By The Kumudra, Shweproperty.com
Updated at 30 July 2015
အိမ်ခြံမြေဈေးကွက်ထဲမှာ အတုနဲ. အစစ်ခွဲရခက်လောက်အောင်တူတဲ့ ဂရန်အတု လုပ်ပြီး ရောင်းချတာတွေ မဖြစ်အောင် အတုနဲ. အစစ်ခွဲခြားလို. ရမယ့် ကျွမ်းကျင်တဲ့ ကောင်တာတစ်ခုုု ဖွင့်ပေးဖို. လိုအပ်တယ်လို. သိရပါတယ်။
မြန်မာနိုင်ငံ အိမ်ခြံမြေအသင်း(ဗဟို)ရဲ. အထွေထွေအတွင်းရေးမှူး ဒေါ်မို.မို.အောင်က ကျွမ်းကျင်တဲ့ ကောင်တာတစ်ခု ဖွင့်ပေးဖို. မေတ္တာရပ်ခံထားတယ်၊ ဘာလို.လဲဆို ဂရန်တွေက ခွဲမရအောင်တူတယ်၊ ပါမစ်လဲခွဲမရအောင် တူတယ်။ ပါမစ်တွေဆို ငါးစောင်၊ ခြောက်စောင် ထွက်တယ်၊ ဂရန်ဆို နှစ်စောင်၊ သုံးစောင်တွေ ဖြစ်နေတယ်၊ အစစ်လိုထင်ရအောင် တော်တော်ကို တူနေတာတွေရှိတယ်’ လို. ပြောပါတယ်။
ဈေးကွက်ထဲမှာ အရောင်းအဝယ်လုပ်ရင်းကြုံတွေ.ရတဲ့ ဂရန်၊ ပါမစ်အတုတွေဟာ တချို.က ခွဲခြားရခက်လောက်တူညီနေတာမျိုးရှိတယ်လို. သိရတယ်။ ထုတ်ပေးတဲ့ သက်ဆိုင်ရာ အိုးအိမ် ဦးစီးဌာနနဲ. YCDCတို.တောင် တစ်ခါတလေ ခွဲရခက်တာမျိုးရှိတာဖြစ်ပါတယ်။ ဝယ်သူတွေအနေနဲ. သေချာစစ်ဆေးပြီး ဝယ်ယူမှသာ ရောင်းမှားဝယ်မှား မကြုံတွေ.ရမှာပါ။
MRESA မှ ပြန်ကြားရေးတာဝန်ခံ ဦးကျော်တင့်က ‘တချို. ဂရန်အတုတွေ က လူကြီးလက်မှတ်လဲ တူတယ်၊ တံဆိပ်တုံးတွေလဲ တူတယ်၊ ဘယ်ဟာအစစ်လဲ ခွဲရခက်တာမျိုးရှိတယ်၊ စစ်မယ်ဆို ပထမဦးဆုံးတုန်းက မှတ်ပုံတင်ထားတဲ့ဟာနဲ. စလစ်မြေ၊ မိသားစုဓာတ်ပုံ၊ ပြောင်းရွှေ.ထားတဲ့ သမိုင်းကြောင်းတွေနဲ. ပြန်တိုက်ကြည့်ပြီး အတု၊ အစစ်ပေါ်သွားတာ ရှိတယ်’ လို. ရှင်းပြပါတယ်။
သည်လိုမျိုးစစ်ဆေးတာတောင် ခွဲရခက်နေရင်တော့ ဥပဒေကြောင်း အရ တရားရုံးမှာ အတုနဲ. အစစ်ခွဲပေးဖို. တောင်းဆိုရမယ်။ ဒါပေမဲ့ အိမ်ခြံမြေလောကထဲမှာတော့ အခုလိုမျိုးအထိ စစ်ဆေးရလောက်တာမျိုး မလုပ်ကြဘူးလို.သိရတယ်။
ဝယ်သူအနေနဲ. ကိုယ်ဝယ်မယ့် မြေကွက်ရဲ. စာရွက်စာတမ်းကအတု၊ အစစ်သိရှိဖို. ကိုယ်ဝယ်တာက အိုးအိမ်ဦးစီးဌာနက ထုတ်တာလား၊ YCDCက ထုတ်ပေးတာလား သိရမယ်။ သက်ဆိုင်ရာ ဌာနမှာ သတ်မှတ်နှုန်းကို တရားဝင် ပေးသွင်းပြီး စစ်ရမှာပါ။ အရောင်းအဝယ်ပြုလုပ်ရာမှာ မလောသင့်ဘူးလို. ပြောပါတယ်။
Ref : The Kumudra
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties