By Ra Wai, Shweproperty.com
Updated at 29 March 2022
“ပစ္စည်းလွဲပြောင်းခြင်းအက်ဥပဒေ “ ကို မြန်မာတစ်နိုင်ငံလုံးတွင် ၁၉၂၂ ခုနှစ်မှာ စတင်၍ အတည်ပြုခဲ့သည်။ ထိုနှစ်မှစ၍ မရွှေ့မပြောင်းနိုင်သော ပစ္စည်းတစ်စုံတစ်ရာကို ပေးကမ်းလိုလျှင် ပစ္စည်းလွှဲပြောင်းခြင်း အက်ဥပဒေ အရ ပြုလုပ်ကြရသည်။ ၎င်းအက်ဥပဒေ ပုဒ်မ ၁၂၂ နှင့် ၁၂၃ အရ မရွှေ့မပြောင်းနိုင်သော ပစ္စည်းကို ပေးကမ်းလိုလျှင် - ၁။ စာချုပ်စာတမ်း ပြုလုပ်ရမည်။ ၂။ အနည်းဆုံး သက်သေနှစ်ယောက် လက်မှတ်ထိုးရမည်။ ၃။ ပစ္စည်းရသူ သို့မဟုတ် ၎င်း၏ကိုယ်စားလှယ်က ပေးကမ်းခြင်းကို သဘောတူ လက်ခံကြောင်း လက်မှတ်ရေး ထိုးရမည်။ ၄။ စာချုပ်ကို မှတ်ပုံတင်ရမည်။ ( မှတ်ပုံတင် အက်ဥပဒေ ပုဒ်မ ၁၇ ) စိန်၊ ရွှေ အစရှိသော ရွှေပြောင်းနိုင်သည့်ပစ္စည်းများကို ပေးကမ်းလျှင် အထက်၌ ဖော်ပြသကဲ့သို့ စာချုပ်စာတမ်း ပြုလုပ်၍ ပေးရန်မလိုပေ။ လက်ရောက်ပေးပါက တည်မြဲခိုင်မာပေသည်။ မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းတစ်ခုခုကို “ ပစ္စည်းလွှဲပြောင်းခြင်းအက် ဥပဒေ” နှင့်အညီ အထက်ပါ အတိုင်း မှတ်ပုံတင်စာချုပ် မပြုလုပ်ဘဲ ပေးကမ်းလျှင် တရားမဝင်။ ပစ္စည်းရသူသည် မှတ်ပုံတင်စာချုပ် မရှိဘဲ ပစ္စည်းကို တောင်းဆိုပိုင်ခွင့်မရှိပေ။ “ မောင်ပုနှင့် ဦးသာဖြေ ( ၁၉၄၈ မတစ ၇၁၇ ) "။ မရွှေ့မပြောင်းနိုင်သောပစ္စည်းကို အထက်၌ ဖော်ပြသကဲ့သို့ စာချုပ်ပြုလုပ်၍ ပေးကမ်းလျှင် လက် ရောက်ပေးအပ်ရန်မလို။ “ ဦးပဏ္ဏဝံ နှင့် ဦးစန္ဒိမာ ( ၂ ရန်ကုန် ၁၃၁) “။ မြန်မာဗုဒ္ဓဘာသာများသည် ဘာသာရေးအတွက် မရွှေ့မပြောင်းနိုင်သောပစ္စည်းကို လှူဒါန်းလျှင်လည်း စာချုပ် စာတမ်းလုပ်ရန် လိုအပ်ကြောင်း စီရင်ထုံးများ၌ တညီတညွတ်တည်း ပြဆိုသည်။ “ ဦးဟန်ထွန်း ပါ ၄ နှင့် ဦးစံမြ ပါ ၁၁ ( ၁၉၉၈ မတစ ၂၈၆ )”။ မိခင်ဖြစ်သူသည် သားသမီးငါးယောက်အနက် သုံးယောက်အား လယ်ယာမြေများကို စာချုပ်ပြုလုပ်၍ ပေသည်။ စာချုပ်တွင် ပေးသူမိခင် သေဆုံးသောအခါ အတည်ဖြစ်ရန်ဆိုသော စည်းကမ်းချက်တစ်ခု ပါရှိသည်။ ထိုစာချုပ်မှာ အပေးဟန်ဆောင်၍ သေတမ်းစာရေးခြင်းမျှဖြစ်သောကြောင့် ပျက်ပြယ်သည် ဟု ဆုံး ဖြတ်သည်။” မသင်းမြိုင် နှင့် မောင်ကြီး ( ၁ ရန်ကုန် ၃၅၁ ) “ ။ ( ဦးမြစိန် ၊ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ အခြေခံမူများ ၊ ၂၀၁၁ ၊ စာ ၂၀၉ ) လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ BOT မြေပေါ်ဆောကိတဲ့တိုက်ခန်းနဲ့ဂရန်မြေပေါ်ဆောက်တဲ့တိုက်ခန်းကွာခြားချက် ဂရန်လျှောက်နိုင်သည့်မြေ ပါမစ်စာရွက်စာတမ်းတွင် အပေါက်များဖောက်ထားပါက သတိပြုနိုင်ရန်အချက် အိမ်ခွန် အမည်ပြောင်း လျှောက်ထားရာတွင် ပါဝင်ရမည့် အချက်အလက်များ Credit By: DVB lawlab Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties