By Myanmar Builders Guide, Shweproperty.com
Updated at 26 June 2019
စေပိုင်ကုမ္ပဏီဥက္ကဋ္ဌ ဦးမောင်ဝိတ်က ရန်ကုန်မြို့ ၏စံပြအဖြစ်တည်ဆောက်သွားမည့် Gonyi Shop House အကြောင်းကို ဇွန် ၂၂ ရက်နေ့၊ ရန်ကုန်မြို့ အထက်ပန်းဆိုးတန်းလမ်းနှင့် မြန်မာ့ဂုဏ်ရည်လမ်းထောင့်ရှိ Gonyi Shop House စီမံကိန်း ရတနာပိုင်တိုင်စိုက်ထူခြင်း အခမ်းအနားတွင် ပြောကြားခဲ့သည်။
၎င်းက”စံပြ Shop House မျိုး ရန်ကုန်မြို့ မှာပေါ်လာစေလိုတဲ့ ဆန္ဒနဲ့ ဒီဂုဏ်ရည်Shop house ကိုဖန်တီးတာပါ။ ဒီလို Shop House မျိုး ဒီဝန်းကျင်မှာ နောက်ထပ်ပေါ် လာဖို့တော့လတ်တလော နည်းနည်းလေး ခက်ပါဦးမယ်။ အဓိကတော့ မြေဧရိယာအလွတ်တွေ အများကြီးထားရှိရတာ ဖြစ်တဲ့အတွက် ဒီလိုမျိုးလုပ်ဆောင်ဖို့ဆို တာမလွယ် ပါဘူး''ဟုပြောသည်။
စီးပွားရေး လုပ်ငန်းများတွင် ယာဉ်အသွား အလာပိတ်ဆို့မှု ( Business Traffic) မဖြစ်ပေါ်စေရန် စီမံကိန်းရှိ Shop House နှစ်တန်းကြား၌ အတွင်း ကားပတ်လမ်း ထည့်သွင်းစီစဉ်ပေးထားကြောင်း သိရသည်။
ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကလည်း ယင်းအခမ်းအနားတွင် “အဆောက်အအုံများ တည်ဆောက်ရာတွင် အများပြည်သူ ဝင်ထွက်သွားလာမှု လွယ်ကူရေးအတွက် ဆောင်ရွက်ပေးခြင်းသည် နှစ်ဦးနှစ်ဖက်အကျိုးရှိကြောင်း၊အရင်က အဆောက်အအုံများတည်ဆောက်ရာမှာ အဆောက်အအုံတွေဟာ ပလက်ဖောင်းနဲ့ကပ် ပြီး အမြင့်ကြီးတွေ ဆောက်တယ်။ အခုနောက်ပိုင်းတော့ ဆောက်လုပ်ရေးလုပ်ငန်းရှင် Developer တွေဘက်က ကိုယ့်အဆောက်အအုံ ကို ပြည်သူလူထုတွေ ပိုပြီးဝင်ထွက်သွားလာနိုင်ပြီး အခွင့်အ လမ်းပိုရှိအောင် ကြိုးစားလာပြီး ဒီကြိုးစားမှုဟာ နှစ်ဖက်စလုံးအတွက် အကျိုးရှိပါတယ်။ ပြည်သူတွေအတွက် အကျိုးရှိသလိုလုပ်ငန်းရှင်တွေအတွက်လည်း အကျိုးရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ လူထုနဲ့နီးတဲ့လုပ်ငန်း တွေဟာ လုပ်ငန်းရှင်တွေအတွက်လည်း နှစ်သက်စရာ ဖြစ်ပါကြောင်း ရန်ကုန်အိမ်ခြံဈေး ကွက်တည်ငြိမ်ဖွံ့ဖြိုးရေး အတွက်လည်း တိုင်းအစိုးရအနေဖြင့် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း”၎င်းက ပြောထားပါသေးသည်။
Shop House များမှာ လူနေဆိုင်ခန်းအမျိုးအစားဖြစ်ပြီး စုစုပေါင်း (၁၇) လုံးတည်ဆောက်ကာ Ground Floor အပါအဝင် (၅) ထပ်ပါရှိမည်ဖြစ်ပြီး Basement ကားပါကင်များလည်း ပါဝင်မှာဖြစ်သည်။၂၄ လ အရစ်ကျ ငွေပေးချေမှုနဲ့ ဝယ်နိုင်မှာဖြစ်သည်။၂ဝ၂၁ ခုနှစ် နှစ်ဆန်းပိုင်းတွင် အဆောက်အအုံများ ဆောက်လုပ်ပြီးစီးပါက ဝယ်ယူသူများထံလွှဲပြောင်း ပေးရန်လျာထားကြောင်း သိရသည်။အချို့သော Shop House များသည် မြေယာ ပိုင်ဆိုင်မှုပင်ရှိကြောင်း သိရပါသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties