By Kumudra, Shweproperty.com
Updated at 16 January 2018
ကွန်ဒိုအဆောက်အအုံတွေကို ဝယ်ယူနိုင်မယ့် စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ ဥပဒေက နိုင်ငံခြားသား ဝယ်ယူခွင့်ပုံစံကို ဖော်ပြပေးလိုက်ပါတယ်။ နိုင်ငံခြားသားတွေ အထပ်မြင့်ဝယ်ယူတဲ့အခါ အိမ်ခန်းမှာစုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ ဥပဒေအရ မှတ်ပုံတင်ထားတဲ့ အိမ်ခန်းဖြစ်ရမှာဖြစ်ပြီး စုပေါင်းအဆောက်အအုံနဲပက်သက်တဲ့ ဥပဒေပုဒ်မ-၂(က)မှာ ပြဋ္ဌာန်းထားတဲ့ မှတ်ပုံတင်ထားပြီး စုပေါင်းပိုင်မြေမှာ စုပေါင်းဆောက်လုပ်ထာတဲ့ ခြောက်ထပ်နဲပအထပ်ရှိတဲ့ အထပ်မြင့် အဆောက်အအုံကို သတ်မှတ်ထားကြောင်း သိရပါတယ်။ စုပေါင်းပိုင် အဆောက်အအုံဖြစ်ဖို့အတွက် (၁)မှတ်ပုံတင်ထားတဲ့ စုပေါင်းပိုင်မြေမှာ ဆောက်လုပ်ထားတာဖြစ်ရမယ်။ (၂)စုပေါင်းပိုင် အဆောက်အအုံအဖြစ် ဆောက်လုပ်ထားရမယ်။ (၃) ခြောက်ထပ်နဲ့အထပ်ရှိရမယ်လို့ သိရပါတယ်။ စုပေါင်းပိုင်မြေဆိုတာ ဥပဒေပုဒ်မ ၁၀(က)အရ မှတ်ပုံတင်လိုတဲ့ မြေဟာ ဥပဒေတစ်ရပ်ရပ် အရ လူနေအိမ်အဖြစ် ရရှိပြီး ပိုင်ဆိုင်ခွင့်လွှဲပြောင်းနိုင်တဲ့ မြေအမျိုးအစားဖြစ်ရမယ်။ ဥပဒေပုဒ်မ ၁၀(ခ)အရ မြေလက်ရှိ ပိုင်ဆိုင်သူက စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ စုပေါင်းပိုင်မြေအဖြစ် ပိုင်ဆိုင်ခွင့်လွှဲပြောင်းပေးပြီး ဖြစ်ရမယ်။ ဥပဒေပုဒ်မ ၁၀(ဂ)အရ မြို့ပြစီမံကိန်းအရ သက်ဆိုင်ရာ အစိုးရဌာနအဖွဲ့အစည်းက သတ်မှတ်ထားတဲ့ အချက်တွေ ညီညွှတ်ရမယ်။ ဥပဒေပုဒ်မ ၁၀(ဃ)အရ မြေဧရိယာဟာ အနည်းဆုံး စတုရန်းပေ (၂၀,၀၀၀)နဲ့ အထက်ရှိရမှာဖြစ်ပြီး မှတ်ပုံတင်ထားတဲ့ စုပေါင်းပိုင်မြေဖြစ်လာဖို့ရာမှာလည်း အထက်ပုဒ်မ (၁၀)ပါ ပြဋ္ဌာန်း ချက်တွေနဲ့ညီညွတ်ရမှာ ဖြစ်တယ်လို့ အိမ်ခြံမြေအကျိုးဆောင် ကိုသူရက ပြောပါတယ်။ ဥပဒေ၊ နည်းဥပဒေအရ နိုင်ငံခြားသားတွေ အဆောက်အအုံတွေ ဝယ်ယူခွင့်ရှိတဲ့မြို့နယ်တွေကတော့ သတ်မှတ်ထားတာ မတွေ့ရသေးပါ။ အမိန့်ကြော်ငြာစာ၊ ညွှန့်ကြားချက်တွေထုတ်ပြန်ထားခြင်း မရှိသေးဘူးလို့ ၎င်းက ပြောပါတယ်။ ဥပဒေပုဒ်မ ၂၆(ဃ)နဲ့ နည်းဥပဒေ (၃၄)အရ စုပေါင်းပိုင် အဆောက်အအုံတစ်လုံးရဲ့ ရောင်းချနိုင်တဲ့ စုစုပေါင်းကြမ်းခင်း ဧရိယာနဲ့ (၄၀)ရာခိုင်နှုန်းထက် မပိုတဲ့ အိမ်ခန်းတွေကို နိုင်ငံခြားသားတွေကို ရောင်းချနိုင်ပါတယ်။ နည်းဥပဒေ (၃၄)အရ စုပေါင်းပိုင် အဆောက်အအုံရဲ့ အိမ်ခန်း (၂၅)ရာခိုင်နှုန်းထက် မပိုတဲ့ အိမ်ခန်းတွေကို ဝယ်ယူသူ တစ်ဦးတစ်ယောက်တည်း အမည်နဲ့မှတ်ပုံတင်ခွင့်ရှိပြီး နည်းဥပဒေကတော့ နိုင်ငံသား၊ နိုင်ငံခြားသားရယ်လို့ ခွဲခြားမထားဘဲ မည်သူမဆိုဖြစ်ကြောင်း သိရပါတယ်။ ပြဋ္ဌာန်းချက်တွေအရ နိုင်ငံခြားသားတွေအနေနဲ့ ဝယ်ယူထားတဲ့ အခန်းတွေကို ပြန်ရောင်းချခွင့်၊ ပေါင်နှံခွင့်ရှိပြီး ဥပဒေပုဒ်မ (၂၆)နဲ့ နည်းဥပဒေ (၄၆)အရ နိုင်ငံခြားသားအနေနဲ့ စုပေါင်းပိုင်သူ အခွင့်အရေးတွေ ရထိုက်ခွင့်ရှိကြောင်း သိရပါတယ်။ ဒါ့အပြင် နည်းဥပဒေ (၄၇)အရ နိုင်ငံခြားသားကွယ်လွန်(သို့)ပြည်နှင်ဒဏ်ခံရရင် ဥပဒေအရ ဆက်ခံပိုင်ခွင့်ရှိသူက မှတ်ပုံတင်အရာရှိထံက တစ်ဆင့် စီမံခန့်ခွဲရေးကော်မတီကို တင်ပြလျှောက်ထားနိုင်ကြောင်း သိရပါတယ်။ သက်တမ်းကာလသာပိုင်ဆိုင်ခွင့်ရှိ မှတ်ပုံတင်ထားတဲ့ စုပေါင်းမြေနဲ့ပက်သက်တဲ့ စာရွက်စာတမ်းအထောက်အထား မူရင်းတွေကို စုပေါင်းပိုင် အဆောက်အအုံအသင်းရဲ့ အမှုဆောင်အဖွဲ့ဆီကို မှတ်ပုံတင်အရာရှိက လွှပြောင်းပေးရမှာဖြစ်ပြီး စုပေါင်းပိုင် အဆောက်အအုံ၊ စုပေါင်းပိုင်မြေတွေနဲ့ပက်သက်လို့ အသင်းနဲ့အမှုဆောင်အဖွဲ့က စီမံခန့်ခွဲဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် နည်းဥပဒေ (၃၆)အရ နိုင်ငံခြားသားအနေနဲ့ စုပေါင်းပိုင် အဆောက်အအုံရဲ့ သက်တမ်းကာလအတွင်းသာ အိမ်ခန်းပိုင်ဆိုင်ခွင့်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။ စုပေါင်းပိုင် အဆောက်အအုံတစ်ခုမှာ နိုင်ငံခြားသား ရောင်းချနိုင်တဲ့ စုစုပေါင်းကြမ်းခင်းဧရိယာရဲ့ (၄၀)ရာခိုင်နှုန်းဖြစ်ပြီး ဥပဒေပုဒ်မ (၂၆)ပါ စုပေါင်းပိုင်သူရဲ့ အခွင့်အရေးတွေကို နိုင်ငံသားများနည်းတူ ခံစားခွင့်ပေးထားကြောင်း သိရပါတယ်။ နိုင်ငံခြားသားတွေအနေနဲ့ ကွန်ဒိုအဆောက်အအုံတွေ ဝယ်ယူခွင့်ရရှိမယ့် စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ နည်းဥပဒေကို (၂၀၁၇)ခုနှစ် ဒီဇင်ဘာလ (၇)ရက်နေ့က ထုတ်ပြန်ခဲ့ကြောင်း သိရပါတယ်။ Ref : The Kumudra Photo Credit : Eleconomista Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties