အိုးပိုင် အိမ်ပိုင်နှင့် ဖြစ်လာအောင် ယတြာ လေးတွေ လုပ်ကြည့်ပါနော်.......


ဗေဒင်မိတ်ဆွေတွေ အိုးပိုင်အိမ်ပိုင်နဲ့ နေလိုတယ်လို့ လာလာပြောကြတာရှိတယ် ။အဲဒီလိုလာပြောရင်တော့ အောက်ကယတြာတွေကို လုပ်ခိုင်းလိုက်ပါတယ်။


ဘုန်းကြီးကျောင်း၊ ဆေးရုံ၊ စာသင် ကျောင်းများဆောက်တဲ့အခါမှာ တတ်နိုင်သလောက်လှူပေးပါ။ဘိုးဘွားရိပ်သာတွေမှာ မိမိတတ်နိုင်သလောက်လှူပေးပါ။


လမ်းဘေးရေအိုးစင်သို့မဟုတ် ဘုန်းကြီး ကျောင်းမှာ သောက်ရေအိုးလှူပေးပါ။အထူးယတြာအနေဖြင့် အောက်ဖေါ်ပြပါ အတိုင်းလည်းလုပ်။ ကိုယ်တိုင်လည်း လုံ့လစိုက်ငွေရှာပေါ့ဗျာ။


ပထမ နည်းလမ်း


အုန်းသီးခွံနှင့်စာကလေးအိမ် ဆောက်လုပ်ရမယ်။ အပြင်ကတော့ အုန်းဆံကြိုးနှင့်ချဉ်ပြီးအိမ်တံစက်မြိတ်မှာတွဲလောင်း ချည်ထားဗျာ။


နေ့တိုင်းတော့ အဲဒီငှက်အိမ်လေးတွေမှာ နေကြတဲ့ ငှက်ကလေးတွေကို အစာကျွေး ကျွေးရင်းနဲ့ ကျွန်ုပ်သည်လည်း အိုးပိုင်အိမ်ပိုင်နှင့် အမြန်နေနိုင်ရပါစေလို့ ဆုတောင်းပေတော့။ ဒါ နံပါတ်(၁) ယတြာပဲ။





ဒုတိယ နည်းလမ်း


ညောင်ပင်ကြီးကြီးတစ်ပင်ကို ရှာ၊အဲဒီ ညောင်ပင်မှာသွားပြီးသန့်ရှင်းရေးတွေ ဘာတွေလုပ်ပြီးရင်နောက်နေ့ကျရင် အဲဒီညောင်ပင်ကြီးမှာရုက္ခဇိုးစင် သွားလှူရမယ်။


လှူတဲ့ ရုက္ခဇိုးစင်မှာလဲ မကြာမကြာသွားပြီး ကောက်ညှင်းပေါင်းတို့ ဖယောင်းတိုင်တို့အမွှေးတိုင်တို့ပန်းတို့တတ်နိုင်သလောက်သွားလှူပြီးရင် ။


ရုက္ခဇိုးနတ်မင်းဆီမှာ အိုးပိုင် အိမ်ပိုင် တစ်လုံးနဲ့အမြန်နေရပါလို၏လို့ ဆုတောင်းရမယ်။ နောက်အောက်က ဂါထာကို ၃၇ ခေါက် နေ့စဉ်ရွတ်ပေးပါ ။


ရုက္ခဇိုးဂါထာတော်


အာကာသဋ္ဌာန ဘူမဋ္ဌာစ ရုက္ခဋ္ဌာစ မဟိဒ္ဓိကာ ဣဒ္ဓိမန္တော စ ယေ ဒေဝါ မံ ပါပေတု ပတိစ္ဆိတံ။


ခုနှစ်ရက် သားသမီး အားလုံးလည်း အိုးပိုင်အိမ်ပိုင်များနဲ့ အဆင်ပြေစွာ နေထိုင်နိုင်ကြပါစေ ကြောင်း အကြံပေးပြီး မေတ္တာပို့သ အပ်ပါတယ် ။


ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ


အိမ်တစ်အိမ်မှာ စီးပွားဥစ္စာ မတက်ရခြင်းနောက်ကွယ်


ဘုမ္မိအရပ်ဆို ဝေးဝေးရှောင် ဧကန်မုချ အကျိုးအောင်


နေအိမ် မျက်နှာမူရာအရပ်ဒေသကို လိုက်၍ ကံဇာတာအနိမ့်အမြင့် ခြားနားပုံ


ဖုန်းရွှေအစီအမံနဲ့ အိမ်အတွင်း ဆောင်ရန်ရှောင်ရန်


Credit : Shwengwegames
Posted By : Sint Sint (ShweProperty.com)