By Myanmar Times, Shweproperty.com
Updated at 5 June 2019
ရန်ကုန်တိုင်းဒေသကြီးရှိ စုပေါင်းပိုင် အဆောက်အအုံ(ကွန်ဒို)များအား နိုင်ငံခြားသားများထံ စတင်ရောင်းချခွင့်ကို ယခုလအတွင်း ခွင့်ပြုနိုင်ရန် ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဇွန် ၃ ရက်၌ ပြောဆိုသည်။
"အမြန်ဆုံးထုတ်ပေးနိုင်ဖို့ ကြိုးစားနေတယ်။ အသေးစိတ်အခြေအနေ၊ လက်ရှိဘယ်လောက် အတိုင်းအတာရောက်နေပြီလဲဆိုတာတော့ ဝန်ကြီးကိုမေးပြီး ပြန်ပြောပေးပါ့မယ်။ ရန်ကုန်တိုင်းက စုပေါင်းပိုင်အိမ်ရာ အများဆုံးရှိတာဖြစ်တယ်" ဟုဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောဆိုသည်။
ရောင်းချနိုင်ခြင်းမရှိသေး
မြန်မာနိုင်ငံတွင် နိုင်ငံခြားသားများထံကွန်ဒိုအဆောက်အအုံတစ်လုံး၏ရာခိုင်နှုန်း ၄၀ရောင်း ချခွင့်ကို ၂၀၁၆ နှစ်ကုန်ပိုင်းကတည်းက တရားဝင်ဥပဒေပြဋ္ဌာန်းခဲ့သော်လည်း လုပ်ထုံးလုပ်နည်း ပိုင်းတွင် ညှိနှိုင်းဆောင်ရွက်မှုများလုပ်ဆောင်နေရခြင်းကြောင့် ယခုအချိန်အထိ နိုင်ငံခြားသား များအား ရောင်းချနိုင်ခြင်းမရှိသေးခြင်းဖြစ်ကြောင်း သိရသည်။
"ကွန်ဒိုဥပဒေအသစ်မှာ နိုင်ငံခြားသားပိုင်ဆိုင်မှုက ရာခိုင်နှုန်း ၄၀ အထိ မြေရော အိမ်ပါ ရောပြီးပိုင်ဆိုင်နေတာပါ။ သူ့အနေနဲ့ ပြန်ရောင်းချခွင့်ရှိတယ်။ ဒါကို အထူးဥပဒေအနေနဲ့ ပြဋ္ဌာန်းပေးပြီးတော့ နိုင်ငံခြားသားကလည်း ရာခိုင်နှုန်း ၄၀ ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ခုရှိတာက မြေဆိုပေမယ့်လည်း နိုင်ငံခြားသားက ကွန်ဒိုတည်ရှိနေသရွေ့ပဲ ပိုင်ဆိုင်ခွင့်ရတဲ့ သဘောဖြစ်တယ်။ နောက်ပိုင်းကျတော့ အဲဒီလိုမဟုတ်တော့ဘဲ ပြိုသွားရင်လည်း ပြန်ဆောက်ပြီး တော့ နိုင်ငံခြားသားပိုင်ဆိုင်ခွင့်ရမယ်" ဟု ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း အထွေထွေ အတွင်းရေးမှူးချုပ် ဦးမျိုးမြင့်က ပြောဆိုသည်။
ရောင်းချခွင့်ပြု
လက်ရှိတွင် စုပေါင်းပိုင်အဆောက်အအုံတည်ထောင်သူ ပြည်တွင်း၊ ပြည်ပကုမ္ပဏီများကို လိုင်စင်၂၄ ခု ချပေးထားပြီး စုပေါင်းပိုင်အဆောက်အအုံခွင့်ပြုမိန့်နှင့် မှတ်ပုံတင်ခြင်းတို့ဆောင် ရွက်ပြီးလျှင် နိုင်ငံခြားသားများကို ရောင်းချခွင့်ပြုပေးမည်ဟု သိရသည်။
Ref & Photo Credit : Myanmar Times
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties