By Kumudra, Shweproperty.com
Updated at 1 May 2018
မြန်မာနိုင်ငံအတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ၊ ပြည်ပက စီးပွားရေး လုပ်ငန်းတွေ ဝင်ရောက်လာတာနဲ့အမျှ နိုင်ငံခြားသားတွေ နေထိုင်ဖို့ အိမ်ရာ လို အပ်ချက်တွေ များလာပါတယ်။
အိမ်ပိုင် ရှင်တွေအနေနဲ့ မိမိအိမ်ကို နိုင်ငံခြားသား အိမ်ငှား တင်ချင်တယ်ဆိုရင် သိထားသင့်၊ လုပ်ဆောင်ထားသင့်တဲ့ အ ချက်လေးတွေ ဖော်ပြပေးပါမယ်။
၁။ အိမ်ရဲ့တည်နေရာ
နိုင်ငံခြားသားတွေ အကြိုက်များ တာတော့ မြို့တွင်း ပိုင်းမြို့နယ်တေပါ။ အထူးသဖြင့် ပန်းခြံတို့၊ ရေကန်တို့နဲ့နီးပြီး မနက်စောစောအား ကစားလုပ်လို့ကောင်း တဲ့ နေရာမျိုးတွေဆို ပို ကြိုက်ပါ တယ်။ ဒါ ကြောင့် ဗဟန်း၊ ကမာရွတ်၊ ရန်ကင်း၊ မရမ်းကုန်းမြို့နယ်တွေက အိမ်တွေကို ဦးစားပေး လိုချင်ကြပါတယ်။ ကိုယ့် ရဲ့ အိမ် က ပြန်လည်ပြုပြင်ထား မယ်၊ သန့် ရှင်း သပ်ရပ်မှုရှိမယ်၊ ပတ်ဝန်းကျင်လည်း ကောင်း မွန်တယ်၊ ဈေးလည်း သိပ်မများ ဘူးဆိုရင်တော့ ငှားကြမှာပါ။
၂။ လုံးချင်းအိမ်၊ ကွန်ဒို၊ တိုက်ခန်း
လုံးချင်း အိမ်ကတော့ လှမ်းမမီတဲ့ ပန်း ဧက ရီလို့ပဲ ပြောရမလား။ ရန်ကုန်ရဲ့ အဆင့် မြင့်အိမ် ဈေးနှုန်းတွေကြောင့် တော်ရုံလူ တော့ အ နားမကပ်နိုင်တာအမှန်ပါပဲ။ သည် တော့ ကွန်ဒိုအခန်းတွေနဲ့ နေရာကောင်း တဲ့ တိုက်ခန်းကျယ်တွေက ပိုအငှား သွက် ပါ တယ်။ အနီးပတ်ဝန်းကျင်မှာ ဈေးဝယ် စင် တာတွေ၊ အားကစားခန်းမတွေ၊ အေး အေး ဆေးဆေး ထိုင်လို့ရတဲ့ ကော်ဖီဆိုင် လိုမျိုး ဆိုင်လေးတွေရှိတဲ့ နေရာတွေကို သ ဘော ကျပါတယ်။ ခြွင်းချက်အနေနဲ့ တချို့ တွေ အထူးသဖြင့် အသက်ငယ်တဲ့ သူတွေကတော့ လူစည်ကားတဲ့ မြို့ထဲလိုနေရာ တွေကို သဘောကျပါတယ်။
၃။ ပရိဘောဂတွေ
နိုင်ငံခြားသားဆိုတာက မြန်မာနိုင်ငံ မှာ အလုပ်လုပ်ဖို့ လာတာပါ။ သည်တော့ သူတို့ အနေနဲ့ အိမ်တွင်းပရိဘောဂတွေ တစ်ပုံကြီးဝယ်ဖို့ စိတ်မဝင်စားပါဘူး။ လက် ဆွဲ အိတ်လေးတစ်လုံးလောက်ပဲ ဆွဲပြီး အ ဆင်သင့် တက်နေချင်တာပါ။ အဲသည် အ စား အိမ်ငှားခကိုပဲ ပိုပေးပြီးနေဖို့ သဘော ကျပါ တယ်။ အိမ်တွင်းပရိဘောဂဆိုရာ မှာ လည်း အခြေခံပစ္စည်းတွေ ဖြစ်တဲ့ စားပွဲ၊ ဗီရို၊ ကု လားထိုင်၊ ခုတင်တွေ၊ ရေခဲ သေတ္တာ၊ အဝတ်လျှော်စက်၊ တီဗီလောက် ပါရင် ရပါပြီ။ အရေးကြီးတာတစ်ခုက အဲယားကွန်းပါ။
၄ ။ အိမ်ငှားခ
အရေးအကြီးဆုံးအပိုင်းကိုရောက် လာ ပါပြီ။နိုင်ငံခြားသားတစ်ယောက် အဖို့ ပတ် ဝန်းကျင်သန့်သန့်၊သူတို့လိုချင် တဲ့အထက် ကအချက်တွေ ပြည့်စုံတယ်ဆို ရင် တိုက် ခန်း လောက်ဆိုရင်တောင် ဒေါ် လာ ၄ဝဝ၊ ၅ဝဝ လောက်ပေးနိုင်ပါတယ်။ ကွန်ဒိုဆိုရင်လည်း ဒေါ်လာ ၁၅ဝဝ၊ ၂ဝဝဝ လောက် တော့ ပေးနေပါတယ်။ နောက်ထပ်တစ် ချက်က သူတို့တွေက အလုပ်လာလုပ်တာ ဖြစ်တဲ့အတွက် နှစ်ချုပ်ထက် လချုပ်ငှား ရတာကို ပိုစိတ်ဝင် စားပါတယ်။
နိုင်ငံခြားသား အိမ်ငှားတင်တာနဲ့ ပတ် သက်ပြီး ကောင်းကွက်၊ ဆိုးကွက်လေးတ ချို့လည်း ရှိပါတယ်။ ကောင်းကွက်အ နေနဲ့ ပြောရရင်အိမ်ငှားခ ပိုတောင်းလို့ ကောင်း ပါ တယ်။ ပြီးတော့ သူတို့က လူအ များကြီး စုမနေတော့ အိမ်ထိခိုက်မှုနည်းပါတယ်။ အများစု (အကုန်မဟုတ်ပါဘူး) က သန့် သန့်ရှင်းရှင်း နေတတ်ပါတယ်။ ဒါတွေက ကောင်းကွက်တွေပါ။ ဆိုးတာတွေက တော့ ဘာသာ၊ ယဉ်ကျေးမှုမတူတတ်တဲ့ အလျောက် အဆင်မပြေတာလေးတွေ ရှိ နိုင်ပါတယ်။ ပြီးတော့ အသေးအမွှားလေး ကအစ တစ်ခုခုအဆင်မပြေတိုင်း ကိုယ့်ကို ပြဿနာရှာတတ်ပါတယ်။ သည်တော့ အ ကောင်းအဆိုး နှစ်ဖက်ကြားမှာ ဟန်ချက် ညီအောင် ထိန်းရင်း အိမ်ရှင်၊ အိမ်ငှားအား လုံး အဆင်ပြေကြပါစေလို့ ဆုတောင်း လိုက်ပါတယ်။
Ref & Photo Credit : Kumudra
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties