By Aye Sandar, Shweproperty.com
Updated at 26 January 2021
မြေနဲ့ပတ်သက်လို့ ရောင်းဝယ်ခြင်း၊လွှဲပြောင်းခြင်းနဲ့ ပေးကမ်းခြင်း ပြုလုပ်ကြရာတွင် စာချုပ် စာတမ်း မှတ်ပုံတင် အက်ဥပဒေ ပုဒ်မ ၂၁ အရ မရွှေ့ပြောင်းနိုင်သော ပစ္စည်း ရောင်းဝယ်/ ပေးကမ်း/ စွန့်လွှတ် စသည့် စာချုပ်များ မှတ်ပုံတင် ချုပ်ဆို လျှင် "မြေပုံ/မြေရာဇဝင်" မပါရှိခဲ့လျှင် လက်ခံချုပ်ဆိုခြင်း မပြုရဟု ပါရှိပါသည်။ "မြေပုံ မြေရာဇဝင်"ဆိုသည်မှာ အများ သိတဲ့ ပုံစံ ၁၀၅၊ ၁၀၆ ဖြစ်ပြီး နှစ်စဉ်အမြဲ "ပြောင်းလဲ အတည်ပြုရေးဆွဲ နေရတဲ့ "မြေစာရင်း/ မြို့တော်စည်ပင်/ အိုး အိမ်"ဌာနတို့ရဲ့ ဌာနရှိမှတ်တမ်း စားရင်းများအရ မူရင်းအပေါ်မှာ ကောက်နုတ် ရေးဆွဲပေးထားသော မိတ္တူ ဖြစ်ပါသည်။မြေနဲ့ပတ်သက်လို့ မှန်ကန်မှု ရှိ/မရှိဆိုတာကို အထက်ပါဌာနတွေကသာ တိုက်ဆိုင်စစ်ဆေး အတည်ပြုပေးနိုင်တဲ့အတွက် ပုံစံ ၁၀၅၊ ၁၀၆ ဟာ စစ်မှန်မှုအတွက် အရေးပါခြင်းဖြစ်ပါသည်။ ဌာနက ထုတ်ပေးတဲ့ ပုံစံ ၁၀၅ သည်မြေပုံ / ပုံစံ ၁၀၆ သည်မြေရာဇဝင်၊ ဒီနှစ်ရွက်ပေါင်းကို မြေပုံ/မြေရာဇဝင်လို့ ခေါ်ပါတယ်။ မြို့နယ် မြေစာရင်း/မြို့တော်စည်/အိုးအိမ် ဌာနတို့က ထုတ်ပေးတဲ့ မြေပုံကလေးပါတဲ့ မြေပုံကို ပုံစံ ၁၀၅၊ မြေရာဇဝင်ပါတဲ့စာရွက်ကို မြေရာဇဝင် ပုံစံ ၁၀၆ လို့ခေါပြီး အဆိုပါ ၂ ရွက်ပေါင်းလိုက်တော့ မြေပုံ/မြေရာဇဝင် ဖြစ်သွားပါသည်။ ပုံစံ ၁၀၅၊ ၁၀၆ ကို အရောင်းဝယ်စာချုပ် မှတ်ပုံတင်ပြုလုပ်ရာမှာ အသုံးပြုရုံတင် မဟုတ်ပါဘူး၊ အိမ် အသစ် ဆောက််ရင်/ အကြီးစားပြင်ရင်/ အဝီစိတွင်းတူးရင်/ မြေကွက်ခွဲရင်/ ခြံစည်းရိုးခတ်ချင်ရင်/ မှတ်တမ်းအဖြစ် သိမ်းထားချင်ရင်/ လယ်ယာမြေ လုပ်ပိုင်ခွင့်လျှောက်ရင်/ ရောင်းချရင်/ အခြားသော မြေယာ ကိစ္စရပ်တွေမှာ အသုံးပြုရပါသည်။ ပုံစံ ၁၀၅၊ ၁၀၆ ရှိနေရုံနဲ့ မြေပိုင်တာတော့ မဟုတ်ပါဘူး။ သာဓကအားဖြင့်ဆိုရသော် မြေပိုင်ဆိုင်မှု တရားဝင်အထောက်အထားနဲ့ ပုံစံ ၁၀၅ အရ မြေက “လယ်ယာမြေ” ဆိုရင် လယ်လုပ်နိုင်မည်ဟု ဆိုလိုခြင်းသာဖြစ်သည်။ မြေနဲ့ပတ်သက်တဲ့ အကြောင်းအရာ အချက်အလက်တွေကို မှန်မှန်ကန်ကန် သိနိုင်အောင် အသုံးပြုခြင်းသာဖြစ်သည်။ ပုံစံ ၁၀၅၊ ၁၀၆ လိုချင်ရင် မြို့နယ် မြေစာရင်း/ မြို့တော်စည်ပင်/ အိုးအိမ် ဌာနများမှာ လျှောက်ထား ရယူနိုင် မည်ဖြစ်ပြီး ဌာန ၃ခု ဖြစ်နေရတာက မြေနေရာအပေါ်မူတည်ပြီး စီမံတဲ့ ဌာန ကွဲသွားလို့ ဖြစ်ပါသည်။ မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်းမှာ နေရင် "မြို့တော်စည်ပင်"၊ အိုးအိမ်ဌာန စီမံခန့်ခွဲတဲ့ မြေမှာဆိုရင် "အိုးအိမ်ဌာန"၊ ကျန်မြို့များမှာဆိုရင် "မြေစာရင်း/လယ်စီအင်း" ဌာနများမှာ ပုံစံ ၁၀၅၊ ၁၀၆ ကို လျှောက် ထားရယူနိုင်ပါသည်။ ( အထက်ပါ အကြောင်းအရာများကို သက်ဆိုင်ရာဉပဒေအကြံပေးများမှ ရေးသားသည်ကို မျှဝေ ဖော်ပြပေးခြင်းသာဖြစ်ပါသည်) ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ အက္ခရာနဲ့ အရောင်ပေါ်မူတည်၍ မြေအမျိုးအစားခွဲခြားနည်း အိမ်နှင့်မြေကွက်များ အမြန်ဆုံး ရောင်းထွက်နည်း ပါမစ်(PERMIT) ဖြင့်ချထားပေးသော မြေကွက်ကို ဝယ်ရာတွင် သတိပြုသင့်သောကိစ္စရပ်များ အိမ် ခြံ မြေ ဝယ်ယူလိုသူများ သတိပြုစရာ စလစ်၊ ပါမစ်၊ ဂရန်မြေကွက်များကို ဝယ်မည်ဆိုလျှင် Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties