By Pyi Myanmar, Shweproperty.com
Updated at 26 December 2018
ရန်ကုန်တိုင်းဒေသကြီး သာကေတ မြို့နယ် ရှုခင်းသာမြို့ပတ်လမ်းမကြီးပေါ်တွင် အထပ်မြင့် ပန်းဥယျာဉ်ကြီးပါဝင်ပြီး ပင်လယ်ဝကို မျက်နှာမူထားမည့် ကြယ်ငါး ပွင့်အဆင့်လူနေထိုင်မှုအိမ်ရာစီမံကိန်း ကြီး တည်ဆောက်မည်ဖြစ်ကြောင်း သိရ သည်။
ယင်းစီမံကိန်းကို Emerald Bay အိမ်ရာစီမံကိန်းဟု အမည်ပေးထားပြီး ရန်ကုန်မြစ်၊ ပဲခူးမြစ်နှင့် ပုဇွန်တောင် ချောင်း၊ မြစ်ချောင်း သုံးခု ဆုံဆည်းရာ နေရာတွင်တည်ရှိကာ နောင်တွင် ဟောင် ကောင် Repulse ပင်လယ်အော်နှင့် နယူးယောက် ပင်လယ်အော်များနည်းတူ နိုင်ငံတကာထိပ်တန်းအဆင့်မြင့် ပင်လယ် အော်တစ်ခုအသွင်ဖြစ်ပေါ်လာမည်ဖြစ် ကြောင်းလည်း သိရသည်။
အဆိုပါ စီမံကိန်းကို နိုင်ငံတော် အစိုးရအသိအမှတ်ပြု နှစ် ၆၀ ဂရန်မြေ အမျိုးအစား ဧက ၇၀ ခန့်ပေါ်တွင် အပိုင်း သုံးပိုင်းခွဲ၍ အမြန်ဆုံးဆောက်ရန် လုပ် ဆောင်လျက်ရှိရာ စီမံကိန်းတစ်ခုလုံးတွင် ၃၂ ထပ်အမြင့်ရှိ ကွန်ဒို စုစုပေါင်း အလုံး ၄၀ ကျော်ပါဝင်မည်ဖြစ်ပြီး မြန်မာလူနေ မှုပုံစံနှင့်ကိုက်ညီသော ၄၃၀ မှ ၁၃၁၇ စတုရန်းပေ အကျယ်ရှိ အိပ်ခန်း တစ်ခန်း မှ လေး ခန်းထိပါဝင်မည့်အထပ်မြင့်အ ဆောက်အအုံများ ဆောက်လုပ်မည်ဖြစ် ကြောင်း၊ ယင်းအနက် ပထမအဆင့်ကို လာမည့် ၂၀၁၉ ခုနှစ်အတွင်း စတင် တည်ဆောက်မည်ဖြစ်ပြီး အခန်းပေါင်း ၁၀၀၀ ခန့် ရှိမည့် ၃၂ ထပ်မြင့်သော ကွန် ဒို ၅ လုံးဦးစွာတည်ဆောက်၍ စီမံကိန်း၏ကျန်အပိုင်းများကို လာမည့် ၅ နှစ်အတွင်း အပြီးတည်ဆောက်ရန် စီစဉ်ထားကြောင်း သိရသည်။
ယင်းအပြင် နိုင်ငံ တကာအဆင့်မီဟို တယ်၊ စတုရန်းပေ ၃၂၀ç၀၀၀ ကျော် ကျယ်ဝန်းသော အကြီးဆုံး ဈေးဝယ်စင် တာကြီးများ၊ ဈေးဝယ်စင်တာများ၊ ရုပ်ရုင်ရုံများ၊ နိုင်ငံတကာမူကြိုကျောင်း များစသည်တို့ ပါဝင်မည့်အပြင် ရန် ကုန်မြို့၏ အကြီးဆုံးဖြစ်သော စတုရန်း ပေ ၁၆၀ç၀၀၀ ကျော်ကျယ်ဝန်းမည့် နန်း ဆန်သော အထပ်မြင့်ပန်းဥယျာဉ်ကြီး၊ စတု ရန်းပေ ၁၀၀ç၀၀၀ ကျော်ကျယ်ဝန်းသော မြစ်ကမ်းနံဘေးပန်းခြံကြီး၊ infinity ရေ ကူးကန်၊ အားကစားလေ့ကျင့်ခန်း၊ ကလေး ကစားစရာနေရာများနှင့် Central Club တို့ကိုလည်း ဖန်တီးပြုလုပ်ထားမည်ဖြစ် ကြောင်း သိရသည်။
ဓနိုင်ငံခြားရင်းနှီးမြှပ်နှံမှုတွေကိုဖိတ် ခေါ်တဲ့အချိန်ဖြစ်တဲ့အတွက် နိုင်ငံတကာ ကလည်း စိတ်ဝင်စားပြီးတော့ ကျွန် တော်တို့ကုမ္ပဏီက ပြည်တွင်းကုမ္ပဏီနဲ့ လာရောက်ပြီးတော့ ပေါင်းစပ် Jဠ တည်ထောင်ထားပါတယ်။ ရင်းနှီးမြှပ်နှံမှုကော်မရှင်ကလည်း ကျွန်တော်တို့ ခွင့်ပြုချက် ရရှိပြီးဖြစ်ပါတယ်။ စင်ကာပူက golden paragon နဲ့ မြန်မာပြည်က တက်လမ်းရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတို့က ပေါင်းစပ်ပြီးမှ Yangon golden paragon ကို ၂၀၁၈ ခုနှစ် ဩဂုတ်လ ၁၃ ရက်က မှတ်ပုံတင်ခဲ့တာ ဖြစ်ပါတယ်။ မတည်ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ် လာ သန်း ၁၇၀ ဖြစ်ပါတယ်။ ဒီနေရာက တော့ ရန်ကုန်မြို့နဲ့ အနီးဆုံးနေရာ လည်းဖြစ်ပါတယ်။ ထူးထူးခြားခြားနိုင်ငံတကာနဲ့ရင်ဘောင်တန်းပြီးတော့ ကြယ်ငါးပွင့်အဆင့်တည်ဆောက်ဖို့အတွက် အားလုံးပြင်ဆင်ထားပြီးဖြစ်ပါတယ်။ ကွန်ဒိုမီနီယံတွေကိုတော့ အဓိက ထားပါတယ်။ ကျန်တဲ့အပိုင်းကတော့ ဟိုတယ်တွေ၊ စူပါမားကတ်တွေ၊ ဈေးဆိုင် တွေ ပါမှာ ဖြစ်ပါတယ်ဓ ဟု တက်လမ်း ကုမ္ပဏီဥက္ကဋ္ဌ ဦးရှိန်ဝင်းက ပြောသည်။
စီမံကိန်းအတွင်း အဆင့်မြင့်နည်းပ ညာသုံး မော်တော်ယာဉ် ခွဲခြားသိမြင် နိုင်သော စနစ်၊ လက်ဗွေစနစ်ပါဝင်သော တံခါးစနစ်များ၊ တိုက်ရိုက်သောက် သုံးနိုင်သော ရေသန့်စင်စနစ်၊ စာပို့စာယူ အဆင့်မြင့်စနစ်၊ အဆင့်မြင့် အိမ်ရာစနစ်၊ အများပြည်သူနေရာများတွင်အဆင့် မြင့်အသံစနစ် စသည်တို့ပါဝင်ကာ အဆင့်မြင့်နည်းပညာသုံး ထိန်းချုပ်ရေး စနစ်များ ၊ အဆင့်မြင့် လုံခြုံရေးဂိတ်တံခါး များ ၊ cloud နည်းပညာသုံးစောင့်ကြည့်ရေး စနစ် ၊ cloud ဗွီဒီယိုအင်တာကွန် စနစ်၊ လျှပ်စစ်ဆင်ဆာစနစ် အသုံးပြုထားသော နံရံများ၊ ၂၄ နာရီ အဆင့် မြင့်စောင့်ကြည့် စနစ်များစသည်တို့ ပါဝင်မည်ဖြစ်ကြောင်း လည်းသိရသည်။
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်အောက်တို ဘာလ ၄ ရက်တွင်မြေသန့်မင်္ဂလာနှင့် ပန္နက်ရိုက်မင်္ဂလာပြုလုပ်ခဲ့ကာ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် အခန်းနမူနာ များပါဝင်သော အရောင်းပြခန်းကို ရန် ကုန်မြို့ ပြည်လမ်းပေါ်နှင့်စီမံကိန်းနေရာတွင် ပြသရန်စီစဉ်ထားကြောင်းလည်း၊ စီမံကိန်း၏ အခန်းနမူနာများပါဝင်သော ပြခန်းကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ခွင့်ပြုချက်ဖြင့် တည်ဆောက်လျက်ရှိရာ ပြီးစီးတော့မည် ဖြစ်ကြောင်း သိရသည်။
ဒီစီမံကိန်းဟာ ရန်ကုန်မြစ်ရယ် ပဲခူးမြစ်ရယ်ဆုံပြီးတော့ ဘင်္ဂလား ပင်လယ်အော်ကို စီးဆင်းတဲ့ ပင်လယ်ဝကို မျက်နှာမူပြီးတော့ တည်ဆောက်မယ့် ပရောဂျက်ဖြစ်ပါတယ်။ ဒီနေရာကို ကျွန်တော်တို့ ရွေးချယ်ရခြင်းက ရန်ကုန်မြို့ကို ပင်လယ်ဝကဝင်လာပြီဆိုတာနဲ့တစ်ပြိုင်နက် ထိပ်တိုက်တွေ့မယ့်နေ ရာက မြစ်သုံးခွဆုံနေရာဖြစ်ပါတယ်။ မြစ်သုံးစင်းဆုံမယ့်နေရာမှာ ရန်ကုန်မြို့ရဲ့Land Mark တစ်ခုအနေနဲ့ 5 Star Project ကို ကျွန်တော်တို့ တည်ဆောက် တာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ အထင်ကရ တစ်ခုအဖြစ် ရည်ရွယ်ထားပါတယ်ဓ ဟု Yangon golden paragon ကုမ္ပဏီတာ ဝန်ရှိသူကပြောသည်။
Ref & Photo Credit : Pyi Myanmar
Posted : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties