By kumudra, Shweproperty.com
Updated at 8 July 2014
တိုက်ခန်းဝယ်ယူသူ အတွက် မြေပိုင်ဆိုင်ခွင့်စာချုပ်ပါ တစ်ခါတည်းထည့်သွင်းပေးတဲ့ The GEMS Garedn Condominiums ရောင်းချမှု ၇၅ ရာခိုင်နှုန်းအထိ ရှိနေပြီလို့ သိရပါတယ်။
‘အစ်မတို့ဘက်က အခန်းစရောင်းချတာကိုလဲ သက်ဆိုင်ရာဌာနတွေရဲ့ ခွင့်ပြုချက်ရပြီး pile လုပ်ငန်းစတင်တော့မှ လုပ်ဆောင်တယ်၊ ဒါကလဲ ဝယ်ယူသူတွေအတွက် စိတ်ချရမှုတွေနဲ့ ကြန့်ကြာမှုတွေ မဖြစ်ရအောင်လို့ စီစဉ်တာ’ လို့ Capital Development Ltd မှ အကြီးတန်းအရောင်းမြင့်တင်ရေးမန်နေဂျာ မလွင်မာအောင်က ရှင်းပြပါတယ်။
အဆိုပါစီမံကိန်းရဲ့ ဒီဇိုင်းပိုင်းတွေကိုတော့ စင်ကာပူနိုင်ငံ RSP အင်ဂျင်နီယာအဖွဲ့မှ ရေးဆွဲတာဖြစ်ပြီး စီမံခန့်ခွဲမှု အပိုင်းကိုတော့ ဗီယက်နမ်နိုင်ငံ Hoabinh ဆောက်လုပ်ရေးစီမံခန့်ခဲ့အဖွဲ့မှ တာဝန်ယူလုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ဂရန်မြေ အမျိုးအစားဖြစ်ပြီး ၁၂.၈ ဧကပေါ်မှာ တည်ဆောက်နေတာဖြစ်ပါတယ်။ The GEMS Garden Condominiums ဟာအထပ် ၂၁ ထပ်ရှိပြီး အခန်းပေါင်း ၅၈၄ ခန်း ပါဝင်မှာဖြစ်ပါတယ်။
လက်ရှိတည်ဆောက်နေတဲ့ စီမံကိန်း မှာ ရေကူးကန်၊ အားကစားခန်းမ၊ ကလေးရေကူးကန်၊ ကော်ဖီဆိုင်၊ မုန့်ဆိုင်နဲ့ ပွဲကျင်းပနိုင်တဲ့ခန်းမ၊ ဥယျာဉ်ငယ်လေးတွေ ပါဝင်မှာဖြစ်ပါတယ်။ ကားပါကင်က ယာဉ်အစီးရေ ၇၀၀ ကျော်ရပ်နားနိုင်မှာဖြစ်ပါတယ်။ အဓိကအခန်းပုံစံ နှစ်မျိုးရှိပြီး အိပ်ခန်းနှစ်ခန်းပါ 897 sqft အကျယ်အခန်းနဲ့ အိပ်ခန်းသုံးခန်းပါ 1505 sqft အကျယ်အခန်းတို့ဖြစ် ပါတယ်။ အခန်းတွေ အတွက် view နေရာကိုတော့ အင်းလျားကန်၊ လေဆိပ် ၊ City View နဲ့ River View လှိုင်မြစ်ဘက်ကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။ အခန်းတွေရဲ့ ခန့် မှန်းတန်ဖိုးကတော့ 1sqft ကို ကျပ်၂၃၅,၀၀၀ နဲ့ ၂၄၀,၀၀၀ အထိဖြစ်ပါတယ်။
စီမံကိန်းအားလုံးကို Capital Development Limited မှ တာဝန်ယူဆောက်လုပ် တာဖြစ်ပြီး လက်ရှိမှာတော့ The GEMS Garedn Condominiums အတွက် Tower လေးလုံး စတင်ဆောက်လုပ် ရောင်းချထားတာဖြစ်ပြီး ယခုနှစ်ကုန်ပိုင်းမှာတော့ ကျန်ရှိတဲ့ စီမံကိန်းတွေဖြစ်တဲ့ အိမ်ရာစီမံကိန်းတွေ၊ ဝန်ဆောင်မှုဌာန၊ ရှော့ပင်းမောလ်၊ Office Tower တို့ ထပ်မံဆောက်လုပ် သွားမှာဖြစ်ပါတယ်။
‘ကျန်တဲ့စီမံကိန်းအတွက် plan အကုန်လုံးကရနေပြီ၊ ဒါပေမဲ့ အစ်မတို့ကုမ္ပဏီဘက်က လုပ်ငန်းဆောင်ရွက်ခွင့် အားလုံးရမှ စရောင်းမှာ‘ လို့ မလွင်မာအောင်က ပဲရှင်းပြပါတယ်။
စီမံကိန်းအားလုံုး ရန်ကုန်-အင်းစိန် လမ်းမကြီးနဲ့ ပြည်လမ်းကြား သုခမှတ်တိုင် အနီးမှာ လုပ်ဆောင်နေပြီး ကျန်ရှိတဲ့ စီမံကိန်းတွေအတွက် ရောင်းချမှုကိုတော့ လုပ်ငန်းစတင် အကောင်အထည်ဖော် ဆောင်ရွက်မှ ရောင်းချသွားမှာဖြစ်တယ်လို့ သိရပါတယ်။
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties