By 7daydaily, Shweproperty.com
Updated at 3 May 2016
သင်္ကြန်အပြီး ရန်ကုန် အိမ်ခြံမြေဈေးကွက်တွင် နိုင်ငံ ခြားသားများအား လုံးချင်းအိမ် ငှားရမ်းမှုများလာကြောင်း အိမ်ခြံ မြေ အကျိုးဆောင်များထံမှ သ တင်းရရှိသည်။
တောင်ဥက္ကလာပ၊ မရမ်း ကုန်း အစရှိသည့် မြို့နယ်များတွင် နိုုင်ငံခြားသားများက ၎င်းတို့ နေ ထိုင်ရန် လုံးချင်းအိမ်များကို ဈေးကောင်းပေးကာ ခြောက်လမှတစ်နှစ်အထိ ငှားရမ်းနေထိုင်မှု မြင့်တက်လာသည်ဟု အဆိုပါမြို့နယ်အခြေစိုက် အိမ်ခြံမြေ အကျိုး ဆောင်များကပြောသည်။
‘‘ပရိဘောဂ အစုံအလင် အဲ ကွန်းနဲ့ ခြံကျယ်ကျယ် ဆိတ်ငြိမ်တဲ့ ရပ်ကွက်လေးတွေကို ရွေးပြီးသူတို့ အရမ်းနေလာကြတယ်။ သင်္ကြန်ပြီးကတည်းက နိုင်ငံခြား သား အငှားတက်လာတယ်’’ ဟု မရမ်းကုန်းမြို့နယ် အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းရှင်တစ်ဦး ကပြောသည်။
အထူးသဖြင့် ဥရောပနိုင်ငံ များမှ လာရောက်သည့် နိုင်ငံခြား သားများကလုံးချင်းများ ငှားရမ်း နေထိုင်ကြပြီး အာရှမှလာသည့် ဂျပန်၊ တရုတ်လူမျိုး အများစုက ကွန်ဒိုများတွင်သာ ရွေးချယ်ငှား ရမ်းနေထိုင်ကြသည်ဟု ၎င်းက ပြောသည်။
ရန်ကုန်တွင် အိမ်ခြံမြေဈေး ကွက် အေးစက်နေချိန်၌ ကွန်ဒိုဥပဒေ အတည်ပြုပြီးဖြစ်သော်လည်း ဝယ်ယူမည့်သူ မရှိသလောက် နည်းပါးနေသေးကြောင်း အိမ်ခြံမြေလုပ်ငန်းရှင်များက ပြောကြားသည်။
ထို့ကြောင့် ဈေးကွက်အေး စက်နေချိန်တွင် ယခုကဲ့သို့ နိုင်ငံ ခြားသား အငှားဈေးကွက်ဘက် သို့ အကျိုးဆောင်အချို့ပြောင်းလဲ လုပ်ကိုင်လာကြ သည်ဟု သတင်း ရရှိသည်။
နိုင်ငံခြားသားများ အားလုံး ချင်းအိမ်ရာများ ငှားရမ်းရာတွင် တစ်လလျှင် ကျပ် ၁၀ သိန်းမှသိန်း ၅၀ အထိ ရပ်ကွက်မြေအကျယ် ပေါ်မူတည်ပြီး ခြောက်လမှ တစ် နှစ်အတွင်း စာချုပ်ချုပ်ဆို ငှားရမ်းကြသည်ဟု အိမ်ခြံမြေအကျိုး ဆောင်များထံမှ သတင်းရရှိ သည်။
Ref : 7daydaily
Photo Credit : www.hotels-myanmar
Posted By : Moe Thae'
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties