By Pyi Myanmar, Shweproperty.com
Updated at 17 January 2018
ပြီးခဲ့သော နှစ်ကုန်ပိုင်းတွင် ထုတ်ပြန်လိုက်သည့်ကွန်ဒိုမီနီယံနည်းဥပဒေတွင် နိုင်ငံခြားသားများကို အဆောက်အအုံတည်ဆောက်ခွင့်ပေးထားသော်လည်း ပြည်တွင်းမြေပိုင်ရှင်နှင့်သာ တွဲဖက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးမှ ပြောကြားကြောင်းသိရသည်။ ထိုသို့တည်ဆောက်ခွင့်ပေးထားသော်လည်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ခွင့်ပြုချက်လိုအပ်ပြီး ကွန်ဒိုမီနီယမ်နှင့် ပတ်သက်၍ ဖွဲ့စည်းမည့် စီမံခန့်ခွဲရေးကော်မတီသို့လည်း တင်ပြရန်လိုကြောင်း သိရသည်။ ကွန်ဒိုမီနီယမ်နည်းဥပဒေတွင် နိုင်ငံခြားသားများအား Developer အနေနှင့်ခွင့်ပြုထားပြီး ကွန်ဒိုရောင်းချမှုအတွက်လည်းအဆောက်အအုံ၏ ရောင်းချ၍ရသော စုစုပေါင်းကြမ်းခင်းဧရိယာ၏ ၄ဝရာခိုင်နှုန်းအား ရောင်းချခွင့်ပြုထားကြောင်း သိရသည်။ ထို့ပြင်ဆောက်လုပ်သူများ၏ငွေကြေးကဏ္ဍအတွက် ကွန်ဒိုအဆောက်အအုံတစ်လုံး၏ဖောင်ဒေးရှင်း ၃ဝရာခိုင်နှုန်းပြီးစီးပါက အခန်းများကို ကြိုတင်ရောင်းချခွင့်ပြုထားကြောင်း၊ကွန်ဒိုမီနီယမ်အဖြစ်သတ်မှတ်ရန် ***သင်စိတ်ဝင်စားနိုင်သော ကမ္ဘာ့အမြင့်ဆုံးအဖြစ် သတ်မှတ်ထားသော အဆောက်အဦ(၁ဝ)လုံး*** အနည်းဆုံးမြေဧရိယာဧကဝက်နှင့်ခြောက်ထပ်နှင့် အထက်အဆောက်အအုံများကိုခွင့်ပြုကြောင်း၊လက်ရှိတည်ဆောက်ပြီးသား အဆောက်အအုံများကို နိုင်ငံခြားများအား ရောင်းချလိုပါက ကွန်ဒိုအဖြစ် သတ်မှတ်ရန် ပြန်လည်တင်ပြရမည်ဖြစ်ပြီး လက်ရှိတွင် ရွှေတောင်လုပ်ငန်းစုမှ တင်ပြထားမှုရှိကြောင်း သိရသည်။ ထွက်ရှိပြီးဖြစ်သည့် ကွန်ဒိုမီနိယမ်နည်းဥပဒေတွင်နိုင်ငံခြားသားများအားရောင်းချခွင့်ပေးလိုက်ပြီဖြစ်သော်လည်း ဧပြီလခန့်မှ သာစတင်ရောင်းချမည်ဖြစ်ကြောင်း သိရသည်။ Ref & Photo Credit : Pyi Myanmar Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties