By Sint Sint, Shweproperty.com
Updated at 10 January 2021
ငါးကန်မဆေးခင်သတိကြီးကြီးထားပါ။2016ခုနှစ်မှာကောက်ယူခဲ့တဲ့စစ်တမ်းတွေအရ တိုက်ခန်းနဲ့နေသူတွေနဲ့ တစ်ယောက်တည်းနေသူတွေ အများစုရဲ့အိမ်မှာငါးကန်လေးတွေရှိကြပါတယ်တဲ့။ ငါးကန်လေးထဲကရေမှော်စိမ်းစိမ်းလေးတွေ ကျောက်ခက်ပန်းဆွဲလေးတွေနဲ့ရောင်စုံ ငါးလေးေတွကူးခတ်နေတာကိုကြည့်ရတဲ့မြင်ကွင်းဟာစိတ်ကြည်လင်ချမ်းမြေ့စေတယ်လေ။ ဒါပေမယ့် လူတွေဟာလွန်ခဲ့တဲ့ရက်အနည်းငယ်အထိ ငါးကန်ကပေးတဲ့အသက် အန္တရာယ်ကိုသတိပြုမိခဲ့ကြဟန်မတူပါဘူး။ဒါကြောင့်လည်း Steventon,England မှာနေထိုင်တဲ့မိသားစုတစ်စုဟာ ငါးကန်ကြောင့် တစ်မိသားစုလုံးအသက်ဆုံးရှုံးရတော့မယ့် အဖြစ်ဆိုးကြီးကိုကြုံတွေ့ခဲ့ရတာပါပဲ။ Matthew တို့ မိသားစုဟာ အိမ်တွင်းမှာ ငါးကန်ကိုသန့်စင်ခဲ့ကြပါတယ်။အသက်နှစ်ဆယ့်ခုနစ်နှစ်ရှိပြီဖြစ်တဲ့ Matthew က ငါးကန်ထဲက ကျောက်တုံးတွေနဲ့ အခြားအရာတွေကိုတစ်ခုချင်းစီထုတ်ယူပြောင်းရွှေ့ရင်း သူကိုယ်တိုင်မသိလိုက်ပဲ သန္တာကျောက်တန်းရောင်ဆောင်နေတဲ့ရေနေ သတ္တဝါ တစ်မျိုးကိုလက်ကသွားပြီးပွတ်မိသွားခဲ့ပါတယ်။ အဲ့ဒီ့သတ္တဝါဟ သန္တာကျောက်တန်းတွေနဲ့ငါးတွေရဲ့အညစ်အကြေးတွေကနေသဘာဝအလျောက်မွေးဖွားဖြစ်ပေါ်လာတတ်တဲ့သတ္တဝါပါ။ သူ့ကိုသွားထိမိတဲ့အခါ Palytoxin ဆိုတဲ့အဆိပ်တစ်မျိုးလေထုထဲကို ထုတ်လွှတ်ပါတယ်။အဲ့ဒီ့အဆိပ်ဟာ ပရိုတင်းမပါတဲ့ ဓာတ်ပစ္စည်းတွေထဲမှာအဆိပ်အပြင်းဆုံးတစ်ခုဖြစ်ပါတယ်။ငါးကန်ကိုသန့်ရှင်းအပြီးမှာတော့ Matthew က တံခါးတွေပိတ်ပြီးအိပ်ရာဝင်ခဲ့ပါတယ်။ နောက်တစ်နေ့မှာMatthew နဲ့ အိမ်ကမိသားစုဝင်တွေအားလုံးဟာ နမိုးနီးယားနဲ့တူတဲ့ ရောဂါလက္ခဏာတွေနဲ့အတူနိုးထလာကြရတယ်လို့ဆိုပါတယ်။ “ကျွန်တော်တို့ခန္ဓာကိုယ်အပူချိန်မှန်အောင်ဘယ်လိုမှလုပ်လို့မရခဲ့ဘူး။အကုန်လုံးက ချောင်းတွေဆိုးပြီးအသက်ရှုဖို့တောင်ခက်ခဲနေခဲ့ကြတယ်။တုပ်ကွေးမိထားသလိုကြီးဖြစ်နေတာ” လို့ Matthew က ရှင်းပြခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ ငါးကန်ရှင်းခဲ့တာနဲ့များပက်သက်မလားဆိုပြီး Matthew က သက်ဆိုင်ရာရဲဌာနကိုဖုန်းဆက်အကူအညီတောင်းခဲ့ရာမှာတော့ ရဲဌာနက အရေးပေါ်အသက်ကယ်ပေးသူတွေလွှတ်ပြီးMatthew နဲ့ မိသားစုဝင်တွေကိုနီးစပ်ရာဆေးရုံကိုပို့ဆောင်ပေးခဲ့ပါတယ်။ ဆေးစစ်ချက်တွေအရရေသတ္တဝါကထုတ်လွှတ်တဲ့ Palytoxin အဆိပ်ငွေ့ကြောင့်ဆိုတာသေချာသွားခဲ့ပါတယ်။ Matthew တို့မိသားစုဟာဆေး ရုံရောက်တာမြန်လု့ိအသက်ချမ်းသာရာရခဲ့ပေမယ့်နောက်တစ်ရက်သာအဲ့ဒီ့အဆိပ်ငွေ့ပျံ့နှံ့နေတဲ့အိမ်တွင်းမှာထပ်နေမိရင်တော့ အသက်ဆုံးရှုံးရနိုင်ချေရှိတယ်လို့ဆရာဝန်တွေကခန့်မှန်းထားကြပါတယ်။Matthew ကတော့ ဒီကြောက်မက်ဖွယ်အတွေ့အကြုံကြောင့်ထိတ်လန့်နေဆဲဖြ စ်ပြီးအခြားသူတွေလည်း အိမ်မှာငါးကန်တွေထားရှိခဲ့ရင် ငါးကန်ကိုသန့်ရှင်းတဲ့အခါသူ့လိုအဖြစ်မျိုးမကြုံတွေ့စေဖို့ဂရုစိုက်ကြစေလိုကြောင်း Media တွေကိုပြောကြားထားခဲ့ပါတယ်။ လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ အိမ်မှာအပင်စိုက်ဝါသနာပါတဲ့သူတွေ သိထားသင့်တဲ့ အပင်နိမိတ် အဲကွန်းနဲ့အိပ်တဲ့ အတွက်ဘာတွေဖြစ်နိုင်မလဲ အိမ်မှာ အဲကွန်းဖွင့်ထားမှ အိပ်တတ်သူတွေ ဖတ်ကြည့်နော် ကြွယ်ဝချမ်းသာခြင်းတွေ ယူဆောင်လာပေးနိုင်တဲ့ အိမ်တွင်း အလှစိုက်အပင်ငယ်များ ဒယ်အိုးနီ သုံးသူများ မမြင်နိုင်တဲ့ အန္တရာယ်အတွက် ဖတ်ဖြစ်အောင်ဖတ်ထားနော် Credit : Buzzmyanmar Photo Credit : myanmaraquarium Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties