By Sint Sint, Shweproperty.com
Updated at 20 October 2020
ကိုယ့်ရဲ့အိမ်လေးထဲမှာ အပင်သေးသေးလေးတွေကို ပန်းအိုးလေးနဲ့ စိုက်ပျိုးထားတာက တကယ့်ကို ချစ်စရာကောင်းပြီး အိမ်ထဲမှာ လေကောင်းလေသန့်ပိုရနိုင်ပါတယ်။ ဒီလိုမျိုး အပင်လေးတွေကို အိမ်ထဲမှာပဲဖြစ်ဖြစ်၊ အလုပ်စားပွဲမှာပဲဖြစ်ဖြစ် ပန်းအိုးသေးသေးလေးနဲ့ စိုက်ထားခြင်းအားဖြင့် စိတ်ဖိစီးမှုကို လျော့ကျစေပြီး ကျန်းမာရေးကို အထောက်အကူပြုစေပါတယ်နော်။ ကိုယ့်ရဲ့အိမ်ထဲမှာ စိုက်ပျိုးထားသင့်တဲ့ ပန်းပင်လေးတွေကို ဝေမျှပေးလိုက်ပါတယ်နော်။
Jasmine
စံပယ်ပန်းအနံ့လေးရလိုက်တာနဲ့ စိတ်ကိုကြည်လင်လန်းဆန်းသွားတတ်ကြတယ်ဟုတ်။ ဒီစံပယ်ပန်းပင်လေးတွေကို ကိုယ့်ရဲ့ အိမ်ထဲမှာ စိုက်ပျိုးထားခြင်းက စိတ်ဖိစီးမှုကို လျော့ချပေးပြီး စိတ်ကိုကြည်လင်လန်းဆန်းစေပါတယ်။ နောက်ပြီး ရောဂါခုခံနိုင်စွမ်းကို တိုးမြင့်ပေးပြီးတော့ ကိုယ်ခံအားကို ကောင်းမွန်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်အိမ်ထဲမှာ စံပင်ပန်းအိုးလေးတစ်အိုးလောက်တော့ ထားသင့်ပါတယ်နော်။
Spider plant
ဒီ spider plant ပင်လေးကို အိမ်တော်တော်များများမှာ အလှစိုက်ထားတာကို တွေ့ဖူးပါတယ်။ ဒီအပင်ကို ကိုယ့်အိမ်တွင်းမှာ စိုက်ပျိုးခြင်းအားဖြင့် carbon monoxide လိုမျိုး အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတ်တွေကို သန့်စင်ပေးပါတယ်။ ဒီအပင်သေးသေးလေးတွေဟာ စိုက်ပျိုးရလည်းလွယ်ကူသလို အိမ်ရဲ့လေကောင်းလေသန့်ရရှိမှုကို ကူညီတဲ့အတွက် အိမ်ထဲမှာ စိုက်ပျိုးထားသင့်တဲ့ အပင်ပဲဖြစ်ပါတယ်။
Peace Lily
Peace Lily ပန်းပွင့်တွေကို အလှပန်းအိုးထိုးတဲ့အခါမှာ အများဆုံးအသုံးပြုတတ်ကြပြီး အရမ်းကိုလှပလွန်းတဲ့ နွေရာသီနဲ့လိုက်ဖက်မှုရှိလှတဲ့ အဖြူရောင်ပန်းပွင့်တွေ ဖြစ်ပါတယ်။ ဒီပန်းပင်လေးတွေကို အိမ်တွင်းမှာ စိုက်ပျိုးေပေးသင့်ပြီး အဆိပ်အတောက်ဖြစ်စေတဲ့ လေတွေ၊ ammonia အစရှိတဲ့ လူအတွက် အန္တရာယ်ဖြစ်စေတဲ့ ဓာတ်ငွေ့တွေကို ဖယ်ရှားပေးပါတယ်။ သတိထားရမှာ တစ်ခုက အဲဒီ့ပန်းပင်လေးတွေဟာ ဝတ်မှုန်တွေကို ထုတ်လွှတ်တတ်ကြတဲ့အတွက် ပန်းဝတ်မှုန်တွေနဲ့ ဓာတ်မတည့်သူတွေအတွက် သတိထားသင့်ပါတယ်။
Snake plant
အောက်စီဂျင်ပင်လို့ အများကခေါ်တတ်ကြတဲ့ ဒီအပင်ကို အိမ်ရဲ့အိပ်ခန်းထဲမှာ စိုက်ပျိုးပေးသင့်တဲ့ အပင်ဖြစ်ပါတယ်။ ဒီအပင်ဟာ များစွာသောအဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်စွမ်းရှိပြီး အောက်စီဂျင်များစွာ ထုတ်ပေးပါတယ်။ Sneak plant ကိုနေရောင်ခြည်တိုက်ရိုက်မထိတွေ့တဲ့ နေရာမျိုးမှာသာ စိုက်ပျိုးပေးသင့်ပါတယ်။
Aloe Vera
ကျန်းမာရေးအတွက်ရော အလှအပရေးရာအတွက်ပါ အရမ်းကို အသုံးဝင်တဲ့ ရှားစောင်းလက်ပတ်ပင်ကို အိမ်တွင်းမှာ စိုက်ပျိုးထားသင့်ပါတယ်။ ရှားစောင်းလက်ပတ်ဟာ အပူလောင်တာ၊ နေလောင်တာ၊ အရေပြားယားယံတာတွေနဲ့ အအေးမိလို့ လည်ချောင်းနာတာတွေအတွက် ကောင်းမွန်စေနိုင်လို့ ကိုယ့်ရဲ့အိမ်မှာ စိုက်ပျိုးထားသင့်တဲ့ အပင်ဖြစ်ပါတယ်။
လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ
ကျန်းမာရေးကို ထင်မထားလောက်အောင်ထိခိုက်စေနိုင်တဲ့ အိမ်တိုင်းမှာရှိတတ်တဲ့အရာ(၅)မျိုး
သင့်အိမ်ထဲမှာ အညံ့တွေကင်းစင်ချင်ရင် လုံးဝမထားသင့်တဲ့ ပစ္စည်း (၅) မျိုး
ခြင်ပြေးစေဖို့ အိမ်ထဲမှာထားသင့်တဲ့ အပင်လေး (၅) ပင်အကြောင်း
အိမ်မှာ ခြင်ဆေးခွေ ၊ အမွေးတိုင်တွေ အသုံးပြုရင် မဖြစ်မနေသိထားသင့်တဲ့အချက်များ
Credit : Aunty May
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties