By Sint Sint, Shweproperty.com
Updated at 5 November 2020
ဆားမပါတဲ့ဟင်း ပေါ့ပျက်ပျက်ဆိုသလို ဆားဟာ အစားအစာတိုင်းအတွက် အရေးပါတဲ့ အရာတစ်ခု ဖြစ်ပါတယ်။ လူတွေ သတိမထားမိတဲ့ ကျန်းမာရေးအတွက် ဆားအသုံးဝင်ပုံမှာလည်း အံ့မခန်းပါ။ ဘယ်လို ကျန်းမာရေး ကဏ္ဍာမှာ အသုံးဝင်နေပါသလဲ။ လေ့လာကြည့်ကြရအောင်။
ပါးစပ်အပူနာကို သက်သာစေခြင်း
ကလေးဖြစ်ဖြစ်၊ လူကြီးဖြစ်ဖြစ် အပူများတဲ့အခါ နှုတ်ခမ်းအတွင်းသားမှာ အပူနာဆိုပြီး အနာဖြစ်တတ်ကြပါတယ်။ အဲဒီလို အနာမျိုးကို ဆားရည်ပလုတ်ကျင်းပေးခြင်းအားဖြင့် အမြန်သက်သာစေတယ်လို့ သိရပါတယ်။ ရေခွက်ထဲကို လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာ ဆားထည့်ပြီး မွှေပေးပါ။ တစ်နေ့ကို အကြိမ်ရေများစွာ ဆားရည်ကို ငုံလိုက် ထွေးထုတ်လိုက်နဲ့ ကြိမ်ဖန်များစွာ သက်သာသွားတဲ့အထိ ပြုလုပ်ပေးပါ။
ခြေစွယ်ငုပ်ခြင်းကို သက်သာစေခြင်း
ခြေစွယ်ငုပ်တဲ့ဝေဒနာဟာလည်း အရမ်းခံရခက်စေပါတယ်။ ရောင်ရမ်းပြီး နာကျင်တဲ့ဝေဒနာကို ခြေစွယ်ငုပ်ဖူး သူတိုင်း ခံစားသိရှိကြပါတယ်။ ဒီလို နာကျင်မှုဝေဒနာ သက်သာစေဖို့ ခြေစွယ်ငုပ်နေတဲ့ခြေမကို ဆားရည်နွေးနွေး ထဲ စိမ့်ဝင်နေအောင် စိမ်ပေးပါ။ တစ်နေ့ကို ကြိမ်ဖန်များစွာ ပြုလုပ်ပေးပါ။ ပြီးတဲ့အခါ ပိုးသတ်ဆေးထည့်ပြီး ပတ်တီးလေး စည်းထားလိုက်ပါ။ သက်သာသွားတာကို တွေ့ရှိရပါလိမ့်မယ်။ တကယ်လို့ မသက်သာဘဲ ပိုလို့ ဆိုးရွားလာတယ်ဆိုရင်တော့ ဆရာဝန်ဆီ ပြသင့်ပြီဖြစ်ပါတယ်။
နှာစေးတာကို သက်သာစေခြင်း
သင် အအေးမိနှာစေးနေချိန် အသက်ရှုရတာ သက်သောင့်သက်သာဖြစ်စေဖို့ အထေက်အကူပြုဆုံးနည်းမှာ ဆား ပဲဖြစ်ပါတယ်။ ဆားရည်ကို နှာခေါင်းထဲထည့်းပြီး ကျင်းပေးခြင်းအားဖြင့် နှာပိတ်တာတို့ကိုသက်သာ ပျောက်ကင်းစေပါတယ်။
နှင်းခူနာကိုပျောက်စေခြင်း
အရေပြားအကြေးခွံတွေထပြီး နီနီရဲရဲအဖုအပိန့်တွေထတဲ့ အရေပြားရောဂါမျိုးနဲ့ နှင်းခူလို ရောဂါမျိုး တွေဟာ ပင်လယ်ရေငန်နဲ့ ထိတွေ့တဲ့အခါ သက်သာသွားတတ်ကြပါတယ်။ အိမ်မှာ ဇလုံတစ်လုံးထဲ ရေဖြည့်၊ပြီးတော့ ဆားတွေထည့်ကာ ၁၅ မိနစ်လောက် ဆားရည်စိမ့်ဝင်သွားအောင် စိမ်ပေးပါ။ နှင်းခူလို ရောဂါမျိုးတွေကို လွယ်လွယ်ကူကူ ပျောက်ကင်းစေတယ်လို့သိရပါတယ်။
ရင်ပူရင်ဆာဖြစ်တာပျောက်စေခြင်း
မုန့်ဖှုတ်ဆော်ဒါဟာ ဆားတစ်မျိုးလိုပါပဲ။ အချဉ်ဓာတ် ဖြေတဲ့အရာဖြစ်ပါတယ်။ သူ့ကို ရေအေးအေးလေးတစ်ခွက် ထဲ လက်ဖက်ရည်တစ်ဇွန်းစာ ထည့်မွှွေပြီး အစာစားပြီးချိန်သောက်လိုက်ပါ။ မသက်သာဘဲ အရမ်းကို ရင်ပူရင်ဆာ ခံစားနေရရင်တော့ အိမ်ထဲမှာ ကျိတ်ခံမနေဘဲ ဆရာဝန်ဆီကို သွားပြသင့်ပါတယ်။ ဒါပေမယ့် မုန့်ဖှုတ်ဆော်ဒါထဲမှာ ဆိုဒီယမ်ပါဝင်တယ်ဆိုတာကိုတော့ သိထားရပါမယ်။
ပိုးကောင်ကိုက်လို့ နာကျင်တဲ့ဝေဒနာကို သက်သာစေခြင်း
ကြမ်းပိုးကိုက်လို့ဖြစ်ဖြစ်၊ အဆိပ်ရှိပိုးကောင် ထိုးသွားလို့ဖြစ်ဖြစ်၊ ပိုးကောင်တစ်ခုခု အကိုက်ခံရတဲ့အခါ အရေပြားရောင်ရမ်းတာတွေ၊ယားယံတာတွေ ဖြစ်တတ်ကြပါတယ်။ အဲဒီအခါမှာ မုန့်ဖှုတ်ဆော်ဒါထဲရေနည်းနည်း ထည့်ပြီး ပျစ်ပျစ်ကလေးလုပ်ကာ ယားတဲ့နေရာ၊ရောင်ရမ်းတဲ့နေရာကို အုံပေးပါ။
လည်ချောင်းနာကို သက်သာခြင်း
လည်ချောင်းနာလာခဲ့ရင် ရေနွေးတစ်ဖန်ခွက်ထဲ လက်ဖက်ရည်ဇွန်းတစ်ဝက်ခန့် ဆားထည့်ပြီး အာလုပ်ကျင်းပေးပါ။ လည်ချောင်နာတာတွေ၊ရောင်ရမ်းတာတွေ သက်သာ ပျောက်ကင်းစေပါတယ်။
ခြေထောက်နာကျင်ကိုက်ခဲတာကို သက်သာခြင်း
သင့်ခြေထောက်တွေ ညောင်းညာ ကိုက်ခဲနေရင် ရေနွေးတစ်ဂါလံထဲ ဆားနှစ်ခွက်လောက်ထည့်ပြီး ခြေထောက်ကို စိမ်ထားလိုက်ပါ။ ခြေထောက် ညောင်းညာကိုက်ခဲတာကို သက်သာ ပျောက်ကင်းစေပါတယ်။
ခံတွင်းအနံ့ဆိုးကို သက်သာစေခြင်း
ရေခွက်တစ်ခွက်ထဲကို မုန့်ဖှုတ်ဆော်ဒါ လက်ဖက်ရည်ဇွန်းတစ်ဝက်ခန့်ထည့်ပြီး တစ်နေ့ကိုကို ၃-၄ကြိမ် လောက် အာလုပ်ကျင်းပေးပါ။ ခံတွင်းအနံ့ဆိုးတွေ ပျောက်သွားတာကို တွေ့ရပါလိ့မ်မယ်။
ဝမ်းချုပ်ခြင်းကို သက်သာခြင်း
သင် ဝမ်းချုပ်တဲ့ဝေဒနာကို မသက်မသာ ခံစားနေရလား။ ရေတစ်ဖန်ခွက်ထဲ ဆား လက်ဖက်ရည်ဇွန်း ၂ ဇွန်းကနေ ၆ ဇွန်းကြားထည့်ပါ။ သောက်လို့ကောင်းစေဖို့ ရှောက်ဖျော်ရည်ကို ထပ်ထည့်ပြီး သောက်နိုင်ပါတယ်။ ၆နာရီအတွင်းလောက်မှာ ကောင်းကောင်း ဝမ်းသွားနိုင်လာပါလိမ့်မယ်။
လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ
သင့်အိမ်မှာ မှိုတွေစွဲနေတာ ရှိလား ရှာကြည့်ပါ
အဲကွန်းရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုး
ရှလကာရည်သုံးပြီး သန့်ရှင်းရေးမလုပ်သင့်တဲ့ အိမ်သုံးပစ္စည်းများ
လေထုကိုသန့်စင်စေတဲ့ အိမ်တွင်း အလှဆင်အပင်လေးတွေအကြောင်း
Credit : Yangonlife
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties