By 7daydaily, Shweproperty.com
Updated at 5 December 2016
လိုင်စင်မရှိဘဲ လုပ်ကိုင် နေသည့် နိုင်ငံခြားသားအိမ်ခြံမြေ အကျိုးဆောင်များကို သက်ဆိုင် ရာသံရုံးများက အသိပေးတားမြစ် သဖြင့် ဈေးကွက်အတွင်း လျော့ နည်းလာကြောင်း သတင်းရရှိ သည်။
သက်ဆိုင်ရာသံရုံးများက ၎င်းတို့၏ နိုင်ငံသားများကို ဝက်ဘ် ဆိုက်မှတစ်ဆင့် အသိပေးညွှန် ကြားချက်များ ထုတ်ပြန်ပြီးနောက် နိုဝင်ဘာနောက် ဆုံးပတ်ကစတင် ကာ လျော့နည်းလာခြင်းဖြစ် ကြောင်း အိမ်ခြံမြေအကျိုးဆောင် များက ပြောသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကလည်း တရားမဝင် အိမ်ခြံမြေအကျိုးဆောင်များ လုပ် ကိုင်နေသည်ကို တွေ့ရှိပါက တိုင်ကြားနိုင်သည်ဟု တရားဝင် ကြေညာပြီးနောက် သက်ဆိုင်ရာ သံရုံးအချို့ကလည်း သတိပေးမှု များပြုလုပ်ခဲ့ပြီး ယခုကဲ့သို့ လျော့နည်းခြင်းဖြစ်သည်ဟု ဝါဝါ၀င်း အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း ရှင်ကပြောသည်။
‘‘သင်္ဃန်းကျွန်းဘက်မှာဆို ရင် ကုမ္ပဏီနေရာတွေပါပြောင်း သွားတယ်။ တချို့ဆို ဆိုင်းဘုတ် တောင်မဖြုတ်သွားဘူး’’ဟု ၎င်း ကဆိုသည်။
အများစုသည် တရုတ်နှင့်စင် ကာပူလူမျိုးအချို့က လာရောက် ၍ တရားမဝင်လုပ်ကိုင်နေခြင်း ဖြစ်သည်ဟု အဆိုပါလုပ်ငန်းရှင် ကပြောသည်။
လိုင်စင်မရှိဘဲ လုပ်ကိုင်နေ သည့် နိုင်ငံခြားသားအိမ်ခြံမြေအ ကျိုးဆောင်များစာရင်းကို အတိ အကျပြုစုနေပြီး မကြာမီ တရားဝင်တိုင်ကြားမည့် အစီအစဉ်များ လည်းရှိကြောင်း ရန်ကုန်တိုင်း အိမ်ခြံမြေအသင်းဥက္ကဋ္ဌ ဦးစိုင်း ခွန်နောင်ကပြောသည်။
လက်ရှိ လွှတ်တော်တွင် ရေးဆွဲလျက်ရှိသော အိမ်ခြံမြေ ဝန်ဆောင်မှုဥပဒေကြမ်း ထွက် ပေါ်လာပါက အဆိုပါကိစ္စသည် ပြေလည်နိုင်ကြောင်း ၎င်းကသုံး သပ်သည်။
MIC အနေဖြင့် လုပ်ကိုင်နေ မှုများရှိပါက တိုင်ကြားနိုင်ကြောင်း ပြောကြားခဲ့သော်လည်း လာ ရောက်တိုင်ကြားသူ တစ်စုံတစ် ရာမရှိသေးကြောင်း ရင်းနှီးမြှုပ် နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦး စီးဌာန ညွှန်ကြားရေးမှူးကပြော ကြားသည်။
မြန်မာနိုင်ငံတွင် ၂၀၁၂ ခန့် ကစ၍ နိုင်ငံခြားသားအချို့သည် လိုင်စင်လျှောက်ထားရယူခြင်း မရှိဘဲ ပြည်တွင်းရှိကျွမ်းကျင် ဝန် ထမ်းများခေါ်ယူကာ အိမ်၊ခြံ၊ မြေ ကဏ္ဍတွင် လာရောက်လုပ်ကိုင် လျက်ရှိပြီး အရေအတွက် များ ပြားလာခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် နိုင်ငံခြား သားသည်ဝန်ဆောင်မှုလုပ်ငန်း များ လုပ်ကိုင်မည်ဆိုပါက ပြည် တွင်းလုပ်ငန်းရှင်များနှင့်သာ ပူး ပေါင်းဆောင်ရွက် ရမည်ဖြစ် ကြောင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေတွင် ဖော်ပြထားသည်။
လုပ်ကိုင်လိုပါက တရားဝင် လိုင်စင်ရရှိရန် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန သို့ တင်ပြ၍ တရားဝင်လိုင်စင် လျှောက်ထား လုပ်ကိုင်ရမည်ဖြစ် ကြောင်း အတည်ပြုပြဋ္ဌာန်းထား သည်။
‘‘အခုလာလုပ်နေတဲ့သူတွေ က သူတို့နိုင်ငံက နိုင်ငံသားလာ ရင်သူတို့အချင်းချင်း ပေါင်းပြီး မြေဝယ်၊ တိုက်ခန်းဝယ်လုပ်ကြ တာ။ နိုင်ငံခြားသားကလည်း သူ တို့လူအချင်းချင်းဆို ပိုယုံကြည်တဲ့ သဘောဖြစ်နေတယ်။ အခုလုပ် နေတာက တကယ်တမ်းတော့ တရားမဝင်ပါဘူး။ ပြည်တွင်းက အိမ်ခြံမြေအကျိုးဆောင်လုပ် ငန်းရှင်တွေကိုလည်း ပိုထိခိုက်ပါ တယ်’’ဟု ဦးစိုင်းခွန်နောင်ကဆို သည်။
နိုင်ငံခြားသားလုပ်ငန်းရှင် များ အိမ်ခြံမြေကဏ္ဍတွင် ရင်းနှီး မြှုပ်နှံထားမှုသည် မေလအထိ စာ ရင်းများအရ ၃၅ ခုရှိကြောင်း ရင်း နှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန် ကြားမှုဦးစီးဌာနက ထုတ်ပြန် ထားသည်။
Ref : 7daydaily
Photo Creidit : Myanmar Hotels & Travel Guide
Posted By : Moe Thae'
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties