By ဝိုင်းနန္ဒီ, Shweproperty.com
Updated at 26 September 2019
လှိုင်သာယာမြို့နယ်၊ ဘုရင့်နောင်တံတားအဆင်းမှာ တည်ဆောက်ထားတဲ့ FMI City အိမ်ရာစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့တဲ့ FMI Garden Development Ltd အနေနဲ့ စီမံကိန်းအကောင် အထည်ဖော်ပြီးစီးပြီဖြစ်တဲ့အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန သို့ အောက်တိုဘာလ (၃၀)ရက်နေ့မှာ လွှဲပြောင်းပေးအပ်သွားမယ်လို့ သိရပါတယ်။
(၁၉၉၅)ခုနှစ်က ဧက(၄၆၅)အကျယ်ရှိတဲ့လယ်မြေပေါ်မှာ တည်ဆောက်ခဲ့တဲ့ FMI City မှာ Cherry Avenue Lake, View Villas, Orchid Gardens, Finger Lakes စတဲ့ အိမ်ရာအမျိုးအစားများနဲ့အတူ အားကစားကွင်း၊ အပန်းဖြေနေရာ၊ ဈေးဝယ်စင်တာ၊ ဘဏ်၊ သားငါးဈေး၊ ပန်းဥယျာဉ်၊ စားသောက်ဆိုင်တွေကို တည်ဆောက်ခဲ့ တာဖြစ်ပါတယ်။
အဆိုပါ အိမ်ရာစီမံကိန်းကို မြေပိုင်ရှင်ဖြစ်တဲ့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနတို့ ပူးပေါင်းပြီး၊ စတင်အုတ်မြစ်ချတည်ဆောက်ခဲ့တာဖြစ်ပြီး၊ နိုင်ငံတော်စည်းမျဉ်းစည်းကမ်းနဲ့အညီ တည်ဆောက်ပြီးစီး သွားပြီဖြစ်တဲ့အတွက် အိမ်ရာစီမံကွပ်ကွဲမှုနဲ့ စည်ပင်သာယာရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနသို့ စက်တင်ဘာလ(၃၀)ရက်နေ့မှာ လွှဲပြောင်းပေးအပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
Written By : ဝိုင်းနန္ဒီ (ShweProperty.com)
Photo Credit : Mynews
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties