးကန္ေလးေတြရွိၾကပါတယ္တဲ့။ ငါးကန္ေလးထဲကေရေမွာ္စိမ္းစိမ္းေလးေတြ ေက်ာက္ခက္ပန္းဆြဲေလးေတြနဲ႔ေရာင္စုံ ငါးေလးေ တြကူးခတ္ေနတာကိုၾကည့္ရတဲ့ျမင္ကြင္းဟာစိတ္ၾကည္လင္ခ်မ္းေျမ့ေစတယ္ေလ။
ဒါေပမယ့္ လူေတြဟာလြန္ခဲ့တဲ့ရက္အနည္းငယ္အထိ ငါးကန္ကေပးတဲ့အသက္ အႏၲရာယ္ကိုသတိျပဳမိခဲ့ၾကဟန္မတူပါဘူး။ဒါေၾကာင့္လည္း Steventon,England မွာေနထိုင္တဲ့မိသားစုတစ္စုဟာ ငါးကန္ေၾကာင့္ တစ္မိသားစုလုံးအသက္ဆုံးရႈံးရေတာ့မယ့္ အျဖစ္ဆိုးႀကီးကိုႀကဳံေတြ႕ခဲ့ရတာပါပဲ။
Matthew တို႔ မိသားစုဟာ အိမ္တြင္းမွာ ငါးကန္ကိုသန႔္စင္ခဲ့ၾကပါတယ္။အသက္ႏွစ္ဆယ့္ခုနစ္ႏွစ္ရွိၿပီျဖစ္တဲ့ Matthew က ငါးကန္ထဲက ေက်ာက္တုံးေတြနဲ႔ အျခားအရာေတြကိုတစ္ခုခ်င္းစီထုတ္ယူေျပာင္းေ႐ႊ႕ရင္း သူကိုယ္တိုင္မသိလိုက္ပဲ သႏၲာေက်ာက္တန္းေရာင္ေဆာင္ေနတဲ့ေရေန သတၱဝါ တစ္မ်ိဳးကိုလက္ကသြားၿပီးပြတ္မိသြားခဲ့ပါတယ္။ အဲ့ဒီ့သတၱဝါဟ သႏၲာေက်ာက္တန္းေတြနဲ႔ငါးေတြရဲ႕အညစ္အေၾကးေတြကေနသဘာဝအေလ်ာက္ေမြးဖြားျဖစ္ေပၚလာတတ္တဲ့သတၱဝါပါ။
သူ႔ကိုသြားထိမိတဲ့အခါ Palytoxin ဆိုတဲ့အဆိပ္တစ္မ်ိဳးေလထုထဲကို ထုတ္လႊတ္ပါတယ္။အဲ့ဒီ့အဆိပ္ဟာ ပ႐ိုတင္းမပါတဲ့ ဓာတ္ပစၥည္းေတြထဲမွာအဆိပ္အျပင္းဆုံးတစ္ခုျဖစ္ပါတယ္။ငါးကန္ကိုသန႔္ရွင္းအၿပီးမွာေတာ့ Matthew က တံခါးေတြပိတ္ၿပီးအိပ္ရာဝင္ခဲ့ပါတယ္။ ေနာက္တစ္ေန႔မွာMatthew နဲ႔ အိမ္ကမိသားစုဝင္ေတြအားလုံးဟာ နမိုးနီးယားနဲ႔တူတဲ့ ေရာဂါလကၡဏာေတြနဲ႔အတူႏိုးထလာၾကရတယ္လို႔ဆိုပါတယ္။
“ကြၽန္ေတာ္တို႔ခႏၶာကိုယ္အပူခ်ိန္မွန္ေအာင္ဘယ္လိုမွလုပ္လို႔မရခဲ့ဘူး။အကုန္လုံးက ေခ်ာင္းေတြဆိုးၿပီးအသက္ရႈဖို႔ေတာင္ခက္ခဲေနခဲ့ၾကတယ္။တုပ္ေကြးမိထားသလိုႀကီးျဖစ္ေနတာ” လို႔ Matthew က ရွင္းျပခဲ့ပါတယ္။
ဒီျဖစ္ရပ္ဟာ ငါးကန္ရွင္းခဲ့တာနဲ႔မ်ားပက္သက္မလားဆိုၿပီး Matthew က သက္ဆိုင္ရာရဲဌာနကိုဖုန္းဆက္အကူအညီေတာင္းခဲ့ရာမွာေတာ့ ရဲဌာနက အေရးေပၚအသက္ကယ္ေပးသူေတြလႊတ္ၿပီးMatthew နဲ႔ မိသားစုဝင္ေတြကိုနီးစပ္ရာေဆး႐ုံကိုပို႔ေဆာင္ေပးခဲ့ပါတယ္။
ေဆးစစ္ခ်က္ေတြအရေရသတၱဝါကထုတ္လႊတ္တဲ့ Palytoxin အဆိပ္ေငြ႕ေၾကာင့္ဆိုတာေသခ်ာသြားခဲ့ပါတယ္။ Matthew တို႔မိသားစုဟာေဆး ႐ုံေရာက္တာျမန္လု႔ိအသက္ခ်မ္းသာရာရခဲ့ေပမယ့္ေနာက္တစ္ရက္သာအဲ့ဒီ့အဆိပ္ေငြ႕ပ်ံ႕ႏွံ႔ေနတဲ့အိမ္တြင္းမွာထပ္ေနမိရင္ေတာ့ အသက္ဆုံးရႈံးရႏိုင္ေခ်ရွိတယ္လို႔ဆရာဝန္ေတြကခန႔္မွန္းထားၾကပါတယ္။Matthew ကေတာ့ ဒီေၾကာက္မက္ဖြယ္အေတြ႕အႀကဳံေၾကာင့္ထိတ္လန႔္ေနဆဲျဖ စ္ၿပီးအျခားသူေတြလည္း အိမ္မွာငါးကန္ေတြထားရွိခဲ့ရင္ ငါးကန္ကိုသန႔္ရွင္းတဲ့အခါသူ႔လိုအျဖစ္မ်ိဳးမႀကဳံေတြ႕ေစဖို႔ဂ႐ုစိုက္ၾကေစလိုေၾကာင္း Media ေတြကိုေျပာၾကားထားခဲ့ပါတယ္။
ေလ့လာမွတ္သားစရာ အိမ္ၿခံေျမေဆာင္းပါးမ်ား
ေခ်ာင္းေျခာက္ေဝဒနာ ကင္းေဝးေစဖို႔ အိမ္တြင္းကုထုံး
မိမိအိမ္တြင္းေလထုသန႔္စင္ေအာင္ ဘယ္လိုလုပ္ရမလဲ
အိမ္တိုင္း စိုက္ထားသင့္တဲ့ မီးကြင္းဂမုန္းေဆးေတာ္ပင္
ေၾကာက္စရာေကာင္းတဲ့ အိမ္တြင္းရန္သူမ်ား
Credit : Buzzmyanmar
Photo Credit : Mayersinsgroup
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties