ပြည်ပရင်းနှီးမြှုပ်နှံမှုများနဲ့ မြန်မာနိုင်ငံတွင်း အောင်မြင်မှုရရှိထားတဲ့ သီလဝါအထူးစီးပွားရေးကိုအခြေခံကာ အလားတူ စီမံကိန်းနောက်ထပ် ၃ ခုကို ဆက်လက်အကောင်အထည်ဖော်လုပ်ဆောင်သွားဖို့ရာ ဆွေးနွေးထားကြောင်းနှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ကလည်း ခွင့်ပြုချက် ရထားပြီးဖြစ်ကြောင်း သိရှိရသည်။


ကိုးရီးယား -မြန်မာ စက်မှုဇုန်စီမံကိန်းကနေ မြန်မာလုပ်သားပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၁ သိန်းခန့် ဖန်တီးပေးနိုင်မှာဖြစ်တယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ဆိုသည်။


ထိုင်းနိုင်ငံအခြေစိုက် AMATA ရဲ့ Yangon Amata Smart and Eco City စီမံကိန်းသည် တောင်ကိုးရီးယား -မြန်မာ စက်မှုဇုန်စီမံကိန်းစတင်ပြီး ရက်ပိုင်းအတွင်း စတင်လာတဲ့ ဒုတိယစီမံကိန်းဖြစ်ပါသည်။ အဆိုပါ စီမံကိန်းသည် ဟက်တာ ၈၀၀ အထိ ကျယ်ဝန်းပြီး ဟက်တာ ၈၀ ကိုတော့AMATA ဘက်က ပထမအဆင့် ဖော်ဆောင်သွားမည်ဟု သိရသည်။ ၄င်းစီမံကိန်းအတွက် AMATA ဘက်က တည်ဆောက်ပေးမယ့် လျှပ်စစ်ဓာတ်အားပေးစက်ရုံ ကုန်ကျစရိတ်အပါအဝင် အမေရိကန်ဒေါ်လာ ၁ ဘီလီယံအထိရှိကြောင်း သိရှိရသည်။





ဆက်လက်ပြီး ထိုင်း- မြန်မာပူးပေါင်းလုပ်ဆောင်မည့် Yangon Amata Smart and Eco City စီမံကိန်းတွင်လည်း လုပ်သားပြည်သူပေါင်း ၃ သောင်းကျော်အထိ အလုပ်အကိုင်အခွင့်အလမ်းတွေပေးနိုင်မည်ဟု ဆိုသည်။ 


ဒ့ါအပြင် ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းနိုင်ငံအနှံ့အပြားတွင် စီးပွားရေးလုပ်ငန်းများနဲ့ပတ်သက်ပြီး စိန်ခေါ်မှုတွေရှိခဲ့ပေမယ့်လည်း မြန်မာနိုင်ငံအနေဖြင့် ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်တွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၅.၇ ဘီလီယံနီးပါးရရှိထားသည်ဟုလည်း ပြောကြားသွားပါသည်။


ဒါ့အပြင် စင်ကာပူနိုင်ငံနဲ့ ဖက်စပ်လုပ်ကိုင်မယ့် တတိယမြောက်စီမံကိန်းကိုလည်း မကြာမီ လပိုင်းအတွင်း စတင်မှာဖြစ်ပြီး စင်ကာပူအစိုးရနဲ့ ချိတ်ဆက်ထားတဲ့ Sembcorp Industries ကုမ္ပဏီက အကောင်အထည်ဖော်သွားမည်ဟု သိရှိရသည်။


နောက်ဆုံးရ သတင်းများ


အိမ်ရာအဆောက်အအုံ စီမံကိန်းကဏ္ဍအတွက် ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာများစွာရရှိ


အခန်းပေါင်း ၄၇၆ ခန်း ပါဝင်သည့် မြနန္ဒာ နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာ ဖွင့်လှစ်


ဒဂုံမြို့သစ်တောင်ပိုင်းရှိ ပြည်သူ့ အငှားအိမ်ယာစီမံကိန်းကို တစ်နှစ်အတွင်းတည်ဆောက်မည်


Posted By : Sint Sint (ShweProperty.com)