By 7daydaily, Shweproperty.com
Updated at 6 May 2016
အရပ်သားအစိုးရ စတင်တာဝန်ယူသည့် ၂၀၁၆- ၁၇ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ရှစ်ဘီလီယံ ဝင်ရောက်မည်ဟု ခန့်မှန်းထားကြောင်းရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။
အစိုးရသစ်လက်ထက် တစ်လကျော်အတွင်း မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် နိုင်ငံခြား သား လုပ်ငန်းရှင်များက အဆိုပြု ထားမှုနှုန်းသည် ယခင်နှစ်များ ထက် ပိုများပြီး ဟောင်ကောင်၊ တရုတ်၊ စင်ကာပူနိုင်ငံတို့မှ ထုတ်ကုန်လုပ်ငန်းရှင်များက ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် အဆိုပြုထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က ပြောသည်။
‘‘စောင့်ကြည့်နေချိန်မှာတောင် ရင်းနှီးမြှုပ်နှံဖို့ အဆိုပြုလွှာတွေ အများကြီးလာနေတယ်’’ ဟု ၎င်းက ပြောကြားသည်။
၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် ရွေးကောက်ပွဲရှိသဖြင့် နိုင်ငံရေး အခြေအနေကို စောင့်ကြည့်၍ ရင်းနှီးမြှုပ်နံှမှု ပြုလုပ်ကြသော် လည်း မြန်မာနိုင်ငံသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုသည် ဒေါ်လာ ၉ ဒသမ ၃ ဘီလီယံအထိ စံချိန်တင်နိုင်ခဲ့သည်။ ဘဏ္ဍာနှစ် အစပိုင်းတွင် မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှု ကော်မရှင်က ခြောက်ဘီလီယံခန့် ဝင်ရောက်လာနိုင်သည်ဟု ခန့်မှန်းထားသည်။
အဆိုပါဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံသို့ အများဆုံး ဝင်ရောက်လာသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသည် စွမ်းအင်ကဏ္ဍ၌ ဖြစ်သည်။
အရပ်သားအစိုးရလက်ထက်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုနှင့်ပတ်သက်၍ များစွာတိုးတက်လာမည်ကို သံသယဖြစ်စရာမလိုသော်လည်း လျှပ်စစ်မီးအပြည့်အဝ ရရှိနိုင်မှုကို အစိုးရက အမြန်ဖြေရှင်းပေးရန်လိုကြောင်း လှိုင်သာယာ စက်မှုဇုန် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က ပြောသည်။
Ref : 7daydaily
Photo Credit : 7daydaily
Posted By : Moe Thae'
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties