By Social Media, Shweproperty.com
Updated at 24 February 2019
တန်ဖိုးနည်းအိမ်ရာစီမံကိန်းများ တည်ဆောက်နိုင်ရေးအတွက် မြေတန်ဖိုးကို သုညရာခိုင်နှုန်းအထိ ရောက်ရှိအောင် ဆောင်ရွက် ပေးမည်ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။
ဖေဖော်ဝါရီလ ၂၂ ရက်က ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်တွင် ပြုလုပ်ခဲ့သည့် (၂၄) ကြိမ်မြောက် ဒုတိယသမ္မတ(၁)နှင့် စီးပွားရေးလုပ်ငန်းရှင်များတွေ့ဆုံပွဲတွင် ဦးဖြိုးမင်းသိန်းက ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့အစိုးရက တန်ဖိုးနည်းအိမ်ရာတွေ ဆောက်မယ်ဆိုရင် မြေတန်ဖိုးကို သုညအထိ ချပေးလို့ ရနိုင်ပါတယ်။ အိမ်ဆောက်တဲ့တန်ဖိုးကို နေစရာမရှိတဲ့သူတွေက ဝယ်ယူနေထိုင်ဖို့ဆိုရင် အိမ်ဆောက်တန်ဖိုး သက်သာ အောင်လုပ်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ဒါမှသာလျှင် ရန်ကုန်မြို့ပြမှာ နေရေးထိုင်ရေးအခက်အခဲဖြစ်နေသူတွေအတွက် အဆင် ပြေမှာ ဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ရွှေပေါက်ကံ၊ ရွှေလင်းဗန်း၊ ကနောင်နှင့် ယုဇန တန်ဖိုးနည်းအိမ်ရာတို့ကို တည်ဆောက်လျက်ရှိပြီး အခြားမြေနေရာများ၌လည်း တည်ဆောက်သွားရန် စီစဉ်လျှက်ရှိသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ ထုတ်ပြန်အချက်အရ တန်ဖိုးနည်းအိမ်ရာလျှောက်ထားသူများအနေဖြင့် တစ်လဝင်ငွေ ကျပ် (၃)သိန်းမှ (၅)သိန်းအထိ ရှိရမည်ဖြစ်ပြီး ကနဦးငွေပေးသွင်းရာ၌ ကုမ္ပဏီဝန်ထမ်းအတွက် တိုက်ခန်း၏ (၂၅) ရာခိုင်နှုန်း၊ အစိုးရဝန်ထမ်းအတွက် (၁၅) ရာခိုင်နှုန်းသွင်းရမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနက သတ်မှတ်ထားသည်။
လက်ရှိ ရန်ကုန်တိုင်းဒေသကြီးတွင် နှစ်စဉ် လူဦးရေ (၁)သိန်းဝန်းကျင်ထိ နေထိုင်ရန်အတွက် အိမ်ရာလိုအပ်ချက်ရှိနေခြင်းကို ယင်းလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဦးဖြိုးမင်းသိန်းက ပြောသည်။
ဦးဖြိုးမင်းသိန်းက “ ရန်ကုန်မြို့တော်ကြီးဟာ နှစ်စဉ်အိမ်ရာ တစ်သန်းလောက်လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုရင် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုတွေ ရောက်လာတာနဲ့အမျှ ရွှေ့ပြောင်းလုပ်သားတွေ တော်တော်များများ ဝင်ရောက်လာတာဖြစ်ပါတယ်။ ဒါ့ကြောင့် အိမ်တည်ဆောက်တဲ့နေရာမှာ အိမ်ရာနဲ့ တည်ဆောက်စရိတ် သက်သာဖို့အတွက် ပြည်တွင်းလုပ်ငန်းရှင်တွေ၊ ပြည်တွင်း ထုတ်လုပ်မှုကဏ္ဍတွေကို မြှင့်တင်ဆောင်ရွက်ပေးနိုင်ဖို့ လုပ်ရမှာဖြစ်ပါတယ်။” ဟု ပြောသည်။
ယခုလက်ရှိ ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေဖြင့် ဒဂုံမြို့သစ်(တောင်ပိုင်း)ရှိ အင်းဝအိမ်ရာ၊ ကောင်းစံသာအိမ်ရာ၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်ရှိ ယုဇနအိမ်ရာအပိုင်း (၁၊ ၂)၊ ကနောင်အိမ်ရာ၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ကြီးပွားရေးအိမ်ရာ၊ လှိုင်သာယာ မြို့နယ်ရှိ ရွှေလင်ဗန်းအိမ်ရာ၊ ထီးလှိုင်အိမ်ရာ၊ ရွှေပြည်သာမြို့နယ်ရှိ Shop House များနှင့် မြောက်ဥက္ကလာပမြို့နယ်ရှိ ရွှေပေါက္ကံအိမ်ရာတို့ကို ရောင်းချပေးရန် စီစဉ်လျက်ရှိသည်။
Ref : Social Media
Photo Credit : Propertylistings
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties