By Sint Sint, Shweproperty.com
Updated at 20 January 2021
အိမ်ခြံမြေ စျေးကွက်အတွင်းသို့ မှတ်ပုံတင်လက်မှတ်ရရှိထားသော ကွန်ဒိုအခန်းများ ဝင်ရောက်လာပါက နိုင်ငံခြားသားများသို့ ရောင်းချခွင့် တရားဝင်ရရှိနိုင်မည်ဖြစ်သည်။ ထိုအခါမျိုးတွင် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုများ ပိုမို ဝင်ရောက်စေရေးအတွက် အိမ်ခြံမြေဆိုင်ရာ ခိုင်မာသော ဉပဒေများပေါ်ထွက်လာရန်လည်း အရေးကြီးကြောင်း အိမ်ခြံမြေလုပ်ငန်းရှင်များက ပြောကြားထားသည်။ ကွန်ဒိုများ မှတ်ပုံတင်နိုင်ရေးအတွက် ဉပဒေဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များကို ဗဟိုဘဏ်၊ ရှေ့နေချုပ်ရုံး၊ အမြတ်ခွန်နှင့် စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတို့နှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်းကိုလည်း စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ စီမံခန့်ခွဲရေး ကော်မတီအဖွဲ့ဝင်တစ်ဦးမှ ဆိုပါသည်။ ကွန်ဒိုဉပဒေအရ မှတ်ပုံတင်ပြီးသော စီမံကိန်းများတွင် စီမံကိန်းတစ်ခုလုံးရှိ အခန်းများ၏ ၄၀ ရာခိုင်နှုန်းကို နိုင်ငံခြားသားများသို့ တရားဝင်ရောင်းချခွင့်ရှိမည်ဖြစ်ပြီး တစ်ဦးလျှင် ၂၅ရာခိုင်နှုန်းထက် မပိုသော အခန်းများကို ဝယ်ယူရရှိမည်ဖြစ်သည်။ အခန်းများဝယ်ယူရာတွင်လည်း နိုင်ငံခြားလွှဲငွေဖြင့်သာ တိုက်ရိုက်ဝယ်ယူရရှိနိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံသား မှတ်ပုံတင် မကိုင်ဆောင်ထားသော (မြန်မာနိုင်ငံမှ Blacklist စာရင်းအသွင်းခံရသူမှအပ) မည်သည့်နိုင်ငံသားမဆို ဝယ်ယူနိုင်မည်ဖြစ်ပါသည်။ ကွန်ဒိုဉပဒေပါ ပြဌာန်းချက်အရ ဝယ်ယူသူ နိုင်ငံခြားသားများ၏ ပိုင်ဆိုင်မှုသည် အဆောက်အအုံတည်ရှိစဉ်ကာလတွင်းသာ အကျုံးဝင်မည်ဖြစ်ပြီး ကျန်မြေပိုင်ဆိုင်မှုကိုမူ ရရှိမည်မဟုတ်ပါ။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောက်လုပ်နေဆဲ အိမ်ရာစီမံကိန်းများမှ ကွန်ဒိုအခန်းအရေအတွက် စုစုပေါင်း ၁၅၀၀၀ ခန့် ထပ်မံထွက်ပေါ်ရန်ရှိပြီး အခန်းပေါင်း ၆၀၀၀ ခန့်ကို နိုင်ငံခြားသားများသို့ ရောင်းချနိုင်ပါက နိုင်ငံခြားဝင်ငွေ များစွာ ရရှိလာနိုင်မည်ဟု ရည်မှန်းထားကြောင်း မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် ဉက္ကဌဦးရှိန်ဝင်းက ပြောကြားထားပါသည်။ နောက်ဆုံးရ သတင်းများ မေမြို့ အကွက်ချမြေများဝယ်ယူရာတွင် သေချာစုံစမ်းစစ်ဆေးရန်လိုကြောင်း ပြင်ဦးလွင်လွှတ်တော်အမတ်ကိုယ်တိုင် ပြောကြား စက်မူမြို့တော်စီမံကိန်း (PIC)တွင် တန်ဖိုးသင့်အိမ်ရာစီမံကိန်းများနှင့် ဈေးဝယ်စင်တာများ တည်ဆောက်မည် အခန်းပေါင်း ၃၀၀၀ ပါဝင်သည့် ပြည်သူ့အငှားအိမ်ရာ (မန္တလေး) တည်ဆောက်ရေး လုပ်ငန်းများ စတင်နေပြီဖြစ် မြန်မာလူဦးရေ သိန်းနှင့်ချီ အလုပ်အကိုင်ရရှိမည့် စက်မှုဇုန်စီမံကိန်း(၃)ခု ရန်ကုန်မြို့မှာ စတင် Written By: Aye Sandar (ShweProperty.com) Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties