By Ra Wai, Shweproperty.com
Updated at 1 July 2020
First Myanmar Investment (FMI) က တန်ဖိုးသင့်အိမ်ရာများကို ရန်ကုန်နှင့် မန္တလေးတွင် တိုးချဲ့ဆောက်လုပ်သွားရန် မြေနေရာများစတင်ရှာဖွေနေကြောင်း First Myanmar Investment (FMI) က ထုတ်ပြန်ခဲ့သည်။
ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီဖြစ်သော FMI သည် ရင်းနှီးမြှုပ်နှံသူများလေ့လာနိုင်ရန်အတွက် ဇွန် ၂၉ ရက်တွင် ကုမ္ပဏီဘဏ္ဍာရေးရှင်းတမ်းနှင့် ရှေ့အလားအလာလေ့လာသုံးသပ်ချက်အစီရင်ခံစာကို ထုတ်ပြန်ကြေညာခဲ့သည်။
FMI သည် ရန်ကုန်မြို့ရှိ လူလတ်တန်းစား ဈေးကွက်အတွက် ရည်ရွယ်၍ ရန်ကုန်မြို့ ၊ သန်လျင်မြို့နယ်တွင် တည်ရှိသည့် Star City အိမ်ရာဝင်းအတွင်းရှိ ၂၂ ဧက ကျယ်ဝန်းသော မြေနေရာတွင် City Loft အိမ်ရာစီမံကိန်းကို အကောင်အထည်ဖော်တည်ဆောက်လျက်ရှိသည်။
City Loft အိမ်ရာစီမံကိန်းကို ပြီးခဲ့သည့်နှစ်တွင် FMIက စတင်မိတ်ဆက်ခဲ့ပြီး လက်ရှိတွင် အိမ်ရာစီမံကိန်းရှိ အခန်းပေါင်း ၄၅၅ ခန်း၏ ၉၀ ရာခိုင်နှုန်းကျော်ကို ရောင်းချခဲ့ပြီး ဖြစ်သည်။
ထို့ကြောင့် အဆိုပါအိမ်ရာစီမံကိန်းသည် ဝယ်လိုအားကောင်းမွန်သည့် စီမံကိန်းတစ်ခု ဖြစ်သည်ဟု ကုမ္ပဏီ၏ အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားသည်။
ကုမ္ပဏီ၏ ရှေ့လုပ်ငန်းအစီအစဉ်အရ ရန်ကုန်နှင့် မန္တလေးရှိ အခြားနေရာများတွင်လည်း City Loft အိမ်ရာစီမံကိန်းကဲ့သို့ အိမ်ရာများကို ဆက်လက် တိုးချဲ့ ဆောက်လုပ်သွားရန် မြေနေရာ စတင်ရှာဖွေနေခြင်း ဖြစ်သည်။
City Loft အိမ်ရာရှိ အိမ်ခန်းဈေးနှုန်းမှာ အိမ်ခန်းအရွယ်အစားနှင့် သတ်မှတ်ချက် ပေါ်မူတည်ပြီး ကျပ်သိန်း ၄၂၀ မှ သိန်း ၁၆၀ဝ အထိရှိပြီး အိမ်ခန်းဝယ်ယူသူများအတွက် ပြည်တွင်းဘဏ်များနှင့် ချိတ်ဆက်၍ အိမ်ရာချေးငွေဖြင့် ဝယ်ယူနိုင်ရန် စီစဉ်ထားသည်။
FMI ၏ အဓိကရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသည် အိမ်ရာတည်ဆောက်ရေးလုပ်ငန်းများ ဖြစ်ပြီး Star City အိမ်ရာစီမံကိန်းနှင့် Yoma Central စီမံကိန်းတို့ကို လုပ်ဆောင်နေသည်။
Ref & Photo Credit: The Myanmar Times
Posted By: Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties