By The Modern, Shweproperty.com
Updated at 26 September 2015
ဂရန်မြေလိမ်လည်မှုတွေမှာတော့ အရောင်းထက် အပေါင်ကိစ္စတွေမှာ အဓိက လိမ်လည်ကြပြီး ပေ ၄၀ × ပေ ၈၀ တစ်ခြံတည်းကို (က)၊ (ခ)က (ခ) တစ်ခြမ်းကို ရောင်းပြီး ဂရန်မိတ္တူ ပေးလိုက်တယ်။ အဲသည်ရောင်းပြီးသား (ခ) အခြမ်းက ဂရန်မိတ္တူကို မူကမြေရှင်က သွားပေါင်တာတွေ ရှိပါတယ်။ သည်လိုပေါင်တဲ့ ကိစ္စမှာ လိမ်လည်တာတွေ ရှိသလို (၁၀) ပေစီခွဲ ရောင်းတဲ့ မြေကွက်ကို ရောင်းချပြီး မြေရှင်က တစ်ဆင့် ရောင်းချတာ တွေလည်း ရှိပါတယ်။
စည်ပင်က တရားဝင်ထုတ်ပေးတဲ့ ဂရန်အစိမ်းကလွဲပြီး ကျန်ရှိတဲ့ ပါမစ်မြေနဲ့ ရိုးရိုးဂရန် အများစုဟာ လိမ်လည်ရ လွယ်ကူပြီး မြေတန်ဖိုးရှိတဲ့ လုံးချင်းမြေကွက်တွေမှာပါ လိမ်လည်တာတွေ ရှိတယ်လို့ သိရပါတယ်။
“ဒီလိုအလိမ်ခံရတာ အများစုက သေချာနားမလည်ဘဲ ဝယ်တဲ့သူတွေ များတယ်၊ တချို့ကျတော့လဲ အယုံလွယ်ပြီး မစစ်ဆေးပဲ ခင်မင်မှုနဲ့ ဝယ်တဲ့သူတွေ အထိများတယ်”လို့ ဥပဒေပညာရှင် ဒေါ်မိုးမိုးက ပြောပါတယ်။
Ref : The Modern
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties