By ဝင်းကျော်ကျော်, Shweproperty.com
Updated at 2 June 2017
မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းရှင်အများစု စိတ်ဝင်စားတဲ့ထဲမှာ အိမ်ခြံမြေလုပ်ငန်းဟာ တစ်ခုအပါအဝင်ဖြစ်ပါ သည်။ အိမ်ခြံမြေလုပ်ငန်းကို မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ နိုင်ငံတကာကလည်း စိတ်ဝင်စားမှုရှိတာကြောင့် လေးလအတွင်း နိုင်ငံခြားကုမ္ပဏီ (၂) ခုက အမေရိကန်ဒေါ်လာသန်းပေါင်း (၆၀၀) ကျော် ရင်းနှီးမြှုပ်နှံမှု တိုးလာ တယ်လို့ DICA ကဖော်ပြထားပါသည်။ အိမ်ခြံမြေကဏ္ဍမှာ နိုင်ငံခြားကုမ္ပဏီ (၃၉) ခုက အမေရိကန်ဒေါ်လာသန်းပေါင်း (၃.၇) ဘီလီယံကျော် ရင်းနှီးမြှုပ်နှံ ထားတာလည်း တွေ့ရပါသည်။ နိုင်ငံသားရင်းနှီးမြှုပ်နှံမှုက အမေရိကန်ဒေါ်လာ(၁)ဘီလီယံ နီးပါး ရှိပါတယ်။ အိမ်ခြံမြေကဏ္ဍ ရင်းနှီးမြှုပ်နှံမှုမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အားကောင်းနေတာတွေ့ရသလို ဈေးကွက်အတွင်း ပြိုင်ဆိုင်မှု ပြင်းထန်လာလျှင် နိုင်ငံသားများအတွက် ဝန်ဆောင်မှုကောင်းလာပြီး၊ အိမ်ခြံမြေပိုင်ဆိုင်မယ့် အခွင့်အရေးလည်း ပိုုရလာနိုင်တယ်လို့ အိမ်ခြံမြေလေ့လာသူတွေက သုံးသပ်ကြပါသည်။ ငွေအလုံးအရင်းနဲ့ ဝင်လာတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ငွေကြေးအင်အားရင်းနှီးမြှုပ်နှံမှု အားနည်းတဲ့ နိုင်ငံသား အိမ်ခြံမြေကုမ္ပဏီတွေကြား ဈေးကွက်အတွင်း မျှတတဲ့ ယှဉ်ပြိုင်မှုရဖို့ နိုင်ငံသားအိမ်ခြံမြေ ရင်းနှီးမြှုပ်နှံသူတွေက မျှော်လင့်ထားကြပါတယ်။ တရုတ်နိုင်ငံက အမေရိကန်ဒေါ်လာ (၁၈) ဘီလီယံကျော် ရင်းနှီးမြှုပ်နှံထားပြီး စင်္ကာပူက (၁၆) ဘီလီယံကျော်နှင့် ထိုင်းက (၁၁) ဘီလီယံနီးပါး မြန်မာနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းကဏ္ဍစုံမှာ ရင်းနှီးမြှုပ်နှံထားပါသည်။
ကိုဝင်းကျော်ကျော်မှ ShweProperty.com Journal အတွက် ရေးသားဖော်ပြသည်။
Posted By : Wai Phyoe
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties