By 7daydaily, Shweproperty.com
Updated at 16 September 2016
ရန်ကုန်မြို့တွင် ကွန်ဒိုများ၊ အဆင့်မြင့်လုံးချင်းအိမ်ရာများ၊ ဈေးမြင့်တက်လာမှုကြောင့် မြို့တွင်းမြို့နယ်များရှိ ရပ်ကွက်များအတွင်း နိုင်ငံခြားသားများ ငှားရမ်းနေထိုင်မှု မြင့်တက်လာ ကြောင်း အိမ်ခြံမြေ အကျိုးဆောင် များထံမှ သတင်းရရှိသည်။
‘‘လုပ်ငန်းရှင်တွေက နိုင်ငံ ခြားသားတွေကို မျှော်ပြီး ကွန်ဒို တွေဆောက်ကြတယ်။ ဒီနိုင်ငံကိုလာတဲ့ နိုင်ငံခြားသားတွေက ကုမ္ပဏီဝန်ထမ်းတွေ များတယ်။ ကွန်ဒိုကို ဝယ်ဖို့နေနေသာသာ ငှားဖို့တောင် မတတ်နိုင်တော့ ရပ် ကွက်ထဲမှာ ဈေးသက်သက်သာ သာနဲ့ ငှားနေကြတယ်’’ဟု တော် ဝင်ဆောက်လုပ်ရေး ကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာ ဦးကိုကို ထွေးက ပြောသည်။
အထူးသဖြင့် စမ်းချောင်း၊ ကြည့်မြင်တိုင်၊ အလုံမြို့နယ်များ ရှိ ကန်ထရိုက်တိုက်ခန်းများတွင် တစ်လလျှင် ကျပ် ၁၅၀,၀၀၀ မှ ၂၅၀,၀၀၀ အထိ ဈေးပေးငှားရမ်းနေထိုင်ကြကြောင်း လင်းဧရာ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း ရှင် ဦးမြင့်ဝင်းက ပြောသည်။
ရန်ကုန်တွင် အလုံးအရင်း ဖြင့် တည်ဆောက်ခဲ့သည့် ကွန်ဒို များမှာ အငှား ဈေးကွက်ထက် ကြိုပွိုင့်ဖြင့် အရောင်းအဝယ်ဈေး ကွက်ဖြစ်မှု များပြားပြီး ဈေးကစား သူများ၏ ဈေးကွက် တစ်ခုသာဖြစ်ခဲ့ကြောင်း အိမ်ခြံမြေအကျိုး ဆောင်များက ဆိုသည်။
ကွန်ဒို တိုက်ခန်းများကို အများဆုံး ငှားရမ်းနေထိုင်နိုင်သည့် နိုင်ငံခြားသား အများစုမှာ တရုတ်နှင့် ဂျပန်လူမျိုးများဖြစ်ပြီး ဥရောပမှလာ သည့် နိုင်ငံခြားသားအများစုမှာ မြို့စွန်လုံးချင်းများနှင့် မြို့တွင်းမြို့နယ်များရှိ ကန်ထရိုက်တိုက်ခန်းများတွင် ငှားရမ်းနေထိုင်မှု အများဆုံးဖြစ်ကြောင်း ရန်ကုန်တိုင်း အိမ်ခြံမြေ ဝန်ဆောင်မှုအသင်းဥက္ကဋ္ဌ ဦးစိုင်းခွန်နောင်က ဆိုသည်။
‘‘တရုတ်လူမျိုးတွေက ငွေပို သုံးနိုင်တယ်။ ယောမင်းကြီးကွန်ဒို တို့၊ ပုလဲကွန်ဒိုတို့မှာ သူတို့တွေ ငှားနေနိုင်ကြတယ်။ တချို့နိုင်ငံ ခြားသားတွေ ကတော့ အလုပ်ကို သွားရမှာ နီးမယ့်ရပ်ကွက်မျိုးမှာ ရွေးပြီး ဈေးသက်သာတဲ့ ကန် ထရိုက်တိုက်တွေမှာ ငှားနေကြ တယ်’’ဟု ဦးစိုင်းခွန်နောင်ကဆို သည်။ ရပ်ကွက်များအတွင်း နိုင်ငံ ခြားသားများ ဝင်ရောက်နေထိုင်မှု ၂ နှစ်ကျော်လာပြီဖြစ်ပြီး အများစုမှာ နိုင်ငံခြားကျောင်းများ တွင် သင်ကြား ပို့ချသည့် ကျောင်း ဆရာ၊ ဆရာမများ၊ အင်န်ဂျီအိုဝန်ထမ်းများနှင့် ကုမ္ပဏီဝန်ထမ်း များဖြစ်သည်ဟုဆိုသည်။
ရန်ကုန်မြို့တွင် ကွန်ဒိုတိုက် ခန်းငှားရမ်းခြင်း၊ ဝယ်ယူနေထိုင် နိုင်မှုမှာ အိမ်ထောင်စုငါးသောင်း ခန့်သာရှိကြောင်း ဆောက်လုပ် ရေး လုပ်ငန်းရှင်များ အသင်းမှ ကောက်ယူသည့် စာရင်းများမှ သိရသည်။နိုင်ငံခြားသားများသည် မြန်မာနိုင်ငံတွင် ကာလရှည် နေ ထိုင်မည်ဆိုပါက သတ်မှတ်ထား သည့် ဗီဇာပေါ်မူတည်ကာ ရက် ပေါင်း ၇၀ မှ ၁၀၀ အထိ နေထိုင်နိုင်ပြီး ဆက်လက်သက်တမ်းတိုးမှု လည်း ပြုလုပ်နိုင်ကြောင်း လူဝင် မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ထုတ်ပြန်သတ်မှတ်ထားသည်။
Ref & Photo Credit : 7daydaily
Posted By : Moe Thae'
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties